Pages

Friday, March 29, 2013

ပဲခူးတိုင်း အနောက်ဘက်ခြမ်း (မတ်လ ၂၉ ရက်နေ့ နံနက် ၁၁ နာရီ အခြေအနေ)


ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ဇီးကုန်းမြို့နယ်နှင့် ကြို့ပင်ကောက် မြို့နယ်တို့၏ မတ်လ ၂၉ ရက်နေ့ နံနက်ပိုင်း အခြေအနေမှာ တည်ငြိမ်လျက်ရှိပြီး လွန်ခဲ့သော ပဋိပက္ခ ဖြစ်ပွားခဲ့သည့် နေ့များထက် ဒေသခံများ သွားလာလှုပ်ရှားမှု ပိုမို များပြားလျက်ရှိကြောင်း Eleven Media Group သတင်းထောက်၏ ပြောကြားချက်အရ သိရသည်။ သို့ရာတွင် ဇီးကုန်းမြို့ဈေးကြီးမှာ ယခင်က ညနေ ၅ နာရီတွင် ပိတ်သိမ်းသော်လည်း ယနေ့တွင် မွန်းတည့် ၁၂ နာရီတွင် ပိတ်သိမ်းသွားမည် ဖြစ်ကြောင်းနှင့် ကြို့ပင်ကောက် မြို့မဈေးကြီးမှာ ယခင်က ညနေ ၆ နာရီတွင် ပိတ်သိမ်းသော်လည်း ယနေ့တွင် မွန်းလွဲ ၃ နာရီမှ စတင် ပိတ်သိမ်း သွားမည်ဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ မြို့နှစ်မြို့တွင် ပြန်လည်တည်ငြိမ်နေပြီ ဖြစ်သောကြောင့် လုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများ၏ အင်အားလျော့ချ၍ လုံခြုံရေးတာဝန် ဆက်လက် ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။
 
Eleven Media Group:, Rangonnewsdaily
Kolatt(PBDN):29.3.2013

0 comments:

Post a Comment