Pages

Friday, November 2, 2012

အရေပြားကင်ဆာအတွက် မစားသင့်သော အစားအစာခုနစ်မျိုး

သင့်အရေပြားကို အကောင်းဆုံး ထောက်ပံ့ပေးနိုင်တဲ့ အစားအစာတွေ ရှိသလိုပဲ၊ အရေပြားကင်ဆာ အတွက် အန္တရာယ်ရှိတဲ့ အစားအစာတွေလည်း ရှိပါတယ်။

ကင်ထား၊ ဖုတ်ထားသော အစာများ

ကင်ထားဖုတ်ထားတဲ့ အစားအစာတွေထဲမှာ ပါဝင်တဲ့ ဖရီးရယ်ဒီကယ်တွေက ကျန်းမာတဲ့ အရေပြား ဖြစ်ပေါ်မှုကို တားဆီးတတ်တာကြောင့်ပါ။ ကြက်သား၊ ဝက်သားနဲ့ အမဲသားတွေ ကို သေချာ ချက်ပြုတ်ပြီး စားပေးဖို့ အမေရိကန် ကင်ဆာရောဂါဌာနက အကြံပြုထားပါတယ်။ ဆဲလ်မွန်ငါးက သင့်ကျန်း မာရေး ကို အထောက်အကူပြုတဲ့ အိုမီဂါသရီးဖက်တီးအက်စစ်တွေ ပါဝင်တယ်ဆိုပေမယ့် ကင်စားမယ် ဆိုရင်တော့ သင့်ကိုပိုပြီး အန္တရာယ်ဖြစ်စေမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ငါးကိုလည်း ချက်ပြုတ် စားသောက် ပါ။

ပေါင်မုန့်ဖြူ

ဖြူဖွေးအောင်လုပ်ထားတဲ့ ပေါင်မုန့်ဟာ အမျှင်ဓာတ် ပါဝင်မှု နည်းသွားပါတယ်။ အမျှင်ဓာတ်ဟာ ခန္ဓာကိုယ် အတွက် အမှန်တကယ် လိုအပ်ပြီး ကင်ဆာဖြစ်ပေါ်မှုကို အားပေးတတ်တဲ့ အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားနိုင်စွမ်းရှိပါတယ်။ အညိုရောင်ပေါင်မုန့်ကိုသာ ရွေးပါ။


အချိုများသော အသင့်လုပ်မုန့်များ

သကြားများစွာ ပါဝင်တဲ့ မုန့်တွေကြောင့် အမျိုးအစား (၂) ဆီးချိုသွေးချိုနဲ့ အဝလွန်တာ မျိုးတွေ ဖြစ် တတ်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို မြင့်တက်ကာ နေရောင်ခြည်ဓာတ်ကို တိုက်ထုတ်ပေးနိုင်တဲ့ ဆဲလ်တစ်မျိုး ထွက်ပေါ်မှုကို အားနည်းစေတဲ့အတွက် နေလောင်ဒဏ်ခံရချိန်မှာ အရေပြားကို ပိုပြီး ထိခိုက်ေ စနိုင် ပါတယ်။

ဟော့ဒေါ့များ

ဟော့ဒေါ့၊ ဆလာမီနဲ့ ဆော့စေ့တွေဟာ အဆီများစွာ ပါဝင်တတ်ပြီး ကင်ဆာရှိသူတွေ လုံးဝမစားသင့်တဲ့ အစားအစာ ထဲမှာ ပါဝင်ပါတယ်။

မာဂျရင်း

မာဂျရင်းကို အသီးအရွက်ဆီနဲ့ တခြားအဆီမျိုးစုံအပြင် ပုံစံမျိုးစုံနဲ့ ပြုပြင်ထုတ်လုပ်ထားတာတွေလည်း ရှိတတ်ကြပါတယ်။ အဲဒီအဆီတွေက အဝလွန်ဖို့ကို ဦးဆောင်နေတတ်ပါတယ်။ ဒါ့အပြင် ကင်ဆာရှိသူတွေ အတွက် ပိုပြီး ရှောင်သင့်ပါတယ်။

ပြုပြင်ထားသော နို့

အရေပြားကင်ဆာရှိသူတွေ အနေနဲ့ အဆီရရှိမှုနည်းတဲ့ အစားအစာတွေကို ရှောင်ပြီးသား ဆိုရင်ေ တာင် နွားနို့မှာ ပါဝင်တဲ့ သဘာဝအဆီဓာတ်၊ ပရိုတင်းဓာတ်နဲ့ ကယ်လ်စီယမ်ဓာတ်တွေက သင့်အတွက် အကျိုးရှိစေတာကြောင့် သဘာဝနို့ကို သောက်ပါ။

မှိုတက်နေသော မြေပဲထောပတ်

မြေပဲထောပတ်ဟာ သင့်အရေပြားကျန်းမာရေးကို အထောက်အကူပြုပါတယ်။ ဒါပေမဲ့ မြေပဲထောပတ် ကို ရေခဲသေတ္တာထဲမှာ ထည့်မသိမ်းမိရင် မှိုတက်လာတတ်ပါတယ်။ အဲ့ဒီမှိုထဲမှာ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတ်တွေ ပါဝင်တာကြောင့် အန္တရာယ်ရှိပါတယ်။
 
 
ရွှေမြန်မာများအတွက် ShweBeauty

0 comments:

Post a Comment