“ကျွန်တော်တို့ ဒီနေရာတွေ မှာ လုပ်ကိုင်စားသောက်လာခဲ့တာ (၃၅)
နှစ်ကျော်ပါပြီ အရင်ပါတီ ကောင်စီခေတ်ထဲက ကြံစီမံကိန်း တွေ
ပြောင်းစီမံကိန်းတွေလုပ်ခဲ့ တယ်။ ပြီးတော့တပ်မတော်အစိုးရ
တက်လာတဲ့အခါမှာလည်း ၁၉၉၃ ခုနစ်ကစပြီးတော့ ကြံစီမံကိန်းကို တပ်က ဧက ၁၀၀၀
ကျွန်တော် တို့ ဒေသခံတွေက ဧက ၁၀၀၀ ကြံစီမံကိန်းတွေလုပ်ခဲ့ရတယ်။
လက်ရှိခုကျွန်တော်တို့ကျူးကျော် တယ်ဆိုပြီး တရားစွဲခံရတဲ့နေရာ လေးပေါ့။အဲဒီကနေကျွန်တော်တို့
ကြံတွေစိုက်ပြီး ပျဉ်းများသကြား
စက်တို့ တောင်ဆည်ကြီး
သကြားစက်တို့ကိုပေးခဲ့ရတယ်။ ၂၀၁၁မှ ၈ လပိုင်းမှာ လယ်/ဆည်
ဝန်ကြီးဦးမြင့်လှိုင်ကနေ အဲဒီကနေ ဧက ၁၀၀ သိမ်းလိုက်တယ်။ ကိုင်းပေလွေးကွင်း
(၂)ထဲက နေသိမ်းလိုက်တာပြီးတော့ ကွင်း မြောက်ဘက်နားက ကြေးတိုင်မြေ ဧက ၁၀၀
ကျော်ကိုလည်း ဦးမြင့်လှိုင်မိန်းမက သိမ်းလိုက် တယ်။
ဦးမြင့်လှိုင်က တောင်ဘက်
မှာ သိမ်းတယ်။ ဦးမြင့်လှိုင်မိန်းမက မြောက်ဘက်မှာသိမ်းတယ်။ စစချင်းတောင်သူ
၆၃ ယောက်ကို ဦးမြင့်
လှိုင်နဲ့ အမိန့်နဲ့ ၆.၁၂.၂၀၁၂ မှာ
ကိုင်းပလေးသစ်တောကွင်းက ဦးစီးဦးမောင်မောင်သိန်းထိုက်က တရားလိုလုပ်ပြီး
တရားစွဲတယ်။ ဒါ
ပေမဲ့ အဲဒီအမှုကို ၈.၆.၂၀၁၂ မှာ အမှုရုတ်သိမ်းလိုက်တယ်။
သစ်တောကျူးကျော်ပုဒ်မ ၄၀ (က) နဲ့ စွဲတာ နောက်လည်းကျရော ၁၃.၉.၂၀၁၂မှာ
ပထမတစ်ခါ တရားစွဲခံရတဲ့ အိမ်ထောင်ဦးစိး (၆၃)
ယောက်ရဲ့ မိသားစုထဲက အသက်
(၁၈)နှစ်ပြည့်ပြီး သူတိုင်း ကို တရားစွဲတာ စုစုပေါင်း (၁၂၅) ယောက်
တရားစွဲခံရတယ်။ ဒါတွေ က ကျွန်တော်တို့လုပ်စားလာတာ ကြပါပြီဗျာ။
အဲဒါကိုခုမှ သစ်တော ပိုင်ဆိုပြီး တရားစွဲတာ အဲဒီသလို တရားစွဲခံရတဲ့ထဲမှာ
လေဖြတ်နေ တဲ့ သူတွေလည်းပါတယ်”ဟု အဆိုပါတရားစွဲခံရခြင်းအား ကူညီ
ပေးနေသူဦးတင်မြင့်မှ ပြောကြား သွားခဲ့သည်။
တရားစွဲခံတောင်သူများ၏ ဆက်လက်ပြောပြချက်များအရ ရွှေခဲအင်းအုပ်စုအုပ်ချုပ်ရေးမှူ
ဆောင်လာ
ရကြောင်း ရောဂါအခြေအနေ အလွန်ဆိုးဝါးသဖြင့် တရားရုံးသို့
မလိုက်လာနိုင်ရှာသော သက်ကြီး ရောဂါသည်များနှင့် ပတ်သက်၍ လည်း
မဖြစ်မနေတရားရုံးသို့ခေါ် လာရန် တရားရုံးမှ ဖိအားပေး ကြောင်း သိရှိရသည်။
ခန့်ခန့်(ဒဿနိက)
ခန့်ခန့်(ဒဿနိက)
The Hot News
0 comments:
Post a Comment