Pages

Saturday, November 3, 2012

ရေချိုးနေစဉ် လူငယ်တစ်ဦး ဓာတ်လိုက် သေဆုံး

ရန်ကုန်တိုင်းဒေသကြီးမြောက်ဒဂုံမြို့နယ်တွင်နေထိုင်သူ အသက် ၁၅ နှစ်  အရွယ် လူငယ် တစ်ဦး အများသုံး အုတ်ရေကန်တွင်ရေချိုး နေစဉ် ရေစက်သို့ သွယ်တန်း ထားသည့် ဝါယာကြိုး နှင့် ထိနေသော သံပိုက်လုံအား
လက်ဖြင့်ကိုင်မိ၍ ဓာတ်လိုက် သေဆုံး သွားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရုံးမှ သိရသည်။သေဆုံးသူမောင်ဝေယံအေးမှာ စည်ပင် အမှိုက်ပုံဝင်း၊ ( ၅ဝ ) ရပ်ကွက်၊ မြောက်ဒဂုံ မြို့နယ် တွင် နေထိုင်ကာ အမှိုက်ပုံဝင်းအတွင်းရှိအုတ်ရေကန်တွင် ရေချိုး နေစဉ် ဝါယာကြိုး နှင့် ထိနေသည့် သံပိုက်လုံး အား လက်ဖြင့် ကိုင်မိစဉ် ဝဲလက်မ နှင့် လက်ညိုး ကြားတွင် စုတ်ပြတ် ဒဏ်ရာ ( ၁ ) ချက် ရရှိခဲ့၍ ဒဂုံမြောက် ဆေးရုံသို့ ပိုဆောင်စဉ် သေဆုံးခဲ့သည်။

သေဆုံးသူကိုမြောက်ဒဂုံဆေးရုံမှပီအာ-၂ဝဖြင့်လက်ခံ ထားရှိကာ ဓမ္မတာ အတိုင်း သေဆုံခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန်ဒဂုံမြောက် ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၃၂ / ၁၂ ဖြင့် စုံစမ်း စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရုံးမှ သိရှိရသည်။

The Voice Weekly

0 comments:

Post a Comment