Pages

Friday, November 2, 2012

အိုက်စလန် သမ္မတ နိုင်ငံနှင့် သံအဆက်အသွယ် ထူထောင်ရန် ပြည်ထောင်စု လွှတ်တော်က သဘောတူညီ

နေတိုးအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး၊ စက်မှုဖွံဖြိုး တိုးတက်သော အိုက်စလန် သမ္မတ နိုင်ငံနှင့် သံတမန် ဆက်သွယ်ရေး ထူထောင်ရန် ပြည်ထောင်စု လွှတ်တော်က ကန့်ကွက်သူ မရှိဘဲ ယနေ့ အစည်းအဝေးတွင် သဘောတူညီလိုက်ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။နိုင်ငံတော်သမ္မတက ယင်းနိုင်ငံနှင့် သံအဆက်အသွယ်ထူထောင်ရန် ပြည်ထောင်
စုလွှတ်တော် သို့ တင်ပြလာ သည့်အပေါ် ပြည်ထောင်စု လွှတ်တော်တွင် သဘောတူညီခဲ့ခြင်းဖြစ်သည်။ ဥရောပမြောက်ပိုင်းရှိကျွန်းနိုင်ငံဖြစ်သောအဆိုပါနိုင်ငံနှင့်သံတမန်ဆက်ဆံခြင်းကိုဗြိတိန်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးကပူးတွဲတာ
ဝန်ယူမည်ဖြစ်ကြောင်းနိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဒုတိယဝန်ကြီးဦးဇင်ယော်ကလွှတ်ေ တာ်၏မေးမြန်းချက်ကို ပြန်လည်
ဖြေကြားခဲ့သည်။ 
 
ယင်းနိုင်ငံနှင့်သံတမန်ဆက်သွယ်ခြင်းအပေါ်ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်သုံးဦးကထောက်ခံဆွေးနွေးခဲ့ပြီး ကန်ကွက်သူ
မရှိ သည့်အ တွက် အဆိုပါ လွှတ်တော်က အတည်ပြုခဲ့သည်။

့မြန်မာနိုင်ငံသည် လက်ရှိတွင် သံတမန် အဆက်အသွယ်ပြုလျှက် ရှိသောနိုင်ငံပေါင်း ၁၀၃ နိုင်ငံရှိသည်။

အိုက်စလန်နိုင်ငံသည်ယခုမြန်မာနိုင်ငံနှင့်သံတမန်အဆက်အသွယ်ထူထောင်ပါကယင်းနိုင်ငံအနေနှင့် သံအဆက်အသွယ် ပြုလုပ်
aသာနိုင်ငံပေါင်း ၁၁၂ နိုင်ငံဖြစ်လာ မည်ဖြစ်သည်။

မြန်မာနိုင်ငံအနေနှင့်ယခုအခါအာရပ်ပြည်ထောင်စုနိုင်ငံများ၊ဒိုမီနီကန်နိုင်ငံများနှင့်လည်းသံတမန်အဆက်အသွယ် ထူထောင်ရန်
aဆာင်ရွက်လျှက် ရှိကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးဇင်ယော်က အသိပေးပြောကြားခဲ့သည်။
 
 
The voice weekly

0 comments:

Post a Comment