Pages

Saturday, November 3, 2012

ရခိုင်အဓိရုဏ်း ချင်းပြည်နယ်အထိ ထိပါးလာ

လက်ရှိ ရခိုင်ပြည်နယ် တွင်ပြန်လည်ဖြစ်ပွားနေသည့် အဓိကရုဏ်းသည် ကုလားတန် ကုန်သွယ်ရေးလမ်းကြောင်းအထိ ထိပါးလာပြီဟု ချင်းလူမျိုး စက်လှေကုန်သည် တဦး က ပြော သည်။
ရခိုင်ပြည်နယ်ကနေ စီးပွားဖြစ် အဓိကတင်ပို့လာတဲ့ ၀က်ကုန်သည်တွေဟာ ရခိုင်ပြည်နယ်ထဲကို မ၀င်ရဲကြတော့ဘူး၊ ကျတော်တို့ ရခိုင်နဲ့ ချင်း စီးပွားရေးသမားတွေအင်မတန်ထိခိုက်တယ်” ဟု ၀က်ကုန်သည် ပက်ထရစ်က ယနေ့ပြော သည်။

ကုလားတန်မြစ်ကြောင်းပေါ် စီးပွားရေးသမားများသည် ရခိုင်ပြည်မြောက်ပိုင်း လက်ရှိ အဓိကရုဏ်းဖြစ်ပွားနေ သည့် ဒေသမှ ၀က်များကို ချင်းတောင်နှင့် မီဇိုရမ်နယ်စပ်သို့ တင်ပို့ရောင်းချကြသော်လည်း လက်ရှိ ရပ်တန့်လိုက်ပြီဖြစ်သည်။

“ တလမှာ အနည်းဆုံး ၀က်ကောင်ရေ ၂၀၀ လောက်ဝင်တာ ၊ အခု လုံခြုံရေးကြောင့် မသွားလာရဲကြတော့ဘူး” ဟု ဆက် ဆိုသည်။ ကုလားတန်မြစ်ကြောင်းပေါ်တွင် စက်လှေ အစီးရေပေါင်း ၂၀ ခန့်သည် အဓိကအားဖြင့် ၀က်ကို တင်ပို့ ရောင်းချကြသည်။

ရခိုင်အဓိကရုဏ်းသည် လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းလမ်းကြောင်းပေါ်သို့ တွန်းတင်နေ ဟန်ရှိပြီးနိုင်ငံ ရေးပြဿနာ အသွင်သဏ္ဍာန်တခုအဖြစ် ဖန်တီးနေဟန်ရှိသည်ဟု ယူဆကြောင်း ရခိုင်ပြည်သူလူထု တရပ်လုံး၏ လုံခြုံရေး ကိုခြိမ်း ခြောက်နေသည့် လုပ်ရပ်များကို အမျိုးသားအကျိုးစီးပွား အခြေခံအောက်မှကာကွယ် သွားနိုင်ရေးအ တွက်တတ်င်သည့်ဖက်မှ ပြည်သူလူထုတရပ်လုံးနှင့် အတူလက်တွဲတိုက်ပွဲဝင်သွားမည်ဟု Arakan National Council မှ အောက် တိုဘာ ၂၇ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ် ပဋိပက္ခနှင့် မတည်ငြိမ်မှုများကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း (၁၁) အရေးပေါ်ကာလ ဆိုင်ရာ စစ်တပ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်နိုင်သည့် ပြဋ္ဌာန်းချက်များ အတိုင်း ရခိုင်ပြည် အုပ်ချုပ်မှုပိုင်းကို တပ်မတော်သို့ ပိုမိုလွှဲ အပ်ထားကြောင်း သတင်းများအရ သိရသည်။

 “ ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် စစ်တပ်က စစ်တပ်နေရာမှာပဲ ရှိနေသင့်တယ်၊ အုပ်ချုပ်ရေးနှင့် တရားစီရင် ရေးပိုင်း ကို သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများကပဲ ကိုင်တွယ်ဖြေရှင်းကြဖို့ပါ” ဟု ANC အထွေထွေအတွင်းရေးမှူး ကို ထွန်းဇော် က ခိုနုမ်းထုန်ကို ပြောသည်။

အဓိကရုဏ်းကြောင့် ရခိုင်မိဘပြည်သူတချို့သည် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့သို့ သားသမီးများအား ကျောင်း ပို့ထားကြကြောင်း ဘင်္ဂလီလူမျိုးများသည်လည်း အိန္ဒိယ – မြန်မာနယ်စပ် တမူး၊ မိုးရေး ကလေးမြို့ဖက်မှ မြန်မာပြည် တွင်းသို့ ခိုးဝင်နေကြ သည်ဟု လည်း သတင်းများက ဆိုသည်။

 ခိုနူမ်းထုန်

0 comments:

Post a Comment