Pages

Friday, October 26, 2012

လွယ်ဟိန်းကုမ္ပဏီ၏ Brand Ambassador ဖြစ်သွားတဲ့ နန်းခင်ဇေယျာ

ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းတွင် နိုင်ငံပေါင်း (၆၈)နိုင်ငံမှ လှပျိုဖြူများ ဝင်ရောက် ယှဉ်ပြိုင်သည့် နိုင်ငံတကာ အလှမယ် Miss International 2012 ပြိုင်ပွဲ၌ Miss Internet   နှင့်    Miss People's Choice    ဆုနှစ်ဆု ရရှိခဲ့သူ
နန်းခင်ဇေယျာအား လွယ်ဟိန်း ကုမ္ပဏီ၏  Brand Ambassadorအဖြစ် ခန့်အပ်ခြင်း၊ သဘောတူစာချုပ် ချုပ်
ဆိုပွဲ အခမ်းအနားကို ယနေ့ (အောက်တို ဘာလ၂၆) နံနက် ၁ဝ နာရီက လွယ်ဟိန်း ကုမ္ပဏီရုံးခန်းတွင် ကျင်းပသည်။ အဆိုပါ အခမ်းအနားတွင် လွယ်ဟိန်းကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးဟန်မင်းထွန်း နှင့် မနန်းခင်ဇေယျာ တို့က Brand Ambassador အဖြစ် ခန့်အပ်ကြောင်း၊ နှစ်ဦးသဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးကြသည်။

Miss Internet ဆုနှင့် Miss People's Choice ဆုရ မနန်းခင်ဇေယျာသည် လွယ်ဟိန်း ကုမ္ပဏီမှ ထုတ်လုပ်သော Alpine ရေသန့်နှင့် Blue Mountain အချိုရည် ကြော်ငြာများတွင်လည်း ပါဝင် သရုပ်ဆောင်သွားမည်ဖြစ်သည်။

ပထမဆုံးရိုက်ကူးမှုအနေဖြင့် Blue Mountain ကြော်ငြာအား အောက်တိုဘာလ၃၁ ရက်မှ စတင်ကာ ဒါရိုက်တာ အကယ်ဒမီ စင်ရော်မောင်မောင် က မနန်းခင်ဇေယျာနှင့် စတင်ရိုက်ကူးသွားမည်ဖြစ် သည်။

Popular Myanmar News

0 comments:

Post a Comment