Pages

Monday, October 15, 2012

နိုက်ဂျီးရီးယားနိုင်ငံရှိ ဗလီတခုအတွင်း သေနတ်သမားများ ရမ်းကား ပစ်ခတ်မှုတခုကြောင့် လူ၂၁ဦးသေဆုံး


ဗလီတစ်ခုတွင် လူ(၂၁)ဦး သေဆုံးစေခဲ့သည့် ရမ်းကား ပစ်ခတ်မှုသည် ဘာသာရေး အဓိကရုဏ်း တစ်ခု မ
ဟုတ်ဘဲ ရာဇဝတ်မှု တစ်ခုသာဖြစ်ကြာင်း နိုက်ဂျီးရီးယား စစ်တပ်က ပြောကြားလိုက်သည်။ တနင်္ဂနွေနေ့က
 နိုင်ငံ အရှေ့မြောက်ပိုင်း မိုင်ဒူဂူရီမြို့တွင် ဗုံးပေါက်ကွဲမှု တစ်ခုနှင့် သီးခြား ပစ်ခတ် တိုက်ခိုက်မှု နှစ်ခုတို့အ
တွင်း လူ(၄)ဦးထက်မနည်း သေဆုံးခဲ့သေးသည်။
ထို့အပြင် မြောက်ပိုင်းရှိ ကာဒူနာ ပြည်နယ်မှ ဒိုဂွန်ဒါဝါ ရွာလေးတွင် နံနက်ပိုင်း ဝတ်ပြုဆုတောင်းသူများ ရှိနေ
သော ဗလီကို သေနတ်သမားများက ဝင်ရောက် ပစ်ခတ် သတ်ဖြတ်မှုကြောင့် လူ(၂၁)ဦး သေဆုံးခဲ့ပြန်သည်။

တ်တလော ခရစ်ယာန်နှင့် မွတ်ဆလင် ဘာသာဝင်များကြား တင်းမာမှုများ ရှိနေသည့် အာဖရိက နိုင်ငံတွင်
 ဖြစ်ပွားသော အဆိုပါ ပစ်ခတ်မှုမှာမူ ဘာသာရေး အဓိကရုဏ်း မဟုတ်ဟု စစ်တပ်က ဆိုသည်။


ဓားပြများဟု ယူဆရသည့် လက်နက်ကိုင် အင်အားစု တစ်ခုကို ပြည်သူ့စစ်များက တွန်းလှန်ခဲ့သည့်နောက် တနင်္ဂနွေနေ့ကမူ လက်စားချေသည့် အနေဖြင့် အဆိုပါ ရွာသို့ ပြန်ရောက်လာကာ ဗလီအတွင်း တွေ့သမျှ လူအားလုံးကို ပစ်ခတ် သတ်ဖြတ်သွားခြင်းဟု သိရသည်။ သေဆုံးသူများအနက် အချို့မှာ ဗလီပြင်ပတွင်ပင် ပစ်ခတ် ခံခဲ့ရခြင်း ဖြစ်သည်။

"အသေအပျောက် (၂၁)ယောက် ရှိတယ်။ တခြား ဒဏ်ရာရတဲ့သူ တချို့ကိုလည်း ဒေသတွင်းက ဆေးရုံတွေ
ဆီ ပို့ပေးလိုက်ရတယ်"ဟု အမျိုးသား အရေးပေါ် အခြေအနေ စီမံရေးဌာနမှ မူဆာ အီလီလာက ပြောကြား
သွားသည်။ နိုက်ဂျီးရီးယားသည် လက်ရှိအနေအထားအရ ဘာသာရေးဆိုင်ရာ ဂိုဏ်းကွဲမှုများကြောင့် တင်း
မာမှုများ မြင့်တက်နေပြီး ဇွန်လအတွင်း ခရစ်ယာန် ဘုရားကျောင်း (၃)ခုကို ဘိုကိုဟာရမ် မွတ်ဆလင်အစွန်း
ရာက် တပ်ဖွဲ့များက အသေခံ ဗုံးခွဲခဲ့သည်။

ထို့အတူ ဒေါသထွက်နေသော ခရစ်ယာန် ဘာသာဝင် အချို့က ၎င်းတို့၏ အိမ်နီးချင်း မွတ်ဆလင်ဘာသာဝင်
 ဒါဇင်နှင့်ချီသော အရေအတွက်ကို လက်တုံ့ပြန် သတ်ဖြတ်ကာအလောင်းများကိုမီးတင်ရှို့မှု ဖြစ်ပွားခဲ့သည်။
 အပြန်အလှန်အားဖြင့် မွတ်ဆလင် ဘာသာဝင်များက ခရစ်ယာန်များကို သတ်ဖြတ်မှုများလည်း ရှိခဲ့ကြောင်း သိရသည်။

ယခုကိစ္စမှာမူ ဘာသာရေး ပြဿနာ မဟုတ်ဘဲ ရှင်းလင်းသော လက်နက်ကိုင် ဓားပြမှုဟု စစ်ဘက်က ဆို
သည်။ နိုက်ဂျီးရီးယား စစ်တပ်သည် လက်စားချေ သတ်ဖြတ်မှုများ ပြုလုပ်သွားသော အဆိုပါ ဓားပြဂိုဏ်းကို
 ခြေရာခံ ရှာဖွေနေဆဲဟုလည်း သတင်းထုတ်ပြန်ထားသည်။

0 comments:

Post a Comment