Pages

Monday, October 15, 2012

SSPP နှင့် အစိုးရတို့ ဆက်လက် တိုက်ပွဲဖြစ်ရန် အနေအထားရှိ

ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) နှင့် အစိုးရ ပြသနာ ဖြစ်နေသည်မှာအစိုးရတပ်ဖွဲ့ကတမင်ဝင်တိုက်ပြီး ရာဇသံပေး နေသည့် ကိစ
ဖြစ်သော်လည်း အမျိုးသား လုံခြုံရေး ၀န်ကြီးဌာန၀န်ကြီး ဦးအောင်မင်းတို့က ဖြေရှင်းခြင်း မရှိဟု တွေ့ဆုံ ဆွေးနွေးပွဲကိုတက်ရောက်
ခဲ့သူ SSPP မှ ဗိုလ်မှူး စိုင်းလ က ဆိုပါသည်။“အဲဒီ ရာဇသံ ကိစ္စ၊ မိုင်းရှူးမြို့နယ်က တာ့ဆမ်းဖူး ကူးတို့ဆိပ် ကိစ္စတွေကို ဆွေးနွေးမယ်ထင်ထားတယ်။ဒါပေမဲ့အဲဒါကိုအရှေအလယ်
ပိုင်း တိုင်းမှူးနဲ့ လွှဲလိုက်တယ်။ တိုင်မှူးကလည်း ဘယ်နေ့ဆွေးနွေးမလဲ ဆိုတာကိုလည်း မပြောဘူးဗျ။ ဒီတော့ ဖြစ်နေတဲ့ ပြသနာကို ဒီအတိုင်းထားခဲ့တယ်။ ပြီးတော့တဆင့်တိုးပြီးတပ်မိသားစု နေရာချထားရေးကိစ္စကိုဘဲမူအားဖြင့်သဘော တူထားပြီးတော့ ဆွေးနွေး
ပွဲကို အဆုံးသတ် လိုက်တာပါ” ဟု ဆိုပါသည်။

တပ်နေရာ ချထားရေးကို တိုင်းမှူးနှင့် တွေ့ဆုံ ဆွေးနွေးပြီးမှ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး အဖွဲ့နှင့် ထပ်မံ တွေ့ဆုံပြီး အကောင်
အထည် ဖေါ်သွားမည်ဟု ထင်ရသော်လည်း၊ တိုင်းမှူးနှင့် တွေ့ဆုံရန်ကိုမူ ရက် သတ်မှတ်ထားခြင်း မရှိပေ။ SSPP နှင့် အစိုးရတို့၏
ဆွေးနွေးမှုသည်လည်း ပြီးခဲ့ သည့်၂၀၁၁ ခုနှစ် ဇန္နာဝါရီ ၌ စတင်ပြီး အပစ်အခတ် ရပ်စဲရေး ကိစ္စကို ဆွေးနွေးခဲ့ပြီး နောက်ပိုင်းတွင် ယခုမှ နောက်ထပ် တကြိမ် ထပ် မံ တွေ့ဆုံခဲ့ခြင်း ဖြစ်ပါသည်။ ဤသို့ ဆိုပါက တိုင်းမှူးနှင့် ထပ်မံ တွေ့ဆုံရမည့် အရေးသည် ရက်ကန့်
သတ် ထားခြင်း မရှိသဖြင့် SSPP ၏ တပ်နေရာ ချထားရေး သည်လည်း မရေမရာ အခြေအနေနှင့် ရှိနေမည်ဖြစ်သည်။

ဦးအောင်မင်းသည် အစိုးရတပ်နှင့် SSPP တပ်များ အကြား တိုက်ပွဲများ ဖြစ်ပွား နေရခြင်းသည် ဆက်ဆံရေးရုံးနှင့် တပ်နေရာ ချထား
ခြင်း မရှိသေးသည့် အတွက်သာ ဖြစ်နေရကြောင်း လွှတ်တော်သို့ ပြီးခဲ့သည့် သြဂုတ်လတွင် တင်ပြ ခဲ့ပါသည်။

“အခု ဆွေးနွေးပွဲ ကတော့ တပ်နေရာ ချထားရေး မပါခဲ့ပါဘူး၊ တပ်မိသားစု နေရာချထားရေးကိုဘဲတင်ပြကြပါတယ်။ကျနော်တို့တပ်
မဟာ (၃) နဲ့ (၆) က မိသားစု (၃) ထောင်လောက် ရှိမယ်။ အဲဒါကို နေရာချဖို့ မိုင်းရှူးမြို့နယ်က မိုင်းအော့ ဒေသမှာ ဧက တသောင်း
လောက်တော့ တောင်းထား ပါတယ်။ ဒါလည်း မှန်းတာက ဒီဇင်ဘာ မတိုင်ခင်ကျမှ အကောင် အထည် ဖေါ်ဖြစ်မယ် ထင်ပါတယ်” ဟု ဆိုပါသည်။

ဝန်ကြီး ဦးအောင်မင်းနှင့် ရှမ်းပြည်တိုးတက်ရေးပါတီတို့တွေ့ဆုံ ဆွေးနွေးနေစဉ်
(ဓါတ်ပုံ - အင်တာနက်)

SSPP သည် ရာဇသံ ကိစ္စနှင့် တပ်နေရာ ချထားရေးကို ဆွေးနွေး စေချင်ပါသည်။ သို့မှသာ အပစ်အခတ် ရပ်စဲမှု ခိုင်မြဲပြီး တိုက်ပွဲများ
 ဖြစ်ပွား နေခြင်းကို အဆုံးသတ်နိုင်မည်ဟု ဆိုပါသည်။ သို့သော် အစိုးရ ဖက်မှမဆွေးနွေး နိုင်သေးသဖြင့် တိုက်ပွဲများ ဆက်လက်ဖြစ်
ပွားစရာ ရှိလိမ့်မည်ဟု ယူဆနေပါသည်။

ယင်းအောက်တိုဘာ (၁၀) ရက်နေ့ ဆွေးနွေးပွဲသို့ တက်ရောက်သောအစိုးရကိုယ်စားလှယ်များမှာဝန်ကြီး ဦးအောင်မင်း ဦးဆောင်ပြီး
ပြည်ထောင်စု အဆင့် ငြိမ်းချမ်းမှု ဖေါ်ဆောင်ရေး အဖွဲ့ဝင် ဦးသိန်းဇော်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ အရှေ့အလယ်ပိုင်း တိုင်းမှုးနှင့်
 ပြည်ထောင်စု ဒုဝန်ကြီးများနှင့် ပြည်နယ် ဝန်ကြီးများ တက်ရောက် ခဲ့ပါသည်။

ရှမ်းပြည် တိုးတက်ရေး ပါတီဖက်မှ အထွေထွေ အတွင်းရေးမှူး စ၀်ခွန်ဆိုင် ဦးဆောင်သော ဗဟို ကော်မတီ ၀င် အဖွဲ့ဝင် ၉ ဦးတို့ တက်
ရောက် ဆွေးနွေးခဲ့ကြပါသည်။

ဤဆွေးနွေးပွဲသည် လောလောဆယ် ပြသနာ ဖြစ်နေသော SSPP နှင့် အစိုးရ တပ်ဖွဲ့များကြား တိုက်ပွဲဖြစ် ပွားနေမှုနှင့် ရာဇသံအပေး
ခံနေရမှုများကို ဖြေရှင်းခဲ့ခြင်း မဟုတ်သည့်အတွက် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားစေရေးအခြေအနေသာဆက်လက်ရှိနေမည်ဖြစ်
ကြောင်း စစ်ရေး အကဲခတ်များကလည်း သုံးသပ် နေကြပါသည်။

(ရွှေဟင်္သာသတင်းဌာန)

0 comments:

Post a Comment