Pages

Saturday, October 27, 2012

ပြင်ပပညာရှင်များ ပါဝင်သည့် ပညာရေးကော်မတီ ဒီချုပ်ဖွဲ့စည်း

မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍတွင် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နိုင်ရန်အတွက် အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် ပါတီက ပြင်ပပညာရှင်များ ပါဝင်သော ပညာရေးကော်မတီကို ယခုလ ၂၄ ရက်က ဖွဲ့စည်းလိုက်
သည်ဟု ပါတီဗဟိုဌာနချုပ်က သတင်းထုတ်ပြန်သည်။
နိုင်ငံ၏ ပညာရေးကဏ္ဍသည် ပြုပြင်ပြောင်းလဲမှုများ လိုအပ်နေသည့်အ တွက် ပြင်ပမှ ပညာရှင်များ၏ ကျွမ်း
အကြံဥာဏ်ကို ပါတီနှင့် ချိတ်ဆက်ရယူနိုင်ရန် လွှတ်တော်တွင်းလုပ်ငန်းစဉ်များကို ကူ ညီထောက်ပံ့ပေးနိုင်
ရန်နှင့် ပါတီက လုပ်ဆောင်နေသော ပညာရေးကဏ္ဍများအတွက် အဆိုပါကော်မတီကို ဖွဲ့စည်းရခြင်းဖြစ်
သည်ဟု ဗဟိုအလုပ်အမှုဆောင် ဦးဟံသာမြင့်ကပြောသည်။

ယခုဖွဲ့စည်းလိုက်သည့် ပညာရေးရာကော်မတီတွင် အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ပါတီဝင်မဟုတ်သူ ပညာ
ရှင်များလည်း ပါရှိကြောင်း သိရသည်။

ပညာရေးရာကော်မတီတွင်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဦးဟံသာမြင့်နှင့် ဒေါက်တာသိန်းလွင်၊ ဒေါက်တာ
သန့်လွင်မောင်(ကိုတာ)၊ ဒေါက်တာတင်လှိုင်(ဘိုးလှိုင်)၊ ဦးမိုးဇော်ဦးတို့ ပါဝင်ကြောင်း သိရသည်။
 
7days News:

0 comments:

Post a Comment