Pages

Friday, November 2, 2012

အချက်ပေးလာတဲ့ အနာဂတ်ကလေးစောင့်ရှောက်မှုပြဿနာ

အသက်မပြည့်သေး၍ကလးစစ်သားများမိဘထံပြန်အပ်ပို့ခြင်းဆိုင်ရာသတင်းတွေကိုမီဒီယာတွေမှာ ဖတ်ရှု့
ကာစဉ်းစားမိပါတယ်။ကလေးငယ်အသံနဲ့ဘတ်(စ်)ကားအရှေ့ပေါက်နားမှာစပါယ်ယာအကူအလေးကိုကြည့်
မိရင်း“ဒါတွေဟာအသက်မပြည့်သေးသူတွေကိုအလုပ်ခိုင်းခြင်း၊ သက်ဆိုင်တဲ့ ဥပဒေတွေနဲ့ ညွှန်းလို.ရမလား၊ မရဘူးလားစတဲ့ မေးခွန်းများစွာနဲ့ ကလေးငယ်ရဲ. ရှာဖွေနိုင်မယ့် ငွေပမာဏ ဘယ်လောက်များနိုင်မလဲ။ ဒါ့ပြင်ဒီကလေးကို မှီခိုနေရသူများ ရှိနေနိုင်တယ်..။ ဒါဆိုရင်ဒီကလေးငယ်(တွေ)အလုပ်အခိုင်းမခံရအောင်ဥပဒေတွေစည်းမျဉ်းတွေ ထုတ်ပြန်တာက ရေရှည်
အကျိုးဖြစ်ထွန်းနိုင်ပါ့မလား ..။
 
အိန္ဒိယနိုင်ငံမှ ဆင်းရဲသားကလေးအချို့ရဲ့ ဘ၀သရုပ်ဖော် Documentary တစ်ခု ကြည့်ဖူးပါတယ်။ Documentary မှ ကလေးငယ်များမှာ (၇)နှစ် နဲ့(၈)နှစ် အရွယ် ညီ၊အစ်ကို ကလေးငယ်(၂)ဦးရဲ့အကြောင်း ဖြစ်ပြီး မိသားစုဝင် (၆)ဦး၊ စုစုပေါင်း (၈)ဦးစာ လုပ်ကျွေးနေတဲ့ အကြောင်းအရာ တွေ ဖြစ်ပါတယ်။
 
 “ကလေးငယ်များ အလုပ်ခွင်ဝင်ရန် အရွယ်မရောက်သေးတဲ့အတွက်ကြောင့် ကလေးတွေ အလုပ်ပြုတ်၊ အလုပ်ရှာ မရဖြစ်သွားပါတယ်။ နောက်ဆုံးမှာ ညီမငယ် (၂)နှစ်သမီးလေး သေဆုံး၊ ကိုယ်မစွမ်းသော အဘ ဖြစ်သူလည်း နာတာရှည်မှာ ထပ်မံပျော့ခွေကာ အမေဖြစ်သူလည်း အလုပ်အစုံ လုပ်မရလို့ မကျန်းမမာ ဖြစ်ပြီး မိသားစုဘ၀ ပိုခက်ခဲလာတာကို ပြထားတဲ့ Documentary အစစ်အမှန်ဖြစ်ပါတယ်။
 
 
မိဘတွေကိုလည်း family plan မရှိခြင်းကြောင့် အပြစ်တင်လို့ မဖြစ်ပါဘူး။ Consom ကိုသိပေမယ့် ပိုက်ဆံ မတတ်နိုင်လို့ ကလေးခြား၊ သန္ဓေတားနိုင်ဖို့ မသုံးနိုင်တာပါ။ အခြားအနောက်တိုင်းဆေး၊ အိန္ဒိယဆေးတွေ လည်း မသုံးနိုင်တာပါ။  “သားတို့မှာ စားစရာနဲ့  ဆေးဝယ်ဖို့. .. ဘာလို့ .. အလုပ်လုပ်လို့မရတာလဲ။ (မိသားစုမှာ) သားတို့ ပဲရှိတာကို။ သားတို့က ခိုးတာမှ မဟုတ်တာ။ သူတို့(အစိုးရလူတွေ) က .. ဘာလို. တားရတာ လည်း။ ခုတော့ ညီမလေးသေပြီ ဆိုပြီးညီမငယ်ရဲ့အသုဘမှာ ရှိုက်ရှိုက်ငိုနေတယ့်အခန်း ဟာ ခုစာရေးချိန်ထိ သတိရတိုင်း စာရေးသူ သက်ပြင်းချရပါတယ်။ Documentary ပြီးဆုံးခါနီးမှာတော့ ကလေးငယ် (၂)ဦးမှာ သူတို့နေထိုင်ကျင်လည်ရာရပ်ကွက်ရှိ ခါးပိုက်နှိုက်၊ အလစ်သုတ်တတ်တဲ့ လူငယ်အဖွဲ့ တွေနဲ့ ဆက်ဆံလာတာနဲ့ အဆုံးသတ်ထားတော့ ရင်ထဲ တစ်မျိုးကြီးဖြစ် ကျန်ခဲ့ပါတယ်။
 
 
 
အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို အလုပ်ခွင် မခိုင်းရေးက လိုအပ်တာမှန်ပေမယ့် အတင်း အကျပ် ဥပဒေဖြစ်သင့်/မဖြစ်သင့် ကိုတော့  စဉ်းစား၊ ဆုံးဖြတ် ပြင်ဆင်စရာတွေ နဲ့ လို့သာ ထင်မြင်မိပါတယ်။ ကလေးစစ်သားတွေကို တိုက်ခိုက်ရေးမှာ မပို့ပဲထက်မြက်ပြီး အခြေခံကျတဲ့ လူမှုဖွံဖြိုးရေးနွယ်တဲ့ တပ်တွင်းအလုပ်ဋ္ဌာနတွေမှာ ဖြစ်ဖြစ်၊ သင်တန်းကျောင်းများမှာဖြစ်ဖြစ်၊ အရွယ်မရောက်သေးတဲ့ ကလေးစစ်သားတွေ ကို  သူတို့ကိုယ်၌က ဆန္ဒရှိပါရင် နေရာချထားပေးသင့်တယ်လို့ ထင်ပါတယ်။
 
 
  
ကျွန်တော့်တို့နိုင်ငံမှာ အခြားအခြားသော အခြေခံအဆောက်အဦးများ  မပြည့်စုံ မခိုင်မာသေးပါဘူး၊  ဒီလိုသာ စီစဉ်မယ်ဆိုရင် ကြံ့ခိုင်ကျစ်လစ်တဲ့ အမျိုးကောင်းသားရတနာများ ရရှိလာနိုင်မယ်လို့ မျှော်လင့် မိပါတယ်။ အခြေခံ အဆောက်အဦးတွေ၊ Institution တွေ ပြည့်စုံရင်တော့ တင်းတင်းကျပ်ကျပ် ပြဋ္ဌာန်းနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။
 
 
လက်ဖက်ရည်ဆိုင်တွေမှာ အရွယ်ငယ်ငယ်ကလေးငယ်တွေ  ဘယ်လောက်များနေလဲဆိုတာ မြို့ကြီးတွေမှာ  သိသာစွာမြင်နေ ရပါတယ်။ အခြားအခြားသော ပုဂ္ဂလိကဋ္ဌာနတွေမှာ လည်း တွေ့မြင်နေ ရတာ အများအသိပါ၊ အိမ်ဖော်ဆိုတဲ့ အသက်(၁၂/၁၃)နှစ်၊ ရံခါမှာ ပိုငယ်တဲ့ တောနယ်က ဆင်းရဲနွမ်းပါး တဲ့ ကလေးတွေကို ခေါ် ယူ မွေးစားထားကြတာက ရေရှည်ခိုင်းစေဖို့ အတွက်ပါ၊ အစီအစဉ် (Plan) အတွက်ပါ။ ဒီအစဉ်အလာ(Trend) ကြီးကိုရော ပြင်နိုင်ဖို့ရာစိတ်ထား (Mind-set) ကတော့ ကျွန်တော်တို့ကိုယ်၌ ပြင်မှ ရကြမှာပါ။ အားကိုးရာမရှိလို့ သနားသဖြင့် ခေါ်ယူမွေးစားထားခြင်လည်း ရှိတာမို့ ဒါမျိုးဆိုရင်တော့ သာဓု ခေါ်ထိုက်ပါတယ် ။
 
 
နိုင်ငံ့သိက္ခာဆိုသည်မှာ နိုင်ငံသားတို့၏ သိက္ခာစောင့်စည်းထိန်းသိမ်းဆောင်ရွက်မှု၌ မူတည်တယ် လို့ ယုံကြည်ပါတယ်။ မိမိအိမ်မှာ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို အိမ်ဖော်အဖြစ်မွေးထား (ခိုင်းထား)ခြင်းမှာ လူ.ကျင့်ဝတ်သိက္ခာနဲ့ဆိုင်တဲ့ အပြုအမူဆိုင်ရာ ကျင့်သုံးမှုအဖြစ် ကြည့်ရင် “သင့်အဆင့် ပင် မသတ်မှတ်သင့်ဘူးလို့ ထင်ပါတယ်။ ကျွန်တော်တို.နိုင်ငံမှာ ပုံစံအမျိုးမျိုးနဲ့  အရွယ် မရောက်သေးတဲ့ ကလေးငယ်တွေကို ခေါ်ယူခိုင်းစေတဲ့ မကောင်းတဲ့  ဒီအစီအစဉ် (Trend)ကြီးကို ပြင်သင့်ပါတယ်။
 
 
နိုင်ငံရဲ့မျက်နှာ (Image)၊ နိုင်ငံသားတို့ရဲ့နီတိ (Ethical Image) လေးတော့ ကောင်းစေချင် ပါတယ်.။
 
ဒါတွေကို အနုပညာလုပ်ငန်းနဲ့မီဒီယာတွေက အကောင်းဆုံး ၀န်ဆောင်မှုပေးနိုင်မယ် ထင်ပါတယ်။
 
 
ကလေးငယ်များရဲ့ ဘ၀ကို (သို့မဟုတ်) ကလေးငယ်များနဲ့ ဆိုင်တဲ့ ဘ၀တွေ မျကို အလေး မထား နိုင်ပါရင်  ရေ ရှည်မှာ မည်သည့်ဝါဒ၊ အာဏာ၊ ပုဂ္ဂိုလ် ကြီးစိုးသည်ဖြစ်စေ လူ့နီတိ-လူမှုရေး-နိုင်ငံရေး (Human  ethical-Human social- Human political) ဆိုတဲ့   ဆင့်ကဲဆင့်ကဲ ဆက်စပ်ပြဿနာများတွေ  ရင်ဆိုင်နိုင်ငံသားတိုင် ကြုံတွေ့ရမှာပါ။ နိုင်ငံရေးသမားတွေပဲ ရင်ဆိုင်ရမှာ မဟုတ်ပါဘူး။
 
 
နိုင်ငံတစ်ခုရဲ့အုပ်ချုပ်ရေးဆိုင်ရာစနစ်တွေသာမကပည်သူတွေရဲ.စိတ်ထား၊အလေ့အကျင့်တွေကလည်းနိုင်
ငံရေးမှာအကျုံးဝင်ပါတယ်။ပြည်သူလူထုရဲ့လိုလားချက်(ယာယီ)များသာမကပဲ နိုင်ငံရဲ့အရေးအရာများကိုပါ
ဆောင်ရွက်(ပြင်ဆင်)မှနိုင်ငံသားတွေရဲ့ပစ္စုပ္ပန်အားနည်းမှုများကိုပါကြိုတင်ပြင်ဆင်နိုင်မှာပါ။ နိုင်ငံသားတွေ
ဖြစ်တဲ့ ကျွန်တော်တို.ပြည်သူတွေ ကိုယ်တိုင် ပြင်ဆင်နိုင်ဖို့ ကြိုးစားသင့်ပါတယ်၊ ဒါမှသာ အနာဂတ်ပြဿနာ (Conflit) များ သာမက ပစ္စပ္ပန် ပရမ်းပတာ (Chaos) များပါ ဖြေရှင်းရာ ရောက် မှာပါ။
မြစ်မခ

0 comments:

Post a Comment