Pages

Monday, October 15, 2012

ကမ္ဘာ့အရှည်ဆုံး အလံအဖြစ် ဂင်းနစ်မှတ်တမ်းတွင် စံချိန်တင်နိုင်ရန် အာဂျင်တီးနားဘောလုံးဝါသနာအိုးများ ကြိုးပမ်း


အာဂျင်တီးနား နိုင်ငံမှ River Plate ဘောလုံး ဝါသနာရှင် ထောင်ပေါင်း များစွာသည် ကမ္ဘာ့အရှည်ဆုံး အလံကြီးကိုကိုင်ဆောင်လျက် ဗျူနိုအဲရစ် မြို့တော်ရှိ လမ်းတစ်လျှောက်တွင် အောက်တို ဘာ ၈ ရက်က စီတန်း လှည့်လည် ခဲ့ကြကြောင်း  အင်တာနက် သတင်း တစ်ရပ် အရ သိရသည်။
အဆိုပါ အလံကြီးကို အပြာနှင့် အဖြူအရောင် နှစ်ရောင်ဖြင့် ဆေးခြယ် ထားပြီး အလျား ၇၈၂၉ ဒသမ ၇၄ မီတာရှည် လျား၍ အနံမှာ ၄ ဒသမ ၅ မီတာ အကျယ် ရှိကြောင်း သိရသည်။
 
ထို အလံကြီးကို ကစားကွင်း ဟောင်းမှ မွန်နျူမန် တယ်လ် အားကစား ကွင်းသို့ သယ်ဆောင် သွားခြင်း ဖြစ်ကြောင်း သိရသည်။
 
၎င်းအလံအား ရိုက်ကူး ထားသော ဓာတ်ပုံများကို နောက်ဆုံးအကြိမ် အတည်ပြု စစ်ဆေးမှုများ ပြုလုပ်ရန် အတွက် ဂင်းနစ်အဖွဲ့ မှ အကဲဖြတ် သူများ ထံသို့ ပေးပို့ ခဲ့ပြီး တရားဝင် သတင်း ထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။
 
 
မြ၀တီ

0 comments:

Post a Comment