Pages

Monday, October 15, 2012

အိမ်အကူများရသင့်သည့် အခွင့်အရေးများအတွက် အမျိုးသမီးကွန်ယက်မှ ပညာပေးမည်

 
အမျိုးသမီးများလူကုန်ကူးခံရခြင်းမှ ကာကွယ်နိုင်ရန်အတွက် အိမ်အကူ များရသင့်ရထိုက်သော အခွင့်ရေးများ သိရှိစေရန် အမျိုးသမီးများကွန် ယက်မှ ပညာပေးလုပ်ငန်းများအနေဖြင့် ဆောင်ရွက်လုပ်ကိုင်သွား မည်ဖြစ်ကြောင်း သိရသည်။
အမျိုးသမီးများကွန်ယက် အား ‘အောင်’ဖောင်ဒေးရှင်းမှ ဒေါ်သန်းမြင့်အောင်က ဦးဆောင်တည် ထောင်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်း ပြည်ပ လူမူရေးအသင်းအဖွဲ့ (၂၀)ကျော်ဖြင့် ဖွဲ့စည်းထားသည့် ကွန်ယက်တစ်ခုဖြစ်သည်။“ကိုယ်နိုင်ငံမှာ အလုပ်ကိုင်အခွင့်အလမ်းနည်းပါးလို့ နိုင်ငံခြားသွားရှာတာ ပြဿနာပေါင်းစုံတွေ့ရတယ်။ ပြဿနာတွေထဲ ဘ၀နစ်မွန်းသွားတဲ့ လူတွေအများကြီး၊ အဲဒါမျိုးတွေ မကြုံတွေ့ရအောင်လို့ မိမိ အနေနဲ့ ဘယ်လိုအခွင့်အရေးတွေ ရသင့်ရထိုက်တယ်ဆိုတာကိုတော့ သိဖို့လိုပါတယ်။ ပြည်တွင်းမှာပဲ လုပ်လုပ် ပြည်ပမှာပဲ အမျိုးသမီးမှာလည်း အမျိုးသမီးအခွင့်အရေးရှိတယ်ဆိုတာကို သိဖို့ ပညာပေး ဟောပြောပွဲတွေ လုပ်သွားမှာပါ”ဟု အမျိုးသမီးများကွန်ယက် ဦးဆောင်သူ ဒေါ်သန်းမြင့်အောင်က ပြောသည်။

လူကုန်ကူးခံရသူများအနေဖြင့် အခြေခံလူတန်းစားများအကြား အများဆုံးဖြစ်ပေါ်တက်ပြီး အိမ်ဖော် အဖြစ်အလုပ်လုပ်ကိုင် ရန်အများဆုံးခေါ်ယူခဲ့ရာမှ တစ်ဖြည်းဖြည်း ပြောင်းရွှေ့လုပ်ကိုင်စေပြီး ရောင်း စားခံရသည့် အနေအထား သို့ရောက်ရှိလာကြကာ လူကုန်ကူးခံရသည်အဖြစ်မျိုးသို့ ကြုံတွေ့ရမှုများ ကြောင်းကိုလည်း ၄င်းက ဆက်ပြောသည်။

“လူကုန်ကူးခံလိုက်ရတဲသူတွေက သူတို့ကိုယ်သူတို့ကိုယ် ရောင်းစားခံလိုက်ရတယ်ဆိုတာမသိကြဘူး။ သူတို့ အလုပ်ရဖို့အတွက် အိမ်ဖော်လုပ်ရမယ်ဆိုတာပဲ သိတယ်။ တစ်ဆင့်တစ်ဆင့်ရောင်းစားပြီး အိမ်ဖော်လုပ်ချင်တဲ့ သူတွေက အဆိုးဝါးဆုံး အခြေ အနေကိုရောက်မှ သိလိုက်ရတာမျိုးတွေနဲ့ ကြုံတွေ့ နေရတယ်။ အဲဒါကြောင့် မကြုံတွေရသေးတဲ့ သူတွေကို မဖြစ်အောင်ဘယ်လို အသိပညာပြန့်ဝေမူတွေ လုပ်ပေးဖို့ လိုပါတယ်”ဟု ၈၈ မျိုးဆက်ကျောင်းသူ မနီလာသိန်းက ပြောသည်။

အဆိုပါ ကွန်ယက်အနေဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများ၊ ပြည်တွင်း အိမ်အကူများ၏ ရသင့်ရတိုက်သော အခွင့်အရေးများအတွက် ပညာပေးဟောပြောပွဲများ ပြုလုပ်သွား မည် ဖြစ်သလို ပြည်တွင်းပြည်ပ၌ လူကုန်ကူးမှုမခံရစေရန် အဓိကထား အသိပညာပေးဟောပြော သွားမည်ဖြစ်ကြောင်းကိုလည်း သိရသည်။

0 comments:

Post a Comment

 
world time