Pages

Monday, October 15, 2012

မျှော်စင်ကျွန်းတွင် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကျင်းပမည်

မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်မှ ကြီးမှူး၍ Gandamar Wholesale မှ အဓိကပံ့ပိုးကူညီ ကာ တောင်ကလေး ရိုးရာလက်ဝှေ့အသင်း၊ ရတနာစံတော် ကုမ္ပဏီနှင့် မြန်မာမီဒီယာဂရု(ပ်) တို့ပူး ပေါင်း စီစဉ်သည့် ''လက်ခုပ်သံညံ မစဲ မျှော်စင်ကျွန်းမှ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ'' ကို အောက်တိုဘာ ၂၅ ရက် ညနေ ၆ နာရီတွင် ကရဝိက် ဥယျာဉ်မျှော် စင်ကျွန်း ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ယှဉ်ပြိုင်ထိုးသတ်ကြမည့် မြန်မာ့ လက်ဝှေ့အကျော်အမော်များမှာ တွေ့မရှောင်(နဂါးမာန်)နှင့် သတ္တိအောင် (တောင်ကလေး)၊ ကညောထူး(ရွှေကုက္ကိုလ်)နှင့် စောဂေါ်မူတို(T & T)၊ ပဲပြားမောင်မောင်(ရွှေကုက္ကိုလ်)နှင့် ထက်အောင်ဦး (တောင်ကလေး)၊
 
 စောလှကြည်ထူး (တောင်ကလေး)နှင့် ဒေါင်းသည်းချေ(ဝါဆို)၊ ဝီလျှံ(ရွှေ ကုက္ကိုလ်)နှင့် ရွှေဖလား(နဂါးမာန်)၊ ဆက်ထူးအောင် (တောင်ကလေး)နှင့် လှစ်လှစ်လေး (အဖြူရောင် သွေးသစ်)၊ ကညောဖိုး(ရွှေကုက္ကိုလ်)နှင့် ရဲမြင့်အောင် (အဖြူရောင်သွေးသစ်)၊
 
 နောင်လုံမင်း (တောင်က လေး)နှင့် ဇွဲမောင်မောင် (အဖြူရောင် သွေးသစ်)၊ စောမင်းအောင်(တောင် ကလေး)နှင့် ခွန်ရှိုင်းထက်(ဝါဆို) စသည့် တွဲဆိုင်းများဖြစ်ကြသည်။

ဝင်ကြေးကို ငွေကျပ် ခုနစ်ထောင်နှင့် ငွေကျပ်တစ်သောင်းသတ်မှတ်ထားပြီး T&T Group ဖုန်း-ဝ၁-၃၈၇၃၈၂နှင့် Media Group ဖုန်း-ဝ၁-၈၆ဝ၃၈၁၉ တို့သို့ ဆက်သွယ်စုံစမ်း၍ ကြိုတင် လက်မှတ်များ ဝယ်ယူရရှိနိုင်ကြောင်း သတင်းရရှိသည်။
  

0 comments:

Post a Comment