Pages

Monday, October 15, 2012

ဘက်တီးရီးယားကိုအသုံးပြု၍ ၂၄ ကာရက်ရှိ ရွှေတုံးတစ်တုံး အီရန်သုတေသီဖန်တီး

 

အီရန် သုတေသီ တစ်ဦးဖြစ်သူ ကာဇမ်ကာ ရှီဖီသည် ၎င်း၏ အမေရိကန် လုပ်ဖော်ကိုင်ဖက် တစ်ဦးနှင့်အတူ ဘက်တီးရီးယား အဂ္ဂိရတ်ပညာ (Microbial alchemy) ကို အသုံးပြု၍ မီချီ ဂန် ပြည်နယ်တွင် ၂၄ ကာရက် ရှိသော ရွှေတုံး တစ်တုံးကို ဖန်တီး ပြုလုပ် ခဲ့ကြသည်ဟု  သိရသည်။
ရွှေတုံးအဖြစ်ဖန်တီးရာတွင်အသုံးပြုထားသည့်ဘက်တီးရီးယားမှာ Cu-priavidus metallidurans ဖြစ်ပြီး ၎င်းဘက်တီးရီးယားသည် gold chloride အဆိပ်အာနိသင်ကို ခုခံနိုင်စွမ်း ရှိခြင်းကြောင့် gold chloride  ဒြပ်ပေါင်းများ ကျွေးခဲ့ ရကြောင်း၊သီတင်း ပတ်တစ်ပတ် ကြာပြီးနောက် ၎င်းဒြပ်ပေါင်း များသည် ၂၄ ကာရက်ရှိ ရွှေစင်အဖြစ် ပြောင်းလဲခဲ့ခြင်း ဖြစ်ကြောင်း ကာဇမ်ကာ ရှီဖီက ပြောကြားသည်။
 
 ရွှေခဲအဖြစ် ဖန်တီး နိုင်ရေးအတွက် ၎င်းတို့ အသုံးပြု ထားသည့် ဘက်တီးရီးယား အဂ္ဂိရတ် ပညာ (Microbial alchemy)သည် တန်ဖိုး မရှိသော အရာဝတ္ထု တစ်စုံတစ်ခုကို တန်ကြေး ရှိသော သတ္တု ဖြစ်လာစေရန် ပြောင်းလဲ ပေးနိုင်စွမ်း ရှိကြောင်း အဏုဇီဝ ဗေဒနှင့် မော်လီကျူး ဗီဇဗေဒ ဌာန၏ လက်ထောက် ပါမောက္ခ ဖြစ်သူ ကာဇမ်ကာ ရှီဖီက ပြောကြား ခဲ့သည်။  
 
မြ၀တီ

0 comments:

Post a Comment