Pages

Friday, March 29, 2013

စောင့်ကြည့် သတိထားရမည့် ရန်ကုန်အခြေအနေ

စောင့်ကြည့် သတိထားရမည့် ရန်ကုန်အခြေအနေ
==============
မတ်လ ၂၉၊ ၂၀၁၃
M-Media
သတင်း - ဆူးထက်

ပျံလွန်တော်မူသွားသော မစိုးရိမ် ကျောင်းတိုက်မှ ဆရာတော် ကိုရည်စူး၍ ဆုတောင်းပွဲတစ်ရပ်ကို (၂၉)ရက်၊ သောကြာနေ့ နေ့လည် ၁၂း၃၀ အချိန်တွင် ရန်ကုန်မြို့ မြို့တော်ခန်းမအနီး ဆူးလေစေတီတော်တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ထိုဆုတောင်းပွဲကို ဦးဝီရသူ တက်ရောက်မည် ဖြစ်ကြောင်းသတင်းရရှိသည်။ 

ထိုအတူ လက်ပတောင်းတောင် ကြေးနီ စီမံကိန်း အရေး ဆန္ဒပြပွဲ တရပ်ပြုလုပ်ရန်ခွင့်ပြုချက် ရထားပြီးဖြစ်ကြောင်း သိရသည်။  ညနေ (၄း၀၀) နာရီတွင် ဆန္ဒပြပွဲကိုပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။ 

သို့ပါ၍ အစ္စလာမ်ဘာသာဝင် မိဘပြည်သူများ အနေဖြင့် ဂျွမ္မာအချိန်(သောကြာနေ့ဘုရားဝတ်ပြုချိန်)နှင့် အချိန်ကိုက်ဖြစ်နေသည်ကို သတိမူစေလိုကြောင်း၊ ရန်ကုန်မြို့တွင် ဆူပူအကြမ်းဖက်မှုဘက်သို့ ဦးတည်လာနိုင်သည်ကို သတိထားရမည် ဖြစ်ကြောင်း၊ အစ္စလာမ်ဘာသာဝင်များ အနေဖြင့် ၎င်းအနီးတ၀ိုက်မှ ရှောင်ကြဉ်ကြစေလိုကြောင်း၊ မိဘများ အနေဖြင့် မိမိသား သမီးများကို အိမ်ထဲတွင်သာ ထားရှိစေလိုကြောင်း၊ ပြဿနာဖြစ်စေနိုင်မည့် အရေးများမှ အတတ်နိုင်ဆုံး ကာကွယ် စောင့်ရှောက်ကြရန် တစ်ဦးချင်းစီမှာ တာဝန် ရှိကြောင်း၊ မိမိတစ်ဦးတစ်ယောက်ကြောင့် အစ္စလာမ်ဘာသာဝင်များ၏ အသက် အိုးအိမ်ကို မထိခိုက် မပျက်ဆီးစေရန် နေထိုင်ပြောဆိုသင့်ကြောင်း ကို ပန်းပဲတန်းမြို့နေ ပြည်သူတစ်ဦးမှ M-Media ကို ပြောပြလာပါသည်။

ဓါတ်ပုံ- Eleven Media
မတ်လ ၂၉ ရက် နံနက် ၁ နာရီခန့်က ရဲတပ်ဖွဲ့ဝင်များ အဓိကရုဏ်းနှိမ်နင်းရေး လေ့ကျင့်နေစဉ်
မတ်လ ၂၉ ရက် နံနက် ၁ နာရီခန့်က ရဲတပ်ဖွဲ့ဝင်များ အဓိကရုဏ်းနှိမ်နင်းရေး လေ့ကျင့်နေစဉ်
မတ်လ ၂၉၊ ၂၀၁၃

ပျံလွန်တော်မူသွားသော မစိုးရိမ် ကျောင်းတိုက်မှ ဆရာတော် ကိုရည်စူး၍ ဆုတောင်းပွဲတစ်ရပ်ကို (၂၉)
ရက်၊ သောကြာနေ့ နေ့လည် ၁၂း၃၀ အချိန်တွင် ရန်ကုန်မြို့ မြို့တော်ခန်းမအနီး ဆူးလေစေတီတော်တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ထိုဆုတောင်းပွဲကို ဦးဝီရသူ တက်ရောက်မည် ဖြစ်ကြောင်းသတင်းရရှိသည်။
ထိုအတူ လက်ပတောင်းတောင် ကြေးနီ စီမံကိန်း အရေး ဆန္ဒပြပွဲ တရပ်ပြုလုပ်ရန်ခွင့်ပြုချက် ရထားပြီးဖြစ်
ကြောင်း သိရသည်။ ညနေ (၄း၀၀) နာရီတွင် ဆန္ဒပြပွဲကိုပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

သို့ပါ၍ အစ္စလာမ်ဘာသာဝင် မိဘပြည်သူများ အနေဖြင့် ဂျွမ္မာအချိန်(သောကြာနေ့ဘုရားဝတ်ပြုချိန်)နှင့် အချိန်ကိုက်ဖြစ်နေသည်ကို သတိမူစေလိုကြောင်း၊ ရန်ကုန်မြို့တွင် ဆူပူအကြမ်းဖက်မှုဘက်သို့ ဦးတည်
လာနိုင်သည်ကို သတိထားရမည် ဖြစ်ကြောင်း၊အစ္စလာမ်ဘာသာဝင်များအနေဖြင့်၎င်းအနီးတ၀ိုက်မှ ရှောင်
ကြဉ်ကြစေလိုကြောင်း၊ 
 
မိဘများ အနေဖြင့် မိမိသား သမီးများကို အိမ်ထဲတွင်သာ ထားရှိစေလိုကြောင်း၊ ပြဿနာဖြစ်စေနိုင်မည့် အ
ရေးများမှ အတတ်နိုင်ဆုံးကာကွယ် စောင့်ရှောက်ကြရန် တစ်ဦးချင်းစီမှာ တာဝန် ရှိကြောင်း၊ မိမိတစ်ဦးတစ်
ယောက်ကြောင့် အစ္စလာမ်ဘာသာဝင်များ၏ အသက် အိုးအိမ်ကို မထိခိုက် မပျက်ဆီးစေရန် နေထိုင်ပြော
ဆိုသင့်ကြောင်း ကို ပန်းပဲတန်းမြို့နေ ပြည်သူတစ်ဦးမှ M-Media ကို ပြောပြလာပါသည်။
M-Mediaသတင်း - ဆူးထက်,Rangonnewsdaily
Kolatt(PBDN):29.3.2013

0 comments:

Post a Comment