Pages

Monday, October 15, 2012

ခရမ်းချဉ်သီးတွင် ပါဝင်သော Lycopene ဓာတ်သည်လေသင်တုန်းရောဂါဖြစ်ပွားမှုအန္တရာယ်လျော့ကျနိုင်


ခရမ်းချဉ်သီး၊ ဖရဲသီးနှင့် ပန်းငရုတ် ကဲ့သို့သော အသီးများတွင် ပါဝင်သည့် Lycopene အမည်ရှိ အနီရောင် ဓာတုပစ္စည်း တစ်မျိုးသည် လေသင်တုန်း ရောဂါ ဖြစ်ပွားမှု အန္တရာယ် ကို လျော့ ကျ စေနိုင်သည်ဟု ဖင်လန် နိုင်ငံမှ သုတေ သီများ၏ ပြောကြား ချက်အရ သိရသည်။
သုတေသီ များသည် လူပေါင်း ၁ဝ၃၁ ဦး၏ သွေးအတွင်း၌ Lycopene ပမာဏ ပါဝင်မှု အနည်း အများ အပေါ် မူတည်ကာ အုပ်စု လေးစု ခွဲ၍ လေ့လာ ခဲ့ကြသည်။ 
 
ယင်းကဲ့သို့ လေ့လာ ခဲ့ရာတွင် တွေ့ရှိရသော အဖြေများအရ သွေးအတွင်း၌ Lycopene ပမာဏ ပါဝင်မှု များသည့် အုပ်စုအတွင်း ၌ လေသင်တုန်း ရောဂါ ဖြစ်ပွားမှုနှုန်း အနည်းငယ်သာ တွေ့ရှိခဲ့ပြီး Lycope ne သွေးတွင်း   ပမာဏ ပါဝင်မှု နည်းပါးသူ အုပ်စုတွင် လေသင်တုန်း ရောဂါ ဖြစ်ပွားမှု ပိုမို များပြား ကြောင်းကို တွေ့ရှိခဲ့ကြသည်။
 
Lycopene သည် ရောင်ရမ်းမှုကို လျော့ကျ စေပြီး သွေးခဲခြင်းကို ကာကွယ် ပေးနိုင်သည့် antioxidant တစ်မျိုး အဖြစ် အသုံးပြု နိုင်ကြောင်း ဖင်လန် အရှေ့ပိုင်း တက္ကသိုလ်မှ ဒေါက်တာ ဂျွန်နီကာပီ က ပြောကြားသည်။
 
အချုပ်အားဖြင့် ဆိုရသော် အသီးအနှံနှင့် ဟင်းသီးဟင်းရွက် များများစားသုံး သူများတွင် လေသင် တုန်း ရောဂါ ဖြစ်ပွားမှု ပိုမို နည်းပါးသည်ဟု သိရသည်။   
 
 
မြ၀တီ

0 comments:

Post a Comment