Pages

Friday, March 29, 2013

ရိုးရာအနုပညာရှင်များအတွက် အမြင့်ဆုံးဆုဖြစ်သည့် “Prince Claus Award”ကို လူရွှင်တော်ဇာဂနာ ရရှိ

ရိုးရာအနုပညာရှင်များအတွက် အမြင့်ဆုံးဆုဖြစ်သည့် “Prince Claus Award”ကို လူရွှင်တော်ဇာဂနာ ရရှိ
Friday, March 29, 2013

နိုင်ငံတကာမှ ရိုးရာအနုပညာရှင်များအတွက်သတ်မှတ်ကာဆုချီးမြှင့်သည့် “Prince Claus Award”ဆုကို  မြန်မာနိုင်ငံမှ လူရွှင်တော်ဇာဂနာမှ ရရှိပြီးမတ်
လ ၂၇ ရက်နေ့တွင်ကျင်းပသော မြပုဏ္ဏမာအငြိမ့်ပွဲတွင် နယ်သာလန်နိုင်ငံ Prince Claus Award ဆုချီးမြှင့်ရေးအဖွဲ့မှ လာရောက် ပေးအပ်ခဲ့သည်။

“Prince Claus Award ဆိုတာ နိုင်ငံတကာမှာရှိတဲ့ အနုပညာရှင်တွေထဲကမှ မိမိတို့နိုင်ငံရဲ့  ရိုးရာအမွေအနှစ် အနုပညာတွေကို ကမ္ဘာက သိ အောင် ဖော်
ထုတ်ပေးတဲ့ သူတွေကို အဓိကထားပြီး ပေးအပ်တဲ့ဆုပါ။ Prince Claus Award ရဲ့ ရည်ရွယ်ချက်ကိုက ရိုးရာအနုပညာ အမွေ အနှစ်တွေကို ထိန်း
သိမ်းပြီး တိုးတက်အောင် လုပ်ဆောင်ပေးဖို့ ဖြစ်ပါတယ်”ဟု Prince Claus Award ဆုချီးမြှင့်ရေးအဖွဲ့မှ တာဝန်ရှိသူတစ် ဦးက ပြောကြားသည်။

“ကျွန်တော် ဒီဆုကို လက်ခံရရှိတဲ့အတွက် အရမ်းကို ဂုဏ်ယူမိပါတယ်။ ဒီPrince Claus Awardဆုက နိုင်ငံတကာမှာရှိတဲ့ ရိုးရာအနုပညာရှင်
တွေအတွက် ပေးအပ်တဲ့ အမြင့်ဆုံးဆုပဲ ဖြစ်ပါတယ်။ ဒီPrince Claus Awardဆုကို မြန်မာနိုင်ငံမှာ ပထမဦးဆုံး ရရှိခဲ့တာကတော့ ကဗျာဆရာ
ကြီး တင်မိုး ဖြစ်ပါတယ်။ 

သူဟာ အမေရိကန်နိုင်ငံမှာ နေထိုင်ရင်း ဒီဆုကို ရရှိခဲ့တာပါ။ ကျွန်တော်လည်း ဒီရိုးရာအနုပညာရှင်တွေအတွက် အမြင့်ဆုံး
ဖြစ်တဲ့ Prince Claus Awardကို မြန်မာနိုင်ငံသားတစ်ယောက် 
အနေနဲ့ရရှိတဲ့အတွက် အရမ်းကိုဂုဏ်ယူပါတယ်”ဟု လူရွှင်တော် ဇာဂနာက ပြောကြားသည်။

“ဇာဂနာကို ဒီရိုးရာအနုပညာရှင်ဆုကို ပေးရတာကတော့ ဇာဂနာက အမြဲတမ်း အမှန်တရားတွေကို ရယ်စရာဟာသတွေနဲ့ ပြောတယ်။ သူရဲ့  ဟာသတွေက လူတွေကို ရယ်မောစေတယ်။  တွေးစရာတွေ ပေးတယ်။ သူပြောတဲ့ ဟာသတွေကို လူတွေ အမြဲတမ်းမှတ်မိနေအောင် လုပ်နိုင် တယ်”ဟု နယ်သာလန်နိုင်ငံမှ  ဆုချီးမြှင့်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်
ဦးက ပြောကြားသည်။

Prince Claus Awardဆုကိုနယ်သာလန်နိုင်ငံမှ နှစ်စဉ် ဆုချီးမြှင့်ခြင်းဖြစ်
ပြီး ရိုးရာအနုပညာနှင့် သတ်ဆိုင်သော နယ်ပယ် ၁၁ ခု မှ ထူးချွန်သူ များကို ပေးအပ်လေ့ရှိသော အမြင့်ဆုံးဆု တစ်ခုဖြစ်ကြောင်း သိရသည်။

ဆုဝေ
The Myanma Age
ွှ

Friday, March 29, 2013

နိုင်ငံတကာမှ ရိုးရာအနုပညာရှင်များအတွက်သတ်မှ်ကာဆုချီးမြှင့်သည့် “Prince Claus Award”ဆုကို မြန်မာနိုင်ငံမှ လူရွှင်တော်ဇာဂနာမှ ရရှိပြီးမတ် လ ၂၇ ရက်နေ့တွင်ကျင်းပသော မြပုဏ္ဏမာအငြိမ့်ပွဲတွင် နယ်သာလန်နိုင်ငံ Prince Claus Award ဆုချီးမြှင့်ရေးအဖွဲ့မှ လာရောက် ပေးအပ်ခဲ့သည်။ “Prince Claus Award ဆိုတာ နိုင်ငံတကာမှာရှိတဲ့ အနုပညာရှင်တွေထဲကမှ မိမိတို့နိုင်ငံရဲ့  ရိုးရာအမွေအနှစ် အနုပညာတွေကို ကမ္ဘာက သိ အောင် ဖော် ထုတ်ပေးတဲ့ သူတွေကို အဓိကထားပြီး ပေးအပ်တဲ့ဆုပါ။ Prince Claus Award ရဲ့ ရည်ရွယ်ချက်ကိုက ရိုးရာအနုပညာ အမွေ အနှစ်တွေကို ထိန်း သိမ်းပြီး တိုးတက်အောင် လုပ်ဆောင်ပေးဖို့ ဖြစ်ပါတယ်”ဟု Prince Claus Award ဆုချီးမြှင့်ရေးအဖွဲ့မှ တာဝန်ရှိသူတစ် ဦးက ပြောကြားသည်။

“ကျွန်တော် ဒီဆုကို လက်ခံရရှိတဲ့အတွက် အရမ်းကို ဂုဏ်ယူမိပါတယ်။ ဒီPrince Claus Awardဆုက နိုင်ငံတကာမှာရှိတဲ့ ရိုးရာအနုပညာရှင် တွေအတွက် ပေးအပ်တဲ့ အမြင့်ဆုံးဆုပဲ ဖြစ်ပါတယ်။ ဒီPrince Claus Awardဆုကို မြန်မာနိုင်ငံမှာ ပထမဦးဆုံး ရရှိခဲ့တာကတော့ ကဗျာဆရာ ကြီး တင်မိုး ဖြစ်ပါတယ်။

သူဟာ အမေရိကန်နိုင်ငံမှာ နေထိုင်ရင်း ဒီဆုကို ရရှိခဲ့တာပါ။ ကျွန်တော်လည်း ဒီရိုးရာအနုပညာရှင်တွေအတွက် အမြင့်ဆုံး ဖြစ်တဲ့ Prince Claus Awardကို မြန်မာနိုင်ငံသားတစ်ယောက်
အနေနဲ့ရရှိတဲ့အတွက် အရမ်းကိုဂုဏ်ယူပါတယ်”ဟု လူရွှင်တော် ဇာဂနာက ပြောကြားသည်။

“ဇာဂနာကို ဒီရိုးရာအနုပညာရှင်ဆုကို ပေးရတာကတော့ ဇာဂနာက အမြဲတမ်း အမှန်တရားတွေကို ရယ်စရာဟာသတွေနဲ့ ပြောတယ်။ သူရဲ့  ဟာသတွေက လူတွေကို ရယ်မောစေတယ်။ တွေးစရာတွေ ပေးတယ်။ သူပြောတဲ့ ဟာသတွေကို လူတွေ အမြဲတမ်းမှတ်မိနေအောင် လုပ်နိုင် တယ်”ဟု နယ်သာလန်နိုင်ငံမှ ဆုချီးမြှင့်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်
ဦးက ပြောကြားသည်။

Prince Claus Awardဆုကိုနယ်သာလန်နိုင်ငံမှ နှစ်စဉ် ဆုချီးမြှင့်ခြင်းဖြစ် ပြီး ရိုးရာအနုပညာနှင့် သတ်ဆိုင်သော နယ်ပယ် ၁၁ ခု မှ ထူးချွန်သူ များကို ပေးအပ်လေ့ရှိသော အမြင့်ဆုံးဆု တစ်ခုဖြစ်ကြောင်း သိရသည်။

ဆုဝေThe Myanma Age
Rangonnewsdaily
Kolatt(PBDN):29.3.2013

0 comments:

Post a Comment