Pages

Monday, October 15, 2012

မားစ်ဂြိုဟ်ပေါ်တွင် မတွေ့ရှိဖူးသည့် ကျောက်တုံးတစ်မျိုးကို Curiosity ဂြိုဟ်ဆင်းယာဉ်မှ တွေ့ရှိ


(မားစ်ဂြိုဟ်ပေါ်တွင် အသစ်တွေ့ရှိသည့် ကျောက်တုံးတစ်မျိုး)
မားစ်ဂြိုဟ် (အင်္ဂါဂြိုဟ်) မျက်နှာပြင်ပေါ် ရောက်ရှိနေပြီး စူးစမ်း သုတေသနပြုမှုများ လုပ်ကိုင်နေသည့် ဂြိုဟ်
ဆင်း ယာဉ်ငယ်လေး Curiosityသည် ယခင်က မားစ်ဂြိုဟ်ပေါ်တွင် မတွေ့ရှိဖူးသေးသော ကျောက်တုံး တစ်မျိုးကို တွေ့ရှိလာခဲ့သည်။
Jake Matijeivcဟု ချစ်စနိုးအမည် ပေးထားသော အဆိုပါ ကျောက်တုံးကို NASA၏ မောင်းသူမဲ့ ယာဉ်ငယ်
တွင် တပ်ဆင်ထားသော လေဆာရောင်ခြည်၊ X-Rayများဖြင့် သုတေသနပြု လေ့လာခဲ့ခြင်း ဖြစ်သည်။

အယ်လ်ကာလစ် ကျောက်တုံး အမျိုးအစား တစ်ခုဖြစ်ပြီး ယခင် ဂြိုဟ်ဆင်း လေ့လာရေး ယာဉ်များက မဖော်
ထုတ် မတွေ့ရှိခဲ့ဖူးချေ။

(မားစ်ဂြိုဟ်လေ့လာရေး Curiosity ဂြိုဟ်ဆင်းယာဉ်ငယ်)
ကမ္ဘာပေါ်တွင် အဆိုပါ ကျောက်မျိုးကို မြေကျွံချိုင့်ဝှမ်းများ၌ အဓိက တွေ့ရလေ့ရှိပြီး ဟာဝိုင်ယီ ကျွန်းပေါ်
တွင်လည်း ထင်ရှားစွာ တွေ့မြင်နိုင်သည်။

 ဂြိုဟ်နီကြီးဟု တင်စားခေါ်ဝေါ်လေ့ ရှိကြသော မားစ်ပေါ်တွင် လေ့လာမှုများ ဆက်လက် လုပ်ဆောင်နေပြီး ယခုတွေ့ရှိသော ကျောက်တုံးသည် ဂြိုဟ်မျက်နှာပြင်အောက် (၅)မိုင်မျှအကွာတွင်စတင်ဖြစ်တည်လာသည့်
 မီးသင့်ကျောက် အပိုင်းအစ တစ်ခုအဖြစ် ခန့်မှန်း မှတ်တမ်းတင်နိုင်ခဲ့သည်။


Planet Myanmar Network:

0 comments:

Post a Comment