Pages

Friday, November 2, 2012

ဆီမီးမျှောပွဲ သွားရောက်စဉ် တံတားကျိုးကျ

အောက်တိုဘာ ၃၀ ည ၇ နာရီဝန်းကျင်က ပုသိမ်မြို့ ကန်သုံးဆင့် (ကန်သာယာ) ပန်းခြံရှိ ရေကန်တွင် ကျင်း
ပသည့် ဆီမီးမျှောပွဲသို့ မြို့ခံများနှင့် တက္ကသိုလ်ကျောင်းသားများ လာရောက်ကြစဉ် တက္ကသိုလ်ဘက် ထွက်
စည်ကားချိန်ဖြစ်၍ သည့် သစ်သား တံတားကျိုးကျခဲ့သော်လည်း အသေအပျောက် မရှိကြောင်း ပုသိမ်မြို့ခံတဦးက ပြောသည်။
သီတင်းကျွတ်လပြည့် နေ့ဖြစ်၍ ဆီမီးမျှောပွဲလာရောက်သည့် လူပရိသတ်စည်ကားချိန်ဖြစ်၍ရုတ်ရုတ်သဲသဲ
သာ ဖြစ်ခဲ့သည်ဟု လည်း၎င်းကပြောသည်။ လူပရိတ်သတ်များပြားစွာ ကျော်ဖြတ်ချိန်တွင် အသံမြည်ကာ
 အိကျသွားခဲ့ခြင်း ဖြစ်သည်ဟုလည်း မျက်မြင်သက်သေများက ပြောသည်။

ယင်းတံတားမှာ ကန်သုံးဆင့်တည်ပန်းခြံ စတင်တည်ဆောက်စဉ်ကတည်းက ဆောက်လုပ်ခဲ့သည့်တံတား
ဖြစ်၍ လွန်ခဲ့သည့် ၂ နှစ်က ပြန်လည်ပြင်ဆင်ထားခြင်း ဖြစ်သည်ဟုလည်း သိရသည်။

ယင်းဆီမီးမျှောပွဲသို့ ဧရာဝတီတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးသိန်းအောင်နှင့် အခြား တိုင်းဝန်ကြီးများလည်း
လာရောက်ခဲ့ကြသည်ကို တွေ့ရကြောင်းလည်း ဆီမီးမျှောပွဲ သွားရောက်သူများက ပြောသည်။
 
 
YPI News:
 

0 comments:

Post a Comment