skip to main |
skip to sidebar
OIC ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရန်ကိစ္စမှာ ပြည်သူ့ဆန္ဒနှင့် မကိုက်ညီသဖြင့် ခွင့်ပြုမည် မဟုတ်ကြောင်း နိုင်ငံတော်သမ္မ္မတရုံး သတင်းထုတ်ပြန်
6:47 PM
Kolatt

OICဆက်ဆံရေးရုံးများဖွင့်လှစ်ရန်ကိစ္စမှာ ပြည်သူ့ဆန္ဒနှင့်မကိုက်ညီသဖြင့်ခွင့်ပြုမည် မဟုတ်ေ ကြာင်း နိုင်ငံတော် သမ္မ္မတရုံးက အောက်တိုဘာ ၁၅ ရက်နေ့
မွန်းလွဲပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါသတင်း ထုတ်ပြန်ချက်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေဖြင့်
နိုင်ငံအချင်းချင်း (သို့မဟုတ်) နိုင်ငံ အများ ပူးပေါင်းဆောင်ရွက်ရာတွင်
နားလည်မှု စာချွန်လွှာ MoU လက်မှတ်ရေးထိုးခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံတော်
သမ္မတက နိုင်ငံတော်၏ ဂုဏ်သိက္ခာ မထိခိုက်စေရန်၊ အမျိုးသားအကျိုးစီးပွား
မထိခိုက်စေရန်၊
နိုင်ငံတော်၏ အချုပ်အခြာအာဏာ မထိခိုက်စေရန်၊
နိုင်ငံတော်၏ သဘာဝပတ်ဝန်းကျင် မထိခိုက်စေရန် အစရှိသည့် လမ်းညွှန်ချက်များ
ချမှတ်ပေးထားပြီး ယင်းလမ်းညွှန်ချက်များအတိုင်း တိတိ ကျကျ ဆောင်ရွက်စေလျက်
ရှိသည်၊ ပြည်သူလူထုအကြားတွင် ပျံ့နှံ့ဖြစ်ပေါ်လျက်ရှိသော မြန်မာနိုင်ငံတွင်
လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးအပ်ရာတွင် ဆက်သွယ်ဆောင်ရွက်ရန်
OIC ရုံး ဖွင့်လှစ်မည့် သတင်းနှင့် စပ်လျဉ်း၍ ၄င်းရုံး ဖွင့်လှစ်ရန်ကိစ္စမှာ
ပြည်သူ့ဆန္ဒနှင့် မကိုက်ညီသဖြင့် ခွင့်ပြုမည် မဟုတ်ကြောင်း အစရှိသဖြင့်
ပါဝင်ခဲ့သည်။
Eleven Media Group
world time
0 comments:
Post a Comment