Pages

Saturday, October 27, 2012

စစ်ဦးစီးချုပ်ကို ရာထူးပြန်အပ်ကြောင်း KNU ကြေညာ

နှစ်ရက်ကြာပြုလုပ်ခဲ့သည့်အထူးအရေးပေါ်အစည်းအဝေး (ဓာတ်ပုံများ- ပြည်တော်မြင့်/ဧရာဝတီ)
စစ်ဦးစီးချုပ်အပါအ၀င်ထိပ်တန်းခေါင်းဆောင်တို့ကိုမူလတာဝန်များပန်လည်ခန့်အပ်ကြောင်းကရင်အမျိုးသား
အစည်းအရုံးKNUကယနေ့ကြေညာချက်တရားဝင်ထုတ်ပြန်ခဲ့ပြီးထိုကြေညာချက်နှင့်ပတ်သက်၍ ပြောရေး
ဆိုခွင့်ရှိသူဗဟိုကော်မတီဝင်ပဒိုမန်းငြိမ်းမောင်က ယနေ့မွန်းလွဲပိုင်းသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ထိုင်း-မြန်မာနယ်စပ်တွင်ယနေ့ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲသို့ထိုင်းနှင့်မြန်မာ ဒေသခံသတင်းထောက်
များ တက်ရောက်ခဲ့ကြသည်။

၎င်းက”ကျွန်တော်တို့နှစ်ရက်တာဆွေးနွေးပြီးဒီကြေညာချက်ကိုထုတ်တာပါ။ဆွးနွေးပွဲမှာ မဲခွဲစရာတောင်မ
လိုဘဲ မူလတာဝန်တွေကို ပြန်လည်ခန့်အပ်ခဲ့တာဖြစ်တယ်” ဟု သတင်းထောက်များကိုပြောသည်။

ပြီးခဲ့သည့်၂ ရက်အတွင်း ဘားအံခရိုင်လေးဝါးတပ်စခန်းတွင် ပြုလုပ်သည့်  KNU ဗဟိုအမြဲတမ်းကော်မတီ၏ အထူးအရေးပေါ်အစည်းအဝေးတွင်ကရင်တမျိုးသားလုံးအကျိုး၊အဖွဲ့၏ဂုဏ်သိက္ခာနှင့် စည်းလုံးညီညွတ်မှု
အတွက်စစ်ဦးစီးချုပ်အပါအ၀င်ထုတ်ပယ်ခံထားရသူများကို မူလတာဝန်များ ပြန်လည် ပေးအပ်ခဲ့ခြင်းဖြစ်
သည်ဟုလည်း ပဒိုမန်းငြိမ်းမောင်က ဖြည့်စွက် ပြောကြားသည်။

အထူးအရေးပေါ်အစည်းအဝေးသို့ ထုတ်ပယ်ခံများ အပါအ၀င် ဗဟိုအမြဲတမ်းကော်မတီဝင် ၃၀ ဦးနှင့် အရံဗဟိုကော်မတီဝင် ၁၀ ဦး တက်ရောက်ခဲ့ကြသည်။

 ဖြစ်ခဲ့ပြီးသည့် အဖွဲ့တွင်းပြဿနာများကို ပြည်ဖုံးကားချ ခွင့်လွတ်ကြရန် အစည်းအဝေးတွင် သဘောတူ ခဲ့ကြခြင်းဖြစ်သည်ဟုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်KNLA၏တပ်မဟာမှူး ဗိုလ်မှူးချုပ်ကျော်
လင်းက ပြောသည်။

၎င်းက ”အားလုံးပဲ ရင်းရင်းနှီးနှီးနဲ့ ဆွေးနွေးတာအဆင်ပြေသွားပြီ ဆိုတော့ စည်းစည်းလုံးလုံးနဲ့ ရှေ့ဆက် အလုပ်ဆက်လုပ်သွားဖို့ပဲ ရှိတယ်” ဟု ဧရာဝတီသတင်းဌာနသို့ ပြောသည်။

နှစ်ရက်တာပြုလုပ်သည့်စည်းဝေးဆုံးဖြတ်ချက်တွင်KNU၏အခြေခံလမ်းစဉ်နှင့်အညီ စည်းလုံးညီညွတ်စွာဖြင့် ဆက်လက်ချီတက်သွားကြမည်ဟုတက်ရောက်လာသူများသဘောတူခဲ့ကြသည်ဟုKNU၏ ယနေ့ထုတ် ပြန်
သည့် ကြေညာချက်တွင်ဖေါ်ပြထားသည်။

ဗဟို၏ခွင့်ပြုချက်မပါဘဲ ကရင်ပြည်နယ်ဘားအံမြို့တွင် KNU ဆက်ဆံရေးရုံးသွားရောက်ဖွင့်လှစ်ခံရာတွင် ဦးဆောင်သူများဖြစ်သည့်ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၊ဗဟိုတရားရေးဌာနတာဝန်ခံပဒိုဒေးဗစ်ထောနှင့် ဗဟိုလူ
မှုဝန်ထမ်းနှင့်ကယ်ဆယ်ရေးဌာနတာဝန်ခံပဒိုရောဂျာခင်တို့ကိုအဖွဲ့၏စည်းမျဉ်းစည်းကမ်းများ အကြိမ်ကြိမ်
ဖောက်ဖျက်မှုဖြင့်KNUဗဟိုကယခုလ၂ရက်နေ့ရက်စွဲဖြင့်တာဝန်များမှရပ်စဲလိုက်သည့်အပြင်အဖွဲ့ဝင်အဖြစ်မှ
လည်း ထုတ်ပယ်ခဲ့သည်။

အဆိုပါထုတ်ပယ်မှုကို အဖွဲ့အတွင်း ထောက်ခံသူများနှင့်မထောက်ခံသူများအကြား သဘောထားတင်းမာမှု များဖြစ်ပေါ်လျက်ရှိသည့်အတွက်ယခုလ၈ရက်နေ့မှစတင်ကာကျင်းပမည့်KNUဗဟိုကော်မတီအစည်းအဝေး
 နှင့် ၁၅ ကြိမ်မြောက်ညီလာခံကိုကျင်းပနိုင်ခြင်းမရှိဘဲ ရပ်ဆိုင်းထားရခြင်းဖြစ်သည်။

အထူးအရေးပေါ်အစည်းအဝေး၏ဆုံးဖြတ်ချက်အရ၁၄ကြိမ်မြောက်KNU ညီလာခံသက်တမ်း၏ နောက်ဆုံး
ဗဟို ကော်မတီအစည်းအဝေးကို ယခုလ ၃၁ ရက်နေ့မှ နိုဝင်ဘာလ ၁၆ ရက်နေ့အထိကျင်းပမည်ဖြစ်ပြီး ၁၅ ကြိမ် မြောက်ညီလာခံကို လာမည့်နိုဝင်ဘာလ ၂၆ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်သည်။

ထုတ်ပယ်ခံရသူများအနက်ပဒိုဒေးဗစ်ထောမှာယခုလ၁၄ရက်နေ့က အဆုတ်ရောဂါဖြင့်ရန်ကုန်မြိုရှိမင်္ဂလာ
စစ်ဆေးရုံကြီးတွင်ကွယ်လွန်ခဲ့သော်လည်းတာဝန်ပြန်လည်ပေးအပ်မှုတွင်အကျုံးဝင်သည်ဟု ဗဟိုကော်မတီ
ဝင်တဦးက ပြောသည်။
နှစ်ရက်ကြာပြုလုပ်ခဲ့သည့်အထူးအရေးပေါ်အစည်းအဝေး
ယနေ့ပြုလုပ်သည့် ပဒိုမန်းငြိမ်းမောင် သတင်းစာရှင်းလင်းပွဲ

နှစ်ရက်ကြာပြုလုပ်ခဲ့သည့်အထူးအရေးပေါ်အစည်းအဝေး
ယနေ့ပြုလုပ်သည့် ပဒိုမန်းငြိမ်းမောင် သတင်းစာရှင်းလင်းပွဲ

နှစ်ရက်ကြာပြုလုပ်ခဲ့သည့်အထူးအရေးပေါ်အစည်းအဝေး

နှစ်ရက်ကြာပြုလုပ်ခဲ့သည့်အထူးအရေးပေါ်အစည်းအဝေး


ယနေ့ပြုလုပ်သည့် ပဒိုမန်းငြိမ်းမောင် သတင်းစာရှင်းလင်းပွဲ

ယနေ့ပြုလုပ်သည့် ပဒိုမန်းငြိမ်းမောင် သတင်းစာရှင်းလင်းပွဲ

နှစ်ရက်ကြာပြုလုပ်ခဲ့သည့်အထူးအရေးပေါ်အစည်းအဝေး   From -ဧရာဝတီ

0 comments:

Post a Comment