Pages

Friday, October 26, 2012

သံတွဲ အာဏာပိုင်များ အစ္စလာမ် ဘာသာရေး ဆရာများ ၊ဗလီဂေါပက များနှင့် တွေ့ဆုံ အားပေး



ရခိုင်ပြည်နယ် အနှံအပြားတွင်း ဖြစ်ပွားလျက်ရှိသော ဘာသရေး ပဋိပက္ခများ သံတွဲမြို့သို့ ကူးစက်ခြင်း မရှိ
စရန် ငြိမ်းချမ်းရေး ၊တည်ငြိမ်အေးချမ်းရေး လိုလားသော ခရိုင် မြို့နယ် အာဏာပိုင် များက  အစ္စလာမ် ဘာသာရေး ပညာရှင်များ နှင့် ဂေါပက လူကြီး များနှင့် တွေ့ ဆုံခဲ့ကြောင်း သိရသည်။
အာဏာပိုင်များက မြို့ခံ အစ္စလာမ် ဘသာဝင်များ စိုးရိမ်သောက မထားကြရန်၊သံတွဲ တွင်ပဋိပက္ခ ဖြစ်ပွား
ခြင်း မရှိရန် ထိန်းသိန်း ထားပါကြောင်း အာဏာပိုင် များက ပြောကြားခဲ့ကြောင်း ၊ ယင်း အစည်းအဝေးသို့ သံတွဲ လွှတ်တော်အမတ် ဦးမြင့်လှိုင် တက်ရောက် ခဲ့ပြီး ၄င်းက  ပဋိပက္ခ များသံတွဲတွင် ဖြစ်ပွားခဲ့သည့် အစဉ်
အလာမရှိပါကြောင်း၊ ပဋိပက္ခများ သံတွဲ တွင် အဖြစ်မ ခံနိုင်ကြောင်း ပြောကြားခဲ့သည်ဟု သံတွဲ မြို့ခံ တစ်ဦး က ပြောကြား သည်။

 ခရိုင် ၊ မြို့ခံ အာဏာပိုင် များ ယင်းသို့ တွေ့ဆုံ ဆွေးနွေးခဲ့ခြင်းအပေါ် အစ္စလာမ်ဘာသာဝင်များ အထူး စိတ်အေး သက်သာရာ ရခဲ့ကြောင်း  ယင်းသံတွဲ မြို့ခံ က ပြောပါသည်။


မွတ်စလင် သတင်းစဉ်

0 comments:

Post a Comment