အမေရိကန်ကတောင်ကိုရီးယားဝေဟင်တွင်B-2လေယာဉ်များ ပျံသန်းပြခဲ့သည့်နောက် မြောက်ကိုရီးယား
အမေရိကန်သည် ၎င်းတို့ အလွန်အားထားပြီး
အရေးပါလွန်းသည့် စစ်ဆင်ရေးများတွင်သာ အသုံးပြုလေ့ ရှိ
သည့် မဟာဗျူဟာမြောက်
ကိုယ်ပျောက် ဗုံးကြဲ တိုက်လေယာဉ်ကြီးများကို မဟာမိတ် နိုင်ငံ၏ ဝေဟင်တွင်
ပျံသန်းပြခြင်းဖြင့် တောင်ကိုရီးယား၏ အိမ်နီးချင်း ပြိုင်ဘက်တို့ကို
ခြိမ်းခြောက်ပြခဲ့သည်။
အမေရိကန်
ကာကွယ်ရေး ဝန်ကြီးဌာနကလည်း B-2များကို တောင်ကိုရီးယားတွင်
စစ်ရေးလေ့ကျင့်မှု ကဏ္ဍ
အတွင်း ထည့်သွင်း ပျံသန်းစေခဲ့ကြောင်း အတည်ပြုခဲ့သည်။
အမေရိကန်သည် မကြာသေးမီကမှလည်း B-52 ဗုံးကြဲလေယာဉ်ကြီးများကို ကိုရီးယား ကျွန်းဆွယ်ပေါ်တွင်
ဖြတ်ကျော် ပျံသန်း ပြခဲ့သေးသည်။
Planet Myanmar Network,Rangonnewsdaily
Kolatt(PBDN):29.3.2013

0 comments:
Post a Comment