Pages

Friday, November 2, 2012

အိန္ဒိယအရှေ့တောင်ဘက်ကမ်းခြေသို့ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်

အိန္ဒိယအရှေ့တောင်ဘက်ကမ်းခြေသို့ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်

အိန္ဒိယနိုင်ငံ အရှေ့တောင်ဘက် ကမ်းခြေတွင် ဆိုင်ကလုန်းမုန်တိုင်း နီလမ် ဝင်ရောက် တိုက်ခတ်သွားပြီး
နောက် အနည်းဆုံး လူ(၈)ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။ မြေနိမ့်ပိုင်း ဧရိယာများမှ လူပေါင်း (၈၀၀၀)
ကျော်သည် မုန်တိုင်းတိုက်ခတ်မှုကြောင့် ယာယီရွက်ဖျင်တဲများဖြင့် ကုန်းမြင့် ဒေသများသို့ ရွှေ့ပြောင်း နေ
ထိုင်ခဲ့ရသည်။
တမီလ်နာဒူ ပြည်နယ် ကမ်းခြေ ဒေသတွင် ဝင်ရောက်တိုက်ခတ်ခဲ့သော မုန်တိုင်းကြောင့် ဗုဒ္ဓဟူးနေ့က လူ
ပေါင်း (၃၇)ဦးပါ ဆီတင်သင်္ဘော တစ်စင်း ကမ်းကပ်ရန် အခက်အခဲ ကြုံခဲ့သေးကြောင်းလည်း သိရသည်။


အင်အားကောင်းသော လေပြင်းများနှင့် လှိုင်းလုံးများကြောင့် အဆိုပါ သင်္ဘောသည် ကမ်းခြေသို့ တရွတ်ဆွဲ ချဉ်းကပ်လာပြီး သောင်တင်နေခဲ့သည်။ ဒေသဆိုင်ရာ သဘာဝ ဘေးအန္တရာယ် စီမံရေးဌာန မန်နေဂျာ ဂျာ
တင်ဒရာနတ်သ် ဆွိန်းက ရေတပ်မှ ရေငုပ်သမားများ လိုက်လံ ရှာဖွေနေသည့်တိုင် လူ(၆)ဦး ပျောက်ဆုံးနေ
ဆဲဟု ပြောကြားခဲ့သည်။

ပြည်တွင်း မိုးလေဝသ ဌာနက အင်အားပြင်းထန်သော လေစီးကြောင်းများ ယင်းဒေသတွင်ဆက်လက် တည်
ရှိနေမည်ဟု ပြောကြားခဲ့သည်။ တမီလ်နာဒူ မြောက်ပိုင်း ဒေသတွင် တစ်နာရီလျှင် ကီလိုမီတာ (၁၀၀)နှုန်းထိ
လပြင်းများ တိုက်ခတ်နေနိုင်ကြောင်း သိရသည်။

ထို့အပြင် ယခုရက်ပိုင်းအတွင်း တံငါသည်များ ပင်လယ်ထဲ ငါးထွက်ဖမ်းခြင်းမျိုး မပြုရန်လည်း သတိပေးထား
ခဲ့သည်။

Source: CNN

0 comments:

Post a Comment