Pages

Friday, November 2, 2012

ဆော်ဒီတွင် လောင်စာဆီတင်ယာဉ် ပေါက်ကွဲမှုကြောင့် အနည်းဆုံး ၂၃ ဦးသေဆုံး


ဆော်ဒီအာရေဗျ နိုင်ငံတွင် လောင်စာဆီတင် ထရပ်ကားတစ်စင်း ပေါက်ကွဲမှုကြောင့် အနည်းဆုံး (၂၃)ဦး
သဆုံးခဲ့ကြောင်းသိရှိရသည်။ ဆော်ဒီနိုင်ငံ၏ မြို့တော်ဖြစ်သောရီယာ့ဒ်တွင် ကြာသပတေးနေ့က ဖြစ်ပွား
သော ပေါက်ကွဲမှု အရှိန်ကြောင့် မော်တော်ကားများ၊ အဆောက်အအုံများပါ မီးလောင် ပျက်စီးသွားခဲ့သည်။

ယင်းဖြစ်စဉ်တွင် အနည်းဆုံး လူ(၂၃)ဦး သေဆုံးခဲ့သလို (၁၁၀)ထက်မနည်းဒဏ်ရာများရရှိခဲ့သည်။မျက်မြင်

များက ယခုပေါက်ကွဲမှု၏ အဖျက်စွမ်းအားသည် အလွန်ကြီးမားကြောင်း ပြောဆိုခဲ့သော်လည်း ရဲတပ်ဖွဲ့က အကြမ်းဖက်မှုနှင့် ဆက်စပ်သည့် လုပ်ရပ်မျိုး အထောက်အထား မတွေ့ရဟု ပြောကြားထားသည်။ 


အဝေးပြေး လမ်းမရှိ မြေအောက်လမ်းဖြတ် အပိုင်းအစကို ဝင်ရောက် တိုက်မိသည့်နောက် ပေါက်ကွဲမှု ဖြစ်
ပွားခဲ့ခြင်းဟု ယူဆရသည်။

အသေအပျောက် စာရင်းမှာ (၂၃)ဦးဟု လတ်တလော ယူဆထားသော်လည်း ရှာဖွေနေဆဲ အခြေအနေနှင့် ဒဏ်ရာရသူများအနက် အခြေအနေ ဆိုးရွားသူများ ရှိနေခြင်းကြောင့် အတည်မပြုနိုင်သေးချေ။


 ဆော်ဒီ ပြည်သူ့ ကာကွယ်ရေးဌာန ပြောရေးဆိုခွင့်ရ အရာရှိမိုဟာမက်ဟာမေဒီက ပေါက်ကွဲမှုကြောင့်အနီး
ပတ်ဝန်းကျင် ဧရိယာတွင် မီးဘောလုံးကြီးတစ်ခု ပျံ့နှံသွားသည့်နှယ် ဖြစ်ခဲ့ကြောင်း ပြောဆိုခဲ့သည်။ ၎င်းက ပျက်စီးမှု အခြေအနေကို ထင်ရှားကြီးကျယ်လွန်းကြောင်းလည်း မှတ်ချက်ပြုသွားခဲ့သည်။

Source: FoxNews

0 comments:

Post a Comment