Pages

Saturday, November 3, 2012

ယနေ့ မြောက်ဦးမြို့တွင်နယ် ရခိုင်အမျိုးသားနှစ်ဦး၏ အလောင်းထပ်မံတွေ့ရှိ((သတိ)( နှလုံးရောဂါရှိသူများမကြည့်ရ)


2012ခုနှစ်aအာက်တိုဘာလ(၂၂.၂၃.၂၄)ရက်နေ့များကရခိုင်ပြည်နယ်  မြောက်ဦးမြို့ နယ်တွင် ဖြစ်ပွားသော အဓိကရုဏ်းကြောင့် ဒဏ်ရာရရှိသူ (၃၈) ဦးရှိပြီး သေဆုံးသူ (၁၅) ဦး ရှိခဲ့ရာ (၆) ဦးကိုသာ အောက်တိုဘာလ (၂၂.၂၄ .၂၆) ရက်နေ့များကအလောင်းများရရှိပြီး သင်္ဂြိုဟ်ပြီးဖြစ်သော်လည်းသေဆုံးသွားသူရခိုင်အမျိုးသား
(၉) ဦးမှာ အလောင်းမရရှိဘဲ (၁၁) ရက်အထိ ကြာမြင့်နေပြီးဖြစ်သည်။


ယနေ့နိုဝင်ဘာလ (၃) ရက်နေ့တွင် ပုရိန်(ဘင်္ဂလီ) ကျေးရွာမှလယ်ကွင်းများတွင် မြှုပ်နှံထားသည်ကိုလုံခြုံရေး
တပ်ဖွဲ့များနှင့် သွားရောက်ရှာဖွေခဲ့ရာ နံနက် (၁၀) နာရီခန့်အချိန်တွင် အလောင်း  (၂) လောင်းနှင့်အ၀တ်အ
ချို့ရရှိခဲ့ကြောင်းသိရသည်။


တစ်လောင်းမှာဦးလှထွန်းစိန် (၆၃ နှစ်၊ရတနာပုံရွာ၊ ညောင်ပင်ဈေးရပ်ကွက်ဖြစ်ပြီး(၂၂ .၁၀.၂၀၁၂) နေ့တွင်
သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။ကျန်တစ်လောင်းမှာ ဦးမောင်ခင် (၄၉) နှစ် ဆင်ချဆိပ်ရပ်ကွက် ဖြစ်ပြီး (၂၄
.၁၀ .၂၀၁၂)နေ့တွင် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။

အ၀တ်အစားတစ်ခုဖြစ်သည့် ဘောင်းဘီတစ်လုံးမှာ ဦးမောင်ဘုချေ (၄၂) နှစ် မြင်းခုန်တန်းရပ်၊ လော်ကမူရပ်
ကွက်၏ အ၀တ်အစားဖြစ်သည်ဟု သိရှိရသော်လည်း အလောင်းကို ရှာဖွေလို့ မရရှိခဲ့ပါ။ ၄င်းမှာ (၂၂ .၁၀.၂၀
၁၂) နေ့တွင် သတ်ဖြတ်ခံခဲ့ ရခြင်း ဖြစ်သည်။

ကျန်ပျောက်ဆုံးနေသောအလောင်း(၇) လောင်းမှာယနေ့အချိန်အထိရှာဖွေရရှိခြင်းမရှိသေးကြောင်းသတင်း
ရရှိသည်။


Rakhine State View


0 comments:

Post a Comment