Pages

Monday, October 15, 2012

AZG အရာရှိများ ရခိုင်တိုင်းရင်းသားများနှင့် မောင်တောတွင် တွေ့ဆုံ

(ဓါတ္ပံု- မစၹ်ိမ)

AZG (MSF- Holland) အဖွဲ့မှ တာဝန်ခံများသည် ယမန်နေ့က မောင်တောမြို့တွင် ရခိုင်တိုင်းရင်းသား ဒေ
သခံများကို ဖိတ်ခေါ်ပြီး တွေ့ဆုံခဲ့သည်ဟု သိရသည်။အဆိုပါ တွေ့ဆုံပွဲအား မောင်တောမြို့မကျောင်းတွင်
နေ့လည် ၂ နာရီတွင် ပြုလုပ်ခဲ့ပြီး ရခိုင် တိုင်းရင်းသားများ ဘက်မှ ဆရာတော် ၅ ပါးနှင့် မြို့ခံ လူထု ၁၀၀ နီး
ပါး တက်ရောက်ခဲ့သည်ဟု ဆိုသည်။

“AZG ရဲ့  လူမျိုးမရွှေး၊ ဘာသာမရွှေး ကူညီပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ပုဒ်က ကောင်းပါတယ်။ ဒါပေမယ့် နှစ်ပေါင်း ၁၈ နှစ်လုံးလုံး AZG  မောင်တောမြို့နယ်မှာ လုပ်ကိုင်ခဲ့တဲ့ အချိန်ကာလ တလျှောက်လုံး
မှာ ဘယ်ဗုဒ္ဓဘာသာဝင်ကိုမှ ကူညီခဲ့တာ မရှိဘူး။ အကုန်လုံး ဘင်္ဂလီတွေအတွက်သာ လုပ်ကိုင်ပေးခဲ့တာရှိ
တယ်။ ဒါတွေကို ဆရာတော်တို့က ထောက်ပြလိုက်ပါတယ်” ဟု ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ အောင်
ဗလ ဆရာတော်ကြီးက မိန့်ကြားသည်။

ဆွေးနွေးပွဲသို့ AZG မှ မျက်နာဖြူ အမျိုးသမီး တစ်ဦး၊ ဒေသအတွင်းမှ အရာရှိ နှစ်ဦးနှင့် စကားပြန်တစ်ဦးတို့
 တက်ရောက်ခဲ့သည်ဟု ဆိုသည်။ ရခိုင်တိုင်းရင်းသားများဘက်မှ မြို့မကျောင်း ဆရာတော်၊ အောင်ဗလ
ကျောင်း ဆရာတော်၊ အောင်မြေဗောဓိ ဆရာတော်၊ သုံးမိုင်ဆရာတော် အပါအ၀င် မြို့ခံ လူကြီးများ တက်
ရောက်ခဲ့ကြသည်။

“ အခုလို လူမျိုး ဘာသာ ခွဲခြားပြီး လုပ်ခဲ့အတွက် ဒေသခံ တိုင်းရင်းသားတွေ အကြားမှာ နိုင်ငံခြား အန်ဂျီအို
ဆိုရင် မကြားချင်ဆုံး ဖြစ်နေတယ်။ ဒါကို သိတဲ့ အတွက် ဒေသခံ တိုင်းရင်သားတွေကို ခေါ်ယူပြီး  တွေ့ဆုံ
တာ ဖြစ်တယ်။ ခုလို လူမျိုးရေး ဘာသာရေး ခွဲခြားလုပ်ရင် နောင်မှာအကြီးအကျယ် ပြဿနာ ပေါ်နိုင်တယ်။

ဒီတစ်ကြိမ်မှာ ဆက်လုပ်မယ် ဆိုရင် နိုင်ငံတော် အစိုးရ လက်အောက်ခံ မြို့နယ်ကျန်းမာရေး ဦးစီးဌာနနဲ့သာ
ပူးပေါင်း ဆောင်ရွက်ပါလို့ ပြောဆိုလိုက်ပါတယ်” ဟု ဆရာတော်က မိန့်ကြားသည်။

မောင်တောမြို့နယ် အပါအ၀င် ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် တလျှောက်တွင် အလုပ် လုပ်ကိုင်
 နေသော နိုင်ငံခြား အန်ဂျီအို အများစုသည် လူ့အခွင့်အရေးကို အကြောင်းပြပြီး ရခိုင်ပြည်နယ် အတွင်းသို့ ၀င်ရောက်လာသော်လည်း ဒေသခံ တိုင်းရင်းသားများအပေါ် အကြီးအကျယ် ခွဲခြားဆက်ဆံမူများ ပြုလုပ်ခဲ့
သည်ဟု ဒေသခံများမှ စွပ်စွဲ ပြောကြားသည်။

သို့အတွက် များမကြာမှီလပိုင်းအတွင်း နိုင်ငံခြား အန်ဂျီအိုများကိုသာမက ယူအန်ကိုပါ ဆန္ဒပြ ကန့်ကွက်မူ
များ ရခိုင်ပြည်နယ် အနှံ့အပြားတွင် ပေါ်ပေါက်ခဲ့သည်။

Narinjara Media:

0 comments:

Post a Comment