Pages

Friday, October 26, 2012

ရမ်းဗြဲမြို့နယ်တွင် လုံခြုံရေးတင်းကျပ်ထားသော်လည်း မီးရှို့မှုဖြစ်ပွား

http://arakantimes.net/burmese/images/Ran%20Brayburn.jpg



ရမ်းဗြဲမြို့နယ်၊ မြို့ပေါ်ရပ်ကွက်များတွင် အကြမ်းဖက်မှုများ ဖြစ်လာမည်ကို စိုးရိမ်သောကြောင့် လုံခြုံရေးများနှင့် မြို့အဝင်လမ်းများကိုပိတ်ထားပြီး ရဲများစောင့်ကြည့်ထားသော်လည်း မီးရှို့မှုဖြစ်ပွားရကြောင်း သတင်းရရှိ သည်။
ယနေ့နေလည်(၁) နာရီခန့်တွင် ရမ်းဗြဲမြို့ပေါ် ဗလီအနီးရှိ ကျောင်းဆရာမ တစ်ယောက် မွေးမြူထားသော ကြက်ခြံကိုမီးရှို့လိုက်သဖြင့်မီးလောင်မှုဖြစ်ပွားနေကြောင်း သိရှိရသည်။ယနေ့(၉)နာရီကျော်ခန့် အောင်စည်
ကုန်းရွာမှရမ်းဗြဲမြို့ပေါ်သို့ လာသော မောင်နေလင်းထွန်း၊ အသက်(၂၈)နှစ်အား လုံခြုံရေးမှ မြို့ပေါ်သို့ မ၀င်ရောက်ရန်တားဆီးရာတွင် ရိုက်နှက်မှုများအထိ ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။
 
http://arakantimes.net/burmese/images/Ran%20Brayburn.jpg 
ရမ်းဗြဲမြို့ပေါ်မှအမျိုးသားတစ်ဦးဒီနေ့(၉)နာရီကျော်လောက်မှာအာင်စည်ကုန်းရွာေ န မောင်နေလင်းထွန်း
က မြို့ကို လာပါတယ်။ သူက မြို့ပေါ်ကို မဝင်ရဘူးလို့ ပြောထားတာကို မသိဘူးထင်ပါတယ်။ အဲဒါကို ဂွမြို့နယ် ခမရ(၅၆၂)က သုံးပွင့်နဲ့ စစ်ဗိုလ်ကတားတာ အချေအတင် စကားပြောရာကနေ ရိုက်နှက်မှုတွေ ဖြစ်သွားပါတယ်။
 
 မျက်နှာမှာ ယောင်ရမ်းပြီး ရင်ညွန့်မှာလည်း စစ်ဖိနပ်နဲ့ ကန်ကျောက်လိုက်တာ ယောင်ရမ်းသွားတယ်လို့ သိရပါတယ်။ အခု ရမ်းဗြဲဆေးရုံမှာ ဆေးကုသနေပါတယ်။ အခြေအနေကတော့ စိုးရိမ်စရာ မရှိတော့ပါဘူး။ " ဟု ပြောပြသည်။
ရမ်းဗြဲမြို့ပေါ်တွင်ရခိုင် အကြမ်းဖက်မှုများ ဖြစ်လာမည်ကို စိုးရိမ်သောကြောင့် မြို့ပေါ်သို့ လာသည့် လမ်းများဖြစ်သည့် အောင်စည်ကုန်း၊ ကျောက်ဖြူ-ရမ်းဗြဲကားလမ်း ၊ ရမ်းသစ်ချေ-ရမ်းသစ်ကြီးကားလမ်းများကို ပိတ်ထားပြီး လုံခြုံရေးများ ချထားသော်လည်း ယခုကဲ့သို့ မီးရှို့မှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

Arakantimes.net

0 comments:

Post a Comment