Pages

Friday, November 2, 2012

နောင်ချိုမြို့ လွယ်ခေါ် ရွာအနီးတွင် ထော်လာ ဂျီယာဉ် ဘရိတ်ပေါက် တိမ်းမှောက် လူ(၃)ဦး သေဆုံး

ရှမ်းပြည်နယ် နောင်ချိုမြို့ လွယ်ခေါ်ရွာ အနီးတွင် အောက်တိုဘာ ၂၆ ရက် မွန်းလွဲ ၂ နာရီ ခွဲ က ယာဉ် တိမ်း
မှောက်မှု ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာယာဉ်မောင်း မောင်ငယ်၂ဝ နှစ်(ဘ)ဦးဟန်သိန်းလွယ်ခေါ် ကျေးရွာ နောင်
ချို မြို့နေ  သူ မောင်းနှင် လာ သည့် ၈ဌ/---- ထော်လာဂျီသည် ဈေးဝယ်ပြီး ပြန်လာစဉ်လွယ်ခေါ် ကျေးရွာအ
နီး၌ ဘရိတ် ပေါက်ပြီး တိမ်းမှောက် သွားခဲ့ခြင်းဖြစ်သည်။
ယာဉ်ပေါ်တွင် လိုက်ပါ လာသည့် ဦးစံအော ၇၃ နှစ် (ဘ) ဦးစု စန္ဒာ လွယ်ခေါ် ကျေးရွာ နေသူ၊ ဦးဘာလိပ်၅၉
 နှစ် (ဘ) စိစစ်ဆဲ လွယ်ခေါ် ကျေးရွာ နေသူနှင့် ဒေါ်မြရီ ၅၅ နှစ် (ဘ)ဦးချမ်းမြ လွယ်ခေါ် ကျေးရွာ နေသူတို့ သုံးဦးမှာ ဦးခေါင်း ကြေမွဒဏ်ရာဖြင့် သေဆုံးသွားပြီး မနှင်းပွင့်ဝေ ၂၃ နှစ်(ဘ) ဦးမြင့်မောင် လွယ်ခေါ် ကျေး ရွာ နေသူ၊ မကျင်သိန်း ၂၂ နှစ်(ဘ) ဦးစံအော လွယ်ခေါ် ကျေးရွာ နေသူနှင့် ယာဉ်မောင်း သူ မောင်ငယ် တို့
တွင် ခါးနာ ဒဏ်ရာများ ရရှိခဲ့သည်။

ထို့ကြောင့် ယာဉ်မဆင် မခြင် မောင်းနှင်သူ မောင်ငယ်အား နောင်ချို ရဲစခန်းမှ (ပ)၇၇/ ၂ဝ၁၂၊ ပြစ်မှု ပုဒ်မ ၃ဝ၄/ က/ ၃၃၇/ ၃၃၈ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် ထားရှိကြောင်း သတင်း ရရှိသည်။
 
မြ၀တီ

0 comments:

Post a Comment