Pages

Saturday, November 3, 2012

တာချီလိတ်မြို့ ဆန်ဆိုင်းရပ်ကွက်တွင် အာပီဂျီ ဗုံးသီး နှင့် ကျည် တစ်ချို့ ဖမ်းဆီးသိမ်းဆည်းရမိ

 
နိုဝင်ဘာ(၂)ရက်နေ့ည(၉)နာရီခန့်ကတာချီလိတ်မြို့ဆန်ဆိုင်းရပ်ကွက်မှာအာပီဂျီဗုံးသီးများနဲ့ကျည်များမ်းဆီးသိမ်းဆည်းရမိခဲ့
တယ်လို့သိရပါတယ်။
တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးသန့်ဇင်၊ တာချီလိတ်( မူးယစ် )မှ ရဲအုပ်မြင့်နိုင်ဦး ဦးစီးသောအဖွဲ့ဝင်များ၊ဒ/န ခေါင်းဆောင် ရဲအုပ်ဝင်းဇော်ထွန်း ဦးစီးသောအဖွဲ့ဝင်များ၊ နယ်ထိန်းခေါင်ဆောင် ဒုရဲအုပ် မြင့်ထွေး နှင့် အဖွဲ့ဝင်များ၊ 
 
ခမရ(၃၅၉)တပ်မှ ဒု-တပ်ရင်းမှူး  မှူးညီညီနိုင် ဦးစီးသောအဖွဲ့ နှင့် စရဖ မှ ဒုတက လွင်ကိုကိုဦး စသည့် ပူးပေါင်းအဖွဲ့များသည် လက်နက်/ခဲယမ်းနဲ့မူးယစ်ဆေးဝါးသတင်းအရ ဆန်ဆိုင်းရပ်ကွက်ထဲက နေအိမ်တစ်ခုကိုဝင်ရောက် စစ်ဆေးရှာဖွေတာဖြစ်ပါတယ်။

 (ဖမ်းဆီးသိမ်းဆည်းရမိသော လက်နက်များနှင့်အတူ)

၎င်းတို့ဝင်ရောက်စစ်ဆေးရှာဖွေရာမှာအဖြူရောင်ဆာလာအိတ်အဟောင်း(၁)လုံးအတွင်း
မှအာပီဂျီဗုံးသီး(၃)လုံး၊ပို့ကျည်(၃)တောင့်၊
အမ်(၁၆)ကျည်ကဒ်(၁)ခု နဲ့ ၅.၅၆ ကျည် (၁၀)တောင့်တို့ကို ရှာဖွေတွေ့ရှိခဲ့ကြပြီးနောက်လက်နက်များနဲ့အတူ တရားခံလို့  ယူဆ
ရသူအားဖမ်းဆီးခဲ့ပြီးတာချီလိတ်(မူးယစ်)ရုံးမှာစစ်ဆေးလျှက်ရှိကြောင်းနဲ့ အမှုဖွင့်အရေးယူနိုင်ရန်အတွက်  ဆောင်ရွက်လျှက်ရှိ
ကြာင်း သိရှိရပါတယ်။
 
မြ၀တီ

0 comments:

Post a Comment