Pages

Saturday, October 27, 2012

ကမ္ဘာလှည့်ခရီးသွားများ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဇုန်ကြေးမပေးပဲ ၀င်ရောက်မှုများနေ


ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ၀င်ရောက်လာသော ကမ္ဘာလှည့်ခရီးသွားများအနေဖြင့် ဇုန်ဝင်ကြေး
(Zone Fees)ဒေါ်လာ (၁၀)ပေဆောင်ခြင်း မရှိပဲဝင် ရောက်မှုများရှိနေကြောင်း ဒေသခံများထံက သိရှိရ
သည်။

ပုဂံဒေသသို့ ၀င်ရောက်မည့် ဂိတ်ပေါက်(၆)ခုရှိပြီး ညောင်ဦးလေယာဉ်ကွင်းဂိတ်ဝင်ပေါက်တစ်ခုသာ စီစစ်
စွာ ကောက်ခံလျှက် ရှိကြောင်းကိုလည်း သိရသည်။ ဇုန်ဝင်ကြေးမပေးပဲ အများဆုံးဝင်ရောက်သောဂိတ်မှာ ကားလမ်း ကြောင်းမှ ၀င်ရောက်သောဂိတ်များ ဖြစ်ကြောင်း သိရှိရသည်။
 
  ပုဂံမှာဇုန်ဝင်ကြေးမပေးပဲ ၀င်ရောက်မှုတွေရှိနေပါတယ်၊ပုဂံမှမဟုတ်ပါဘူး၊ ယဉ်ကျေးမှုအမွေအနှစ် ရှိတဲ့မြို့
တွေ ၀င်ရင်ဇုန် ၀င်ကြေးပေးရပါတယ်၊ညောင်ဦးလေယာဉ်ကွင်းကတော့ ရောက်ပြီဆိုတာနဲ့မပေးလို့ကို မရ
ပါဘူး။ အဓိက ကားလမ်းကြောင်းတွေ က နေမပေးပဲ ၀င်နေတာပါ၊ ကားတွေက ညတို့မနက်စောတို့မှာ
ရောက်တော့ ဇုန်ဂိတ်မှာရပ်မပေးပဲ မောင်းသွားကြတာများတယ်ဟု ပုဂံရှေးဟောင်း ညွန်ကြားရေးမှုးဦးနိုင်
ဝင်းက ပြောသည်။
 
ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုံသို့ ဇုံဝင်ကြေးမပေးပဲ ၀င်ရောက်လာပါက ခရီးသွားများ အများဆုံးသွားရောက်
သော ပုဂံမြို့၏ရှု့ခင်းအလှနှင့်နေ၀င်ချိန်ကိုကြည့်ရှု့နိုင်ရန်အတွက်ဘုရားပေါ်သို့တက်ခွင့်ပြုသော ရွှေစံတော် 
ဘုရားနှင့် ထီးလိုမင်းလိုဘုရားများသို့ ၀င်ခွင့်မပေးကြောင်းကိုလည်း သိရှိရသည်။

ရွှေစံတော်ဘုရားနှင့် ထီးလိုမင်းလိုဘုရားများတွင်ဇုံဝင်ကြေးကောက်ခံသောဂိတ်များ ထားရှိကြောင်းကို
လည်း သိရှိရသည်။

ဒီလထဲမှာကို တရုတ်ခရီးသွားအယောက်ခြောက်ဆယ်ဇုံကြေးမပေးဘဲနှင့်ဝင်လာတာ ရွှေစံတော်ဘုရား
ရောက်တော့ လက်မှတ်ပြခိုင်းတော့ သူတို့မပြနိုင်ဘူးမပေးချင်တာနဲ့ မ၀င်ခဲ့ရဘူးဟု တရုတ် စကားပြန် မဆွေမာအေးက ပြောသည်။

 အဆိုပါ ဇုန်ကြေးကောက်ခံမှုမှာ ရှေ့တောင်အာရှနိုင်ငံများရှိ တန်ခိုးကြီးစေတီများနှင့် ၀င်ကြေးနှိုင်းယှဉ်
ပါက အလွန်းနည်းပါးလျှက်ရှိကြောင်းကိုလည်း သိရသည်။
 
ပုဂံမြို့၏ နာမည်ကြီးဟိုတယ်များဖြစ်ကြသောသီရိပစ္စယာဟိုတယ်၊သံတဲ ဟိုတယ်၊ဧဒင်ဟိုတယ် မေခလာ ဟိုတယ်များသည်ဇုံကြေးမပေးဆောင်ပဲဝင်ရောက်လာသောနိုင်ငံခြာသားများကို ဇုံကြေးပေးဆောင်ပြီးမှ တည်ခိုခွင့်ပေးကြောင်းကိုလည်း သိရှိရသည်။
 
  ဧဒင်ဟိုတယ်တို့ မေခလာဟိုတယ်တွေကတော့ ဇုံကြေးပေးခဲ့ပြီလား အရင်မေးတယ်မပေးခဲ့ ရသေးဘူးဆို
ရင် ကျွန်တော်တို့ဆီကို အကြောင်းကြားပါတယ်ဟုပုဂံရှေးဟောင်းဌာနမှတာဝန်ရှိသူတစ်ဦး က ပြောသည်။
 
ယခင်နှစ်တွင်ပုဂံဒေသသို့ကမာလှည့်ခရီးသွားဦးရေ(၁၂၀၁၉၄)ယောက်ဝင်ရောက်ခဲ့ပြီး ဇုံဝင်ငွေ (၁၂၀၁၉
၄၀) ဒေါ်လာရရှိခဲ့ပြီး ယခုနှစ်အောက်တိုဘာ(၁)ရက်မှ ဘာလ(၂၅)ရက်နေ့အထိ ခရီးသွားဦးရေ(၁၂၂၀၃)
ယာက် ၀င်ရောက်ခဲ့ပြီး ဇုံဝင်ကြေး(၁၂၁၆၉၅)ဒေါ်လာ ကောက်ခံရရှိကြောင်းကိုလည်း ပုဂံရှေးဟောင်းဌာ
နမှ တာဝန်ရှိ သူ မစန်းစန်းယဉ်က ပြောသည်။

မြစ်မခသတင်း
 
 

0 comments:

Post a Comment