Pages

Saturday, November 3, 2012

Miss Diaspora Models International 2012-2013 ပြိုင်ပွဲတွင် အင်တာနက်မှ မဲပေးရွေးချယ်မှု၌ မြန်မာအလှမယ် ထိပ်ဆုံးမှ ဦးဆောင်နေ

e5313

Miss Diaspora Models International 2012-2013 ပြိုင်ပွဲတွင်မြန်မာအလှမယ်တစ်ဦး ဖြစ်သည့် နီဒါတေလာမိုး
(မြန်မာအမည် ယမုံမိုး)သည် မြန်မာကိုယ်စားပြုအဖြစ်ဝင်ရောက်ယှဉ်ပြိုင်လျက် ရှိရာအင်တာနက်မှတစ်ဆင့်
မဲပေးရွေးချယ်ရာတွင် အောက်တိုဘာလ ၃၀ ရက်နေ့ညပိုင်းအထိမဲစုစုပေါင်း ၁၇၀၀၀ကျော်ဖြင့်ထိပ်ဆုံးမှဦး
ဆောင်လျက် ရှိသည်ဟု သိရှိရသည်။
အဆိုပါပြိုင်ပွဲကို အမေရိကန်နိုင်ငံ နယူးရောခ့်မြို့တွင် နိုဝင်ဘာလ ၃ရက်နေ့၌စတင်ပြုလုပ်မည်ဖြစ်ပြီး လက်
ရှိတွင်မူ အင်တာနက် မှတစ်ဆင့်မဲပေးရွေးချယ်သည့်အဆင့်ဖြင့် ယှဉ်ပြိုင်လျက်ရှိကာ အောက်တိုဘာလ ၃၀
ရက်နေ့ည ၁၂ နာရီ ကျော် နောက်ဆုံးထား မဲပေးခွင့်ရှိခဲ့ ကြောင်းသိရသည်။

သမီးကငယ်ငယ်ကတည်းက Modelling နဲ့ပတ်သက်လို့ အရမ်းဝါသနာပါတာ။YIEC မှာခုနစ်တန်းအထိတက်
ပြီး အန်တီရောက်နေတဲ့ အမေရိကားကို အလည်ခေါ်ရာ ကနေ သူကမပြန်ဖြစ်တော့တာ။ အဲဒီ မှာပဲကျောင်း
ဆက်တက်ရင်းနဲ့ သူဝါသနာပါတဲ့ Modelling ကိုလည်းလေ့လာ နေတာပေါ့လေ။

အခုပြိုင်ပွဲကို ၀င်ပြိုင်နိုင်ဖို့ကိုလည်း ခက်ခက်ခဲခဲ နဲ့ ကိုကြိုးစားခဲ့ရတာပါ။ ပြိုင်ပွဲဝင်ခွင့်ရပြီဆိုတော့မှပဲသမီးက
အန်တီကို အသိပေးလာတာပါ။ အန်တီတို့အနေနဲ့တော့ မြန်မာကိုယ်စားပြု ၀င်ပြိုင်တာဆိုတော့ အားပေးစေ
ချင်ပါတယ်”ဟု မြန်မာအလှမယ် နီဒါတေလာမိုး၏ မိခင်ဖြစ်သူက ရှင်းပြခဲ့သည်။

Miss Diaspora Models International Beauty Competition ပြိုင်ပွဲကို နယူးရော့ခ်မြို့တွင် ၂၀၀၅ခုနှစ်မှစတင်ပြု
လုပ်ခဲ့ခြင်းဖြစ်ပြီးယခုနှစ်ပြိုင်ပွဲဝင်၂၇ ဦးပါဝင်ယှဉ်ပြိုင်မည်ဟုသိရသည်။ဘရာဇီး၊ဒိုမေနီကန်၊ပြင်သစ်၊ ဂျော်ဂျီ
ယာ၊ဂျာမနီ၊ ဟေတီ၊မလေးရှား၊အိန္ဒိယစသည့်နိုင်ငံများနှင့်အတူ မြန်မာ နိုင်ငံမှလည်းကိုယ်စားပြုအဖြစ်ပါဝင်
ယှဉ်ပြိုင်ခြင်းဖြစ်သည်။

ပြိုင်ပွဲဝင်များအနက် အနိုင်ရရှိသူသည် အမေရိကန် ဒေါ်လာတစ်ထောင်၊ဥရောပသို့တစ်ပတ်အလည်အပတ်
ခရီး၊ မဂ္ဂဇင်းကာဗာများတွင် ရိုက်ကူးခွင့်များ ရရှိမည်ဖြစ်သည်။


Eleven Media:

0 comments:

Post a Comment