တစ်ဖက်မှလည်း နိုင်ငံတကာ အသိအမှတ်ပြုကျောင်းများပြန် လည်ဖွင့်လှစ် ရန်ကြိုးစားနေသကဲ့သို့ တစ်ဖက်မှလည်း မြန်မာနိုင်ငံရှိ နည်းပညာကျောင်း သားများသင် ကြားမှုစနစ်ပိုမိုအဆင့်မြှင့်တင် ရန်
အတွက် မြန်မာနိုင်ငံရှိ နည်းပညာ တက္ကသိုလ်များတွင် မြန်မာဆက်
သွယ်ရေးစာတိုက်နှင့် ကြေနန်း ၀န်ကြီးဌာနမှ Wimax အင်တာနက်
စနစ်များတပ်ဆင်ပေးသွား မည်ဖြစ် ကြောင်း သိရသည်။မြန်မာနိုင်ငံရှိနည်းပညာတက္ကသိုလ်များတွင်Wimaxအင်တာနက်စနစ်တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကွန်ပျူတာ ပညာဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ
ဦးသိန်းထွန်းကပြောကြားရာတွင်-----
“ကျွန်တော်တို့နိုင်ငံတော် အတွက် အရည်အချင်းပြည့်ဝပြီး နိုင်ငံတကာနဲ့
ရင်ဘောင်တန်းနိုင် သော လူ့စွမ်းအားအရင်းအမြစ် ရရှိစေဖို့
ကျန်းမာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနဲ့ သိပ္ပံနှင့်
နည်းပညာဝန်ကြီးဌာန၊အောက်မှာရှိနေတဲ့တက္ကသိုလ်၊ ကောလိပ် အားလုံးကို
နိုင်ငံတကာတက္ကသိုလ် တွေရဲ့ EducationNetworkတွေနဲ့ချိတ်ဆက်နိုင်စေဖို့BroadbandEducationNetwork ကို ဖိုက် ဘာဆက်ကြောင်းတွေနဲ့ မချိတ်
ဆက်နိုင်သေးခင် Wimax အင်တာနက်စနစ်နဲ့ စတင်ဝန် ဆောင်မှုပေးနိုင်ဖို့
သက်ဆိုင်ရာဝန် ကြီးဌာနတွေနဲ့ ညှိနှိုင်းဆောင်ရွက် နေပါတယ်။
မကြာသေးမီကပင်ရန်ကုန်နည်းပညာတက္ကသိုလ်ကိုWimaxအင်တာနက်စနစ်စတင်တပ်ဆင်ပေးခဲ့ပြီးမကြာခင်
မှာမန္တလေး နည်းပညာတက္ကသိုလ် ရတနာပုံဆိုင်ဘာစီတီး) နှင့်
မန္တလေးရတနာပုံ တက္ကသိုလ်တွေမှာ Wimax အင်တာနက်စနစ်တွေနဲ့အင်တာနက်သုံးပြီးဆရာ၊ ဆရာမတွေ ကျောင်းသူကျောင်းသားတွေကို နိုင်ငံတကာ
တက္ကသိုလ်တွေနဲ့
ချိတ်ဆက်နိုင်အောင်ဆောင်ရွက် ပေးသွားမှာဖြစ်ပါတယ်။
ဒါအပြင် ICT
လူ့စွမ်းအား အရင်းအမြစ် (ICT HRD) ပြုစုပျိုးထောင်ပေး ရေးအပိုင်းမှာ
သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနအောက်မှာရှိနေတဲ့
ရန်ကုန်ကွန်ပျူတာတက္ကသိုလ်နဲ့ မန္တလေးကွန်ပျူတာတက္ကသိုလ်တို့ ကို ၂၀၁၂-၂၀၁၂ခုနှစ်စာသင်နှစ်ကစပြီးCentreOfExcellence(COE)အဖြစ်အဆင့်မြင့်တင်ပြီး သင်ကြားပေးသွား
မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ပညာရေးမြှင့်တင်ပို့ဆိုလျှင်အချက်၂ချက်ရှိပြီး
ပထမတစ်ချက်သည်သင် ထောက်ကူပစ္စည်းအ
စုံအလင်ရှိ ဖို့နှင့် ဒုတိယအချက်သည်သင်ကြား
မှုစနစ်ပြောင်းလဲရန်လိုကြောင်း သိရသည်။
ဖြိုးအောင်
The Hot News
မြန်မာနိုင်ငံ၏ပညာရေးမြှင့်တင်ပို့ဆိုလျှင်အချက်၂ချက်ရှိပြီး ပထမတစ်ချက်သည်သင် ထောက်ကူပစ္စည်းအ
ဖြိုးအောင်
The Hot News
0 comments:
Post a Comment