Pages

Friday, March 29, 2013

မြောင်းမြမြို့နယ် ပမ္မဝတီ တံတား ဆိုင်းကြိုး တစ်ချောင်း ပြတ်တောက်

ဧရာဝတီတိုင်း ဒေသကြီး မြောင်းမြမြို့နယ် ကျုံသွပ် ကျေးရွာအနီး ပမ္မဝတီ တံတား၏ဆိုင်းကြိုး တစ်ချောင်း မတ် ၂၆ ရက် က ပြတ်တောက်၍ နှစ်တန်အောက် ကားများသာ ဖြတ်သန်းခွင့် ပြုကြောင်း သိရသည်။ အဆို
ပါ ကြိုးတံတားသည် မြောင်းမြမြို့နယ် ကျုံသွပ် ကျေးရွာအနီး ပမ္မဝတီ တံတား အရှည်ပေ ၁၂၆ဝ ၌ မြောင်းမြ
ဘက်မှ ပုသိမ်ဘက်သို့ အသွား တံတားတိုင်မကြီးမှ ပေ ၆ဝဝ ခန့်အကွာ ယာဘက်ခြမ်းရှိ
တံတား ဆိုင်းကြိုးနှင့် ကြမ်းပြင်ကိုဆွဲထားသည့်၁၂ ချောင်းမြောက်တစ်လက်မခွဲ ပတ်လည်အရွယ် သံချောင်း
မှာသံချေးတက်မှုကြောင့် မတ် ၂၆ ရက် နံနက် ၉ နာရီ မိနစ် ၂ဝ က ပြတ်တောက် သွားခဲ့သည်။ တံတား ကြိုး
 ပြတ်တောက်မှုကို တိုင်းဒေသကြီး ဆောက်လုပ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာ ဦးမြင့်ကြည်နှင့် အဖွဲ့က လုပ်
ငန်း ဆောင်ရွက်နေချိန် အတွင်း နှစ်တန်အောက် ကားများသာ ဖြတ်သန်း မောင်းနှင်ခွင့် ပြုကြောင်း သိရ
သည်။

မြ၀တီ, Rangonnewsdaily
Kolatt(PBDN):29.3.2013

0 comments:

Post a Comment