Pages

Friday, November 2, 2012

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော်၌ မီးလောင်မှုဖြစ်ပွါး

alt
သျှမ်းပြည်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော်နမ့်ဆန်မြို့
  သျှမ်းပြည်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော်နမ့်ဆန်မြို့တွင် ယနေ့ မနက်ပိုင်း က မီးလောင်ရာ နေအိမ် ၅၀ ခန့် ဆုံးရှုံးခဲ့ရကြောင်း ဒေသခံများကပြောပါသည်။“နေ့ခင်းပိုင်းမှာ မီးညွန့်ကျိုးသွားပါပြီ။ ဘယ်ကစလောင်သလဲဆိုတာတော့ စုံစမ်းနေဆဲပါ။ မြို့လယ်ရပ်ကွက်
နဲ့ နမ့်မွန်းရပ်ကွက်မှာ လောင်တာ။ အိမ်ခြေ ၅၀ လောက်ပါသွားတယ်ဟု နမ့်ဆန်မြို့ဒေသခံ ဆရာဦးအောင်
ထွန်းက သျှမ်းသံတော်ဆင့်အားပြောပါသည်။        

နိုဝင်ဘာ ၂ ရက် ယနေ့မနက် ၁၀ နာရီကျော်အချိန် မြို့လယ်ရပ်ကွက်မှ မီးစလောင်သည်ဟု သာ သိရ၏။ မီး
လောင်ခြင်းအကြောင်းရင်းကိုမူ မသိရသေးပါ။ မီးလောင်မှုအား နမ့်ဆန်မြို့မီးသတ်ကား၂ စီး၊ ရေသယ်ကား
တစီး နှင့် ပုဂ္ဂလိကကုမ္မဏီမှ မီးသတ်ကားတစီး စုစုပေါင်း ၄ စီးဖြင့်ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရကြောင်း မီးငြိမ်းသတ်
ရေး၌ ပါဝင်သူလူငယ်တဦးက ပြောပါသည်။

“အခုလောလောဆယ် ဒုက္ခသည်က ၃၀၀ လောက်ရှိတယ်။ ဘုန်းကြီးကျောင်းတွေမှာခိုလှုံနေရ တယ်။ ဆုံးရှုံး
မှုတန်ဖိုးစုစုပေါင်းခန့်မှန်းခြေကျပ်သိန်းပေါင်း၂ သောင်းလောက်ရှိမယ်”ဟုကူညီရေးလုပ်ငန်း လှုပ်ရှားဆောင်
ရွက်နေသည့်  ဆရာအောင်ထွန်းကပြောပါသည်။

တဖက်ကလည်း အောက်တိုဘာလဆန်းကစ၍ ယနေ့အထိလည်း နမ့်ဆန်မြို့တဝိုက်တအာင်း ပြည်သူ့ လွတ်
မြောက်ရေးတပ်မတော်TNLAအား မြန်မာစစ်တပ်ကထိုးစစ်ဆင်တိုက်ခိုက်မှုများပြုလုပ်နေသ ဖြင့် ကျေးလက်
အုပ်ချုပ်ရေးမှူးများနှင့်ဒေသခံများလည်းမြန်မာစစ်တပ်၏ဖမ်းဆီး စစ်ဆေးမှုခံနေကြ ရကြောင်း ပလောင်(တ
အောင်း)အမျိုးသမီးအစည်းအရုံး၏ သတင်းစာမျက်နှာ တွင်ဖော်ပြထားပါသည်။
 

ရှမ်းသံတော်ဆင့်

0 comments:

Post a Comment