Pages

Friday, November 2, 2012

ဥရောပသို့ ပြောင်းရွှေ့ကစားမည် မဟုတ်သေးကြောင်း နေမာ ထုတ်ဖော်ပြောကြား

ဥရောပသို့ ပြောင်းရွှေ့ကစားမည် မဟုတ်သေးကြောင်း နေမာ ထုတ်ဖော်ပြောကြား

မိမိအနေဖြင့် ဘရာဇီးလ်တွင်သာ ဘောလုံးဆက်ကစားနေမည် ဖြစ်ပြီး ဥရောပသို့ ခြေမဆန့်သေးဟု နေမာက ထုတ်ဖော် ပြောဆိုသွားခဲ့သည်။ ဆန်းတို့စ်အသင်း၏ အသက်(၂၀)အရွယ် ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်မှူးလေးက မန်ချက်စတာ စီးတီးနှင့် ချယ်လ်ဆီးတို့ကဲ့သို့ အင်္ဂလန် ကလပ်များသို့ ပြောင်းရွှေ့နိုင်ကြောင်း သတင်းများအား ယခုစကားဖြင့် ပယ်ချသွားခြင်း ဖြစ်သည်။

neymar

စပိန်ကလပ်များဖြစ်သည့် ဘာစီလိုနာနှင့်ရီးယဲလ်မက်ဒရစ်တို့ကလည်း နေမာကို ခေါ်ယူရန်အပြိုင် ကြိုးပမ်း
နကြသည်။ သို့သော်လည်း ကစားသမား ကိုယ်တိုင်ကမူ (၂၀၁၄)ခုနှစ်၊ဘရာဇီးလ်ကမ္ဘာ့ဖလား ပြိုင်ပွဲ အပြီး
ထိ မွေးရပ်မြေတွင်ပင် ဆက်ကစားဖွယ် ရှိနေသည်။

နေမာက တစ်နေ့တွင် ဥရောပ ထွက်ကစားမည် ဖြစ်သော်လည်းယခုအချိန်တွင်ယင်းကိစ္စကို မစဉ်းစားသေး
ဟု ဆိုသည်။

မန်ချက်စတာ ယူနိုက်တက်အသင်းသည် နေမာကို ပေါင်စတာလင်(၃၈)သန်းဖြင့်ကမ်းလှမ်းကြောင်း သတင်း
ထွက်ခဲ့ဖူးသော်လည်း ယင်းကို ဆန်းတို့စ်က သတင်းမှားဟု ငြင်းဆိုခဲ့သည်။ နေမာက "ကျွန်တော် ဘရာဇီးလ်
မှာ ပျော်နေဆဲပါ။

ဆန်းတို့စ်ကလည်း ကျွန်တော်နဲ့ သင့်တော်တဲ့ အသင်းလေ။ တစ်နေ့နေ့ ဥရောပမှာ ထွက်ကစားဖို့ဆိုတာ ကျွန်တော့်အိပ်မက် ဖြစ်ပါတယ်။

ဒါပေမဲ့ ခုချိန်ကတော့ မှန်ကန်တဲ့ ရွေးချယ်မှု မဟုတ်သေးဘူးလေ"ဟု ပြောကြားသွားသည်။

Source: DailyMail

0 comments:

Post a Comment