Pages

Friday, March 29, 2013

မိတ္ထီလာမြို့နှင့် ပဲခူးတိုင်းအနောက်ခြမ်းရှိ ဘာသာရေးလူမျိုးရေး အကြမ်းဖက်မှု ပဋိပက္ခတွင် အကြမ်းဖက်သူ ၆၈ဦးကို ဖမ်းဆီးမိထားဟု ရဲတပ်ဖွဲ့ကြေညာ

မိတ္ထီလာမြို့နှင့် ပဲခူးတိုင်းအနောက်ခြမ်းရှိ ဘာသာရေးလူမျိုးရေး အကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်ခဲ့သူ ၆၈ယောက်ကို ဖမ်းဆီး ထိန်းသိမ်းထားပြီး ၁၅ဦးကို မသင်္ကာမှုဖြင့် စစ်ဆေးနေ ဆဲဖြစ်ကြောင်း မြန် မာနိုင်ငံရဲတပ်ဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။ အကြမ်းဖက် ပဋိပက္ခများကြောင့် ၄၂ဦး သေဆုံးခဲ့ပြီး လူနေအိမ် ၁၂ဝဝကျော်၊ ဗလီ ၃၇လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး ဈေးဆိုင် ၇၇ခုလည်း ပျက်စီးခဲ့သည်ဟု မတ်လ ၂ဝရက်နေ့မှ ၂၈နေ့အထိ ရရှိသော စာရင်းများကို ထုတ်ပြန်ထားသည်။

ပြည်သူများ၏ အသက်အိုးအိမ်ကို ကာကွယ်ရန် ပြည်သူ့ ရဲတပ်ဖွဲ့များအနေဖြင့် ထိထိရောက်ရောက် ကိုင်တွယ်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မတ်လ ၂၈ရက်နေ့ည မိန့်ခွန်းတွင် ပြောဆိုခဲ့ပြီး ပဋိပက္ခဖြစ်ပွားအောင် သွေးထိုးလှုံ့ဆော်သူတွေ၊ နိုင်ငံရေးစီးပွားရေး ကိုယ်ကျိုးစီးပွားအတွက် အသုံးချနေသူတွေကို အင်အားသုံး နှိမ်နင်း သွားဖို့လည်း ပြောဆိုခဲ့သည်။

သမ္မတဦးသိန်းစိန်၏ မိန့်ခွန်းအား အမေရိကန်ပြည်ထောင်စုက ကြိုဆိုလိုက်ပြီး နိုင်ငံသားတွေကို ကာကွယ်ရာမှာ အင်အားသုံးဖြေရှင်း သည့်နည်းလမ်းကို နောက်ဆုံးအခြေအနေကျမှ အသုံးပြုလိုကြောင်း ပြော ဆိုခဲ့မှုအပေါ် လုံခြုံရေးအရ ဆောင်ရွက်ရာတွင် လူ့အခွင့်အရေး ချိုးဖောက် မှုတွေ မဖြစ်စေဖို့၊ လူ့အခွင့်အရေးကို အကာအကွယ်ပေးဖို့လည်း အမေရိကန်ပြည်ထောင်စုက တိုက်တွန်းခဲ့သည်။

 ကမာရွတ်မီဒီယာ
, Rangonnewsdaily
Kolatt(PBDN):29.3.2013

0 comments:

Post a Comment