Pages

Friday, November 2, 2012

အိန္ဒြာကျော်ဇင်နှင့် အင်တာဗျူး

အိန္ဒြာကျော်ဇင်နှင့် အင်တာဗျူး

  
ရုပ်ရှင်လောကမှာ ဆယ့်ငါးနှစ်နီးပါး ကြာတဲ့အထိ ထိပ်တန်းမင်းသမီး နေရာတစ်ခုကို ဆုပ်ကိုင်ပိုင်ဆိုင်ထား
ဆဲ အကယ်ဒမီ အိန္ဒြာကျော်ဇင်ဟာ ၂၀၁၁ ခုနှစ်မှာပဲ ၀ါသနာတူ သရုပ်ဆောင်ပြေတီဦးနဲ့ လက်ထပ်ခဲ့ပြီး အ
ခုတော့ သမီး ပြေသုဒြာလေးကိုတောင် ပိုင်ဆိုင်ထားခဲ့ပြီ ဖြစ်ပါတယ်။ အလုပ်တွေ မရပ်မနားလုပ်တာကို သမီးမွေးပြီးတဲ့အခါမှာ လျှော့ချလိုက်ပြီး တစ်လကို သမီးအနားမှာ လတစ်
ဝက်နေပြီး ကျန်လ၀က်ကို ကားရိုက်တွေအတွက် အချိန်ပေးထားတဲ့ အိန္ဒြာကျော်ဇင်က ၎င်းတို့ဇနီးမောင်နှံ ထူထောင်လုပ်ကိုင်တဲ့ ပြေတီဦး ပညာရေးဖောင်ဒေးရှင်းကြောင့် မြန်မာ့ရုပ်ရှင်နေ့မှာ ချီးမြှင့်တဲ့ ရုပ်ရှင်ဂုဏ်
ထူးဆောင်ဆုကိုလည်း မကြာခင်က ရရှိထားပါတယ်။ 
 
လူမှုရေးလုပ်ငန်းကို ကိုယ်တိုင်လည်းလုပ်ကိုင်ပြီးတခြားသူတွေလုပ်ကိုင်တာကိုလည်းအားပေးကူညီလှူဒါန်း
ရာရောက်တဲ့ အလှူတွေကို သမီးပြေသုဒြာ တစ်နှစ်ပြည့်မွေးနေ့အဖြစ် အောက်တိုဘာ ၁၄ ရက်က ပရဟိတ
လုပ်ငန်းလေးခုမှာ စုစုပေါင်း နှစ်ဆယ့်ငါးသိန်း လှူဒါန်းခဲ့ပါတယ်။ လတ်တလောမှာတော့ အများကစိတ်ဝင်
စားနေတဲ့ သူမရဲ့ အိမ်ထောင်ရေးသတင်းအပေါ်မှာလည်း မင်းသမီးကပွင့်ပွင့်လင်းလင်း အေးအေးဆေးဆေး
 ဖြေကြားပေးထားပါတယ်။

ပြေသုဒြာရဲ့ တစ်နှစ်ပြည့်မွေးနေ့အလှူကို ပရဟိတလုပ်ငန်းတွေမှာ လှူဖို့ ဘယ်လိုစိတ်ကူးရခဲ့ပါသလဲ။ 

ဒီနေရာတွေကိုလှူချင်နေတာက ကြာပြီ။ နှစ်ယောက်လုံးမအားတာနဲ့ မရောက်ဖြစ်ဘူး။ဒါကြောင့်သမီးမွေး
နေ့မှာ ရှုတင်တစ်ရက်ခွင့်ယူပြီး မှတ်မှတ်ရရဖြစ်အောင် သွားပြီးလှူဖြစ်တာ။ ရွှေဂုံတိုင်က ကလေးပြုစုရေးဌာ
နမှာ အလှူငွေ ငါးသိန်းနဲ့ ကလေးပစ္စည်းတွေ သွားလှူတယ်။ ဇီဝိတဒါန သံဃာ့ဆေးရုံမှာ ငွေငါးသိန်း၊ နာရေး
ကူညီမှုအသင်းမှာ ငွေဆယ်သိန်း၊ မြောက်ဒဂုံမှာရှိတဲ့ သုခရိပ်မြုံဂေဟာမှာ ငါးသိန်းသွားလှူခဲ့တယ်။

တစ်ဖက်မှာ ပြေတီဦး ပညာရေးဖောင်ဒေးရှင်းလည်း ရှိနေပြီး တခြားနေရာတွေကို ဘာကြောင့် လှူဖြစ်တာ
လဲ။ 

ကျွန်မတို့ မင်္ဂလာဆောင်တုန်းကလည်း MRTV-4 ကပြတဲ့ အစီအစဉ်တွေကနေရတဲ့ အလှူငွေတွေကိုအကုန်
ပြန်လှူခဲ့တယ်။ ကြားထဲမှာ လိုအပ်ရင် လိုအပ်သလို ဖောင်ဒေးရှင်းကို အလှူငွေထည့်တယ်။ ကိုပြေတီဦးဆို သူရတဲ့ အကယ်ဒမီရုပ်က ကြယ်ကိုရောင်းပြီးဒါနဲ့တန်ဖိုးညီမျှတဲ့ ငွေကို ဖောင်ဒေးရှင်းထဲထည့်တယ်။ဒီဘက်
က အလှူတွေကကျတော့လည်း လိုအပ်နေတဲ့ နေရာလေးတွေကို လှူချင်စိတ်ကြောင့် လှူဖြစ်တာပါ။

အစ်မက အစ်မရဲ့ ပြင်ပမိသားစုပုဂ္ဂိုလ်ရေးဘ၀ကို သိပ်ပြီး အရေးပေးဖော်ပြတာမျိုး မလုပ်ဘူးနော်။ 
 
ကျွန်မက ကလေးကို အပြင်သိပ်မထုတ်ဖြစ်ဘူး။ ဒီတော့ အိမ်သားတွေကလွဲလို့ ကလေးက အပြင်လူတွေနဲ့ 
သိပ်မထိတွေ့တော့ အပြင်လူနဲ့ဆို ဂျီကျတာတွေလုပ်ချင်တယ်။ပွဲခေါ်သွားရင်လည်းသူစိတ်ညစ်ပြီးပွဲမှာစိတ်
မသက်မသာနဲ့ စိတ်ဆင်းရဲမှာစိုးလို့ပါ။ နည်းနည်းကြီးလာလို့ သူပျော်တတ်တဲ့အရွယ် ရောက်လာရင်တော့ လုပ်ပေးမှာပါ။

အစ်မမှာ ခင်ပွန်းနဲ့သမီးနဲ့ အလုပ်နဲ့ အောင်မြင်မှုနဲ့ဆိုတော့အိန္ဒြာကျော်ဇင်ဘ၀ ပြည့်စုံပြီလို့ ပြောလို့ရပြီလား။

အင်းပေါ့။ သိပ်အများကြီး လိုချင်တောင့်တတာမျိုး ကျွန်မမှာ မရှိပါဘူး။ ကိုယ့်ဟာကို ဒီလိုအနေအထားလေး
လောက်မှာပဲ ကျေနပ်ပါတယ်။ ပြီးပြည့်စုံတယ်လို့တော့ မဟုတ်ပါဘူး။ လူဆိုတာ လိုအပ်တာလေးတွေတော့
လည်း နည်းနည်းပါးပါးရှိပါတယ်။ ကျွန်မမှာ လိုအပ်တာတွေ ရှိပါသေးတယ်။ ဒါပေမဲ့ ကိုယ် ဒီလိုအနေအထား
လေးလောက်နဲ့ပဲ ရောင့်ရဲတင်းတိမ်နေနိုင်တဲ့ သဘောလေးပါ။

အစ်မရဲ့မင်းသမီးဘ၀မှာသတင်းထွက်တာအရမ်းနည်းတယ်။အင်တာနက်မှာဆိုလည်း ကောလာဟလထွက်
တာ အရမ်းနည်းခဲ့တော့ ဒါဟာ အစ်မရဲ့ ဖြတ်သန်းမှု၊ နေထိုင်မှုနဲ့ဆိုင်တယ်လို့ ပြောနိုင်လား။ 

ဒါက ကံနဲ့လည်းဆိုင်ပါတယ်။ တချို့ကျတော့ ကံမကောင်းတော့ အပြောခံရတာတွေလည်း ရှိကောင်းရှိနိုင်ပါ
တယ်။ ကျွန်မလည်း လုံးဝကြီး သတင်းမထွက်ဘူးလို့တော့လည်း မဟုတ်ပါဘူး။ ကောလာဟလ ပြောခံရတာ
တွေ နည်းနည်းပါးပါးတော့ ရှိခဲ့ပါတယ်။ ဒါကတော့ ကျော်ကြားသူတိုင်း ခံစားရတဲ့တစ်ခုပါ။ ကိုယ်ကတော့ သိ
က္ခာရှိရှိ နေတတ်ထိုင်တတ်တယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။ ကိုယ်ဘယ်လောက် ကောင်းအောင်နေနေ
ပြောချင်တဲ့သူကတော့ ပြောနေမှာပါပဲ။

အလုပ်တစ်ဖက်နဲ့ အိမ်ရှင်မတစ်ယောက်ဘ၀မှာ ခင်ပွန်းအပေါ် ဖြည့်ဆည်းပေးရတဲ့ တာဝန်တွေ ကျေပွန်
နိုင်ပါ့မလား။ 

အဲဒါကတော့ မကျေဘူးထင်တာပဲ။(ရယ်လျက်) အရင်ခေတ်ကလို လင်ယောက်ျားကို ချက်ပြုတ်ကျွေးမွေးပြု
စု၊ ကလေးထိန်းလုပ်မှ အိမ်ရှင်မ ပီသမယ်ဆိုရင်တော့ ကျွန်မက မပီသဘူးလို့ ပြောရမယ်။ ဘာလို့လဲဆို ထ
မင်းဟင်းလည်း မချက်တတ်ဘူး။(ဟက်ဟက်ပက်ပက် ရယ်လျက်) အရာအားလုံး လစ်ဟင်းနေတာမျိုး မဖြစ်
အောင် ကိုယ့်ဘက်ကတော့ ကြိုးစားနေပါတယ်။ အိမ်ထောင်ဘက်လိုအပ်တာလေးကို ကြိုးစားပြီး ဖြည့်ဆည်း
ပါတယ်။

အစ်မက ဖက်ရှင်ပိုင်းမှာ ခုထိ တောက်လျှောက် သတိပြုခံရတဲ့သူဆိုတော့ အစ်မအမျိုးသားကို ဖက်ရှင်ဒီဇိုင်း
တွေ ဆင်ပေးဖြစ်နေမှာပေါ့နော်။ 

ဖက်ရှင်ကတော့ ကိုပြေတီဦးက လုံးဝကို စိတ်မ၀င်စားဘူး။ ၀ါသနာကို မပါတော့ အခုနောက်ပိုင်း သူ့အ၀တ်
အစား အကုန်လုံးကို ကျွန်မပဲစီစဉ်ပေးတယ်။ သူ့ရဲ့အလုပ်၊ ကားရိုက်တာနဲ့ ပတ်သက်ပြီးတော့ ဇာတ်လမ်း
ရွေးတော့၊ ဇာတ်လမ်းရှာတာ၊ ဒါရိုက်တာ၊ မင်းသမီးရွေးတာကတော့ ဘာမှ ၀င်မစွက်ဖက်ဘူး။ သူလုပ်နေကျ
ဖြစ်တဲ့အတွက် သူစဉ်းစားဆုံးဖြတ်နိုင်တယ်။ သူသည်လည်း ကိုယ့်ဘက်ကို ၀င်မပါဘူး။ ကိုယ်တွေက ကိုယ့်
ဦးနှောက်နဲ့ကိုယ် စဉ်းစားနိုင်ကြတယ်လေ။

အစ်မသတင်း မထွက်ပေမယ့်လည်း အိမ်ထောင်ရေးနဲ့ပတ်သက်လို့ ဒီတလော သတင်းတွေ ထွက်ပေါ်လာ
တဲ့အပေါ်ကို ပြေတီဦးနဲ့ ပြောဖြစ်ကြသေးလား။ 

မပြောဖြစ်ဘူး။ ဘာလို့လဲဆိုတော့ မလိုအပ်လို့ပါ။ မဟုတ်တဲ့သတင်း ဖြစ်တဲ့အတွက်ကြောင့် အထူးတလည်
ကို စိတ်ထဲမထည့်တာ။ ကိုယ်ကလည်း ဒီလောကသား ဖြစ်တဲ့အတွက်ကြောင့် နားလည်ပေးလို့ရတယ်။ ဒီလို
သတင်းတွေက အနုပညာသမားတိုင်း ခံရတာပဲလေ။ နောက်တစ်ခုက ကိုယ်က ကိုယ့်ယောက်ျားကိုကိုယ် ယုံ
ကြည်မှုအပြည့်ရှိပြီသား။ အချင်းချင်း ယုံကြည်မှု တည်ဆောက်ထားတဲ့အတွက်အဲဒီလို မဟုတ်ကဟုတ်က သ
တင်းတွေထွက်လာရင် ကိုယ်ကတစ်ဖက်သားကို အားတောင်နာသေးတယ်။ တစ်ဖက်သားကို ထိခိုက်တယ်
လေ။

အစ်မ အနုပညာလုပ်တော့လည်း အောင်မြင်တယ်။ အိမ်ထောင်ရှင် မိခင်ဘ၀မှာလည်း ပြည့်စုံနေတယ်။ လူ
မှုရေးလုပ်တော့လည်း တိုင်းသိပြည်သိ အသိအမှတ် ပြုခံရတော့ အပြောင်းအလဲတိုင်းမှာ အောင်မြင်နေတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ ဘာလုပ်လုပ် ဖြစ်မယ်ဆိုတဲ့ ခိုင်မာတဲ့ ယုံကြည်ချက်ရှိပါသလား။ 

ခိုင်မာတဲ့ယုံကြည်ချက်ဆိုတာထက် ကိုယ်လုပ်မယ့်အလုပ်တစ်ခုကို ကောင်းအောင်၊ အကောင်းဘက်ကို ဦး
တည်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကိုပဲ အမြဲစဉ်းစားတယ်။ ကြိုးစားတယ်။ငါဒီအလုပ်တစ်ခုကိုလုပ်မယ်။
ဒီအလုပ်သည် ကောင်းရမယ်လို့တော့ တစ်ထစ်ချ မပြောနိုင်ဘူးပေါ့။ ဒါပေမဲ့ ကောင်းအောင်လုပ်မယ့်စိတ်နဲ့ လုပ်လို့ကောင်းတဲ့ အကျိုးလေးတွေဖြစ်တယ်လို့ ထင်တာပဲ။

ခုနောက်ပိုင်းလာတဲ့ ဇာတ်ရုပ်တွေထဲမှာ အစ်မစိတ်ကြိုက်ဖြစ်တဲ့ ဘယ်လိုဇာတ်ရုပ်မျိုးတွေကို ရွေးချယ်သရုပ်
ဆောင်ဖြစ်ပါသလဲ။ 

ခုနောက်ပိုင်း ကျွန်မဆီလာတဲ့ ဇာတ်တွေက နင့်နင့်နဲနဲနဲ့ လေးပင်တဲ့ ဟဲဗီးဒရာမာတွေ ပိုများတယ်။ ဒါပေမဲ့ ကျွန်မဆီကိုလာတဲ့ ဇာတ်ကိုက ဇာတ်ရုပ်သိပ်ရွေးစရာ မလိုတာများတယ်။ ကိုယ်နဲ့လိုက်မယ့် ဇာတ်ကတော့ လာပြီးသားပေါ့။

အစ်မတို့ လင်မယားနှစ်ယောက်ကို သရုပ်ဆောင်ဖို့ လာကမ်းလှမ်းရင် ဘယ်လိုဇာတ်ရုပ်မျိုးသရုပ်ဆောင်ချင်
လဲ။ 

သမီးရည်းစား ပုံစံတော့ မလုပ်ချင်ဘူး။ အပြင်မှာက တကယ်တမ်းလင်မယားဖြစ်နေတော့ ပရိသတ်လည်း ကြည့်ရတာ မထူးဆန်းဘူးလို့ ကျွန်မထင်တယ်။ တကယ့်အိမ်ထောင်ရေးဇာတ်လမ်းလေးတွေကပိုလိုက်ဖက်
မယ်လို့ ထင်ပါတယ်။

အစ်မသမီးလေးပါ ပါဝင်မယ့် အနုပညာ အလုပ်တစ်ခုခုကမ်းလှမ်းလာရင် အစ်မနဲ့ ကိုပြေတီဦးတို့ ဘယ်လို
သဘောထူးကြပါသလဲ။ 

ခုလောလောဆယ်ကတော့ ကုန်ပစ္စည်းတံဆိပ် နှစ်ခုကတော့ ကိုယ်ဝန်ရှိကတည်းကစာချုပ်ချုပ်လက်ခံထား
တာ့ ရိုက်လိုက်တာပေါ့။ ရိုက်တဲ့အခါ သူ့အဖေက သူ့သမီးကို မပင်ပန်းစေချင်ဘူး။ ကလေးပင်ပန်းမှာ စိုးလို့
ဆိုပြီးလေ။ သူ့အဖေက အဖြစ်သည်းတာပါ ညီမရယ်။ ကလေးအိပ်ချိန်တွေထဲက ဖဲ့ပေးရတာတွေရှိတော့ က
လေးပင်ပန်းပါတယ်။ နောက်ဆိုရင် လက်မခံပါနဲ့ဦးဆိုလို့ နောက်ပိုင်းကြော်ငြာတွေ လက်မခံထားသေးဘူး။

ကျေးဇူးတင်ပါတယ်။


7Day News

0 comments:

Post a Comment