Pages

Friday, October 26, 2012

ရိုဟင်ဂျာနှင့်ကမန်ဒုက္ခသည်များ၊သေဆုံးသူများရဲ့ရုပ်အလောင်များ ပါဝင်သော စက်လှေများ ကို နစကရေတပ်မှ ဖမ်းဆီး

ကျောက်ဖြူမှ အသက်လုထွက်ပြေးလာရသော ရိုဟင်ဂျာနှင့်ကမန်ဒုက္ခသည်များ ပါဝင်သော စက်လှေများ
သည် မောင်းတောတဘက်ကမ်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးစဉ်နစကရေတပ်မှဖမ်းဆီးလိုက်
ပါသည် ။ ထိုစက်လှေများအနက် စက်လှေနှစ်စီးတွင် ရိုဟင်ဂျာနှင့်ကမန်လူမျိုးများ၏ အလောင်းပေါင်း (၈၀)
ကျာ် တင်ဆောင်လာပါသည် ။ ထို ဒုက္ခသည်များကို နစကနှင့်စစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး အ
လောင်းများအား ကောင်းမွန်စွာသဂြိုဟ်ခွင့်မပြုဘဲ ရိုင်းစိုင်းယုတ်မာစွာ ဖျောက်ဖျက်ပစ်လိုက်ပါသည် ။

ဒုက္ခသည်များရောက်ရှိလာကြောင်း သတင်းကိုကြားသော ရိုဟင်ဂျာရွာများက အစာရေစာပေးပို့ကူညီရန် သွားရောက်သော်လည်း ကူညီခွင့်မပြု၊ တွေ့ဆုံခွင့်မပြုဘဲ အမ်ဂွန်ဘာရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားပါ
သည်။

စစ်တွေမြို့တွင်လည်း ကျောက်ဖြူဘက်က အသက်လုထွက်ပြေးလာသော ဒုက္ခသည်များကို ကမ်းကပ်ခွင့်မ
ပြုဘဲ စက်လှေများနှင့်ပင်လယ်ထဲတွင်သာနေခိုင်းထားသောကြောင့်ဒုက္ခသည်များအစာရေစာငတ်မွတ်ကာ 
သေဆုံးနေရပါသည် ။

ထို့ပြင် သက်ဆိုင်ရာတာဝန်ရှိသူများက သတင်းပေါက်ကြားမှုမရှိစေရန် ရိုဟင်ဂျာများ၏ဖုန်းများကိုလည်း နေ
ရာအနှံ့လိုက်လံသိမ်းဆည်းနေပါသည် ။ ကျွန်တော် ဒီနေ့မနက်မှငွေဖြည့်ပေးလိုက်သော မိတ်ဆွေတစ်ဦး၏ ဖုန်းမှာလည်း ယခုညနေတွင် အာဏာပိုင်လက်ထဲ ရောက်ရှိနေပါသည် ။ 


Source Link: ( http://www.mmsy.org/profiles/blogs/2609488:BlogPost:1078926)

AunG NainG LiN(MMSY)

မြန်မာမွတ်စလင်ကျောင်းသားလူငယ်များ

0 comments:

Post a Comment