Pages

Saturday, October 27, 2012

2012 ခုနှစ်သည် ကျောက်မဲမြို့နယ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးနိုင်မှု အများဆုံးနှစ်ဖြစ်

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် ယခုနှစ်အတွင်း မူးယစ်ဆေးဝါးနှင့်ပတ်သက်၍အကြိမ်(၂၀)ခန့် ဖမ်းဆီး အရေးယူနိုင်ခဲ့ခြင်းကြောင့် ယခုနှစ်မှာ မူးယစ်ဆေးဝါးဖမ်းဆီးနိုင်မှုအများဆုံးနှစ်ဖြစ်ကြောင်း သက်
ဆိုင် ရာ တာဝန်ရှိသူများထံက သိရသည်။

မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းချသူများ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပုံစံမျိုးစုံဖြင့် ရောင်းချမှုများပြား လာကြောင်း ဒေသခံများထံက သိရသည်။
 
ဆိုင်ကယ်လိုင်စင်ချပေးတဲ့ကာလဆိုတော့ စစ်ဆေးရေး ဂိတ်တွေကလည်း ကယ်ရီဘီးတွေကို သိပ်ပြီးမစစ်
ဆး တော့ဘူး ဆိုင်ကယ်အသစ်တွေထဲမှာ အထုပ်လိုက်ချည်လာပြီး သယ်တာမျိုးတွေက အရမ်းများတယ်'' ဟု ကျောက်မဲဒေသခံ ကယ်ရီသမားတစ်ဦးက ပြောသည်။

အမြတ်ငွေသုံးဆခန့် ရနိုင်သော မူးယစ်ဆေးသယ်ယူမှုလုပ်ငန်းမှာ အလုပ်လက်မဲ့လူငယ်များအကြားခေတ်
စား လျှက်ရှိနေပြီး ခရီးသွားအသွင်၊ဈေးသည်အသွင်ဖြင့် တစ်ဆင့်ပြန်လည်ရောင်းချမှုများနှင့်မူးယစ်ဆေးဝါး
 ဈေး ကွက်ကို ချဲ့ထွင်လျှက်ရှိကြောင်း သိရသည်။
 
တစ်ချို့က အရင်ကတည်းက ရွာတွေကိုဆင်းပြီး ဈေးရောင်းတဲ့ ဆိုင်ကယ်ဈေးသည်တွေ၊ အဲ့လို လုပ်လို့ရ
မှန်း သိတော့ ဈေးလည်းရောင်းရင်းပစ္စည်းဖြန့်ကြတာ၊ ဈေးသည်တွေဆို စစ်ဆေးရေးဂိတ်တွေက သိပ်မစစ်
တာကို အခွင့်ကောင်းယူပြီးလုပ်နေကြတာဟု ကျောက်မဲ-မိုင်းငေါ့ဆိုင်ကယ်ဈေးသည်တစ်ဦးက ပြောသည်။
 
မူးယစ်ဆေးဝါးလျှို့ဝှက်ရောင်းချမှုများပြားလာခြင်းနှင့်အတူ ကျောက်မဲမြို့နယ်ရှိ ရပ်ကွက်တိုင်းတွင်အသက် အရွယ် မရွေးမူးယစ်ဆေးဝါး သုံးစွဲသူဦးရေတိုးပွားနေပြီး သစ်တောများနှင့် မြို့စွန်နေရာများ ချုံထူထပ်သော
 နေရာများတွင် သုံးစွဲသူများကိုတွေ့ရှိနေရကြောင်း ဒေသခံများထံက သိရှိရသည်။

မြစ်မခသတင်း
 

0 comments:

Post a Comment