Pages

Friday, October 26, 2012

ရခိုင်ပြည်နယ် သဲချောင်း (၂၆.၁၀.၁၂၊ နေ့လည် ၃း၄၀ နာရီ)အခြေအနေ


ရခိုင်မှာ ဒီနေ့လည်းဆက်ပြီးတော့ အခြေအနေတွေက ဆိုးဝါးနေပါတယ်။ ကျောက်ဖြူကနေ စက်လှေတွေနဲ့
ထွက်ပြေးလာတဲ့ မွတ်စလင်မ်ဒုက္ခသည်ထဲက တချို့က စစ်တွေ သဲချောင်းမှာ ရောက်ရှိနေပြီး၊ ပေါက်တောနဲ့
ကျောက်ဖြူက ကျန်တဲ့ ဒုက္ခသည် ၅၀၀၀ ကျော် ၆၀၀၀နီးပါးကို ရေတပ်ကရွာထဲကို ပေးမ၀င်တော့ပဲ မောင်း
တောအလွန် အငူမော်ကျွန်းကို ပို့မယ်လို့ဆိုကြောင်းသိရပါတယ်။

ဒုက္ခသည်အများစုက အစ္စလာမ်ကိုးကွယ်သူ ကမန်တိုင်းရင်းသားများဖြစ်ကြပါတယ်။ M-Media က နေ့ လည် ၃း၄၀မှာ ကမန် ဒုက္ခသည်တဦးနဲ့  အင်တာဗျူးခဲ့ရာ ခုလိုပြောပြပါတယ်။

“အဲဒီ စက်လှေတွေနဲ့ပဲ လွှတ်မယ်လို့ပြောတယ်။ အငူမော်ကျွန်းက စားစရာမရှိ၊ ရေမရှိတာကြောင့် ဒုက္ခသည်
တွေ အစာရေစာငတ်ပြီး သေဖို့ပဲရှိပါတယ်။

အဲဒီဒုက္ခသည်တွေရဲ့ စက်လှေတွေကို ရေတပ်ဗိုလ်မှူးဦးမောင်မောင်ဦးက သိမ်းယူထားပါတယ်။ ဒုက္ခသည်
တွေကတော့ အငူမော်ကျွန်းကို မသွားလိုပဲရွာမှာပဲနေမယ်လို့ ပြောနေကြပါတယ်။ ပေါက်တောကအမျိုးသမီး
တစ်ယောက် ဒီနေ့ပဲ သေသွားပါတယ်။ သူကတော့ စက်လှေပေါ်မှာ ၂-ရက် ၃-ရက် အစာရေစာငတ်ပြတ်ပြီး
သေသွားတာပါ။

အခုလည်း ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက် ဗိုက်နာလို့ အော်နေတယ်။ ဘယ်သူမှ ဘာမှလည်း လုပ်
မပေးနိုင်ကြဘူး။ ဒီလိုဆိုရင် ဒုက္ခသည်တွေအားလုံး ပိုပြီး ဒုက္ခရောက်ဖို့ပဲရှိတယ်။ အားလုံးလည်း စိုးရိမ်နေကြ
ပါတယ်။”

Source:(http://www.mmsy.org/profiles/blogs/2609488:BlogPost:1078926)

AunG NainG LiN(MMSY)
မြန်မာမွတ်စလင်ကျောင်းသားလူငယ်များ

0 comments:

Post a Comment