Pages

Friday, October 26, 2012

နယူးယော့ခ်မြို့ရှိ တိုက်ခန်းတစ်ခုတွင် ကလေးငယ်နှစ်ဦး ဓားထိုးခံရ၍ သေဆုံး


နယူးယော့ခ်မြို့ရှိ တိုက်ခန်းတစ်ခုတွင် ကလေးငယ်နှစ်ဦး ဓားထိုးခံရ၍ သေဆုံး

အမေရိကန် နိုင်ငံ၊ နယူးယော့ခ် မြို့တော်တွင် အမျိုးသမီး တစ်ဦးသည် နေအိမ် ပြန်လာချိန်တွင် သူမ၏ က
လေး(၂)ဦး ဓားထိုးခံထားရ၍ သေဆုံးနေသည်ကို ထိတ်လန့်ဖွယ် တွေ့မြင်ခဲ့ရကြောင်း သိရှိရသည်။ ကြာ
သပတေးနေ့က ကလေးမိခင် တစ်ဦးသည် သူမ၏ တန်ဖိုးကြီး တိုက်ခန်းအတွင်း ကလေးငယ်(၂)ဦး သေ
ဆုံးနေသလို ကလေးထိန်း ဖြစ်သူမှာ အနီးတွင် ဓားဒဏ်ရာများဖြင့် လဲကျနေကြောင်း တွေ့ရှိခဲ့သည်။ ကလေး(၂)ဦးသည် ရေချိုးကန်ထဲတွင် သွေးအလူးလူး ဖြစ်နေပြီး ကလေးထိန်းမှာ မိမိကိုယ်ကိုယ် ထိုးထားသည်ဟု ယူဆရသော ဒဏ်ရာများဖြင့် လဲနေခြင်း ဖြစ်သည်။
(အခင်းဖြစ်ပွားရာ နယူးယော့ခ်မြို့ရှိ တိုက်ခန်း)
နီးတွင်လည်း သွေးစွန်းနေသော ဓားကို တွေ့ရှိရကြောင်း ရဲများက ဆိုသည်။ ကလေးထိန်း ယိုဆီလင်း
အ်ာတေဂါကို အပြင်းအထန် ရရှိထားသော ဒဏ်ရာများကြောင့် ဆေးရုံသို့ တင်ပို့လိုက်ရသည်။ သူမကို ရဲတပ်ဖွဲ့က စောင့်ကြည့်နေပြီး ယခုကိစ္စတွင် အဓိက တရားခံအဖြစ် ယူဆထားသည်။

ကလေးနှစ်ဦးမှာ ဆေးရုံတွင် ဆရာဝန်များက စစ်ဆေးပြီးနောက် သေဆုံးသွားပြီဟု ကြေညာခဲ့သည်။ CNBC Digital Media၏ အမှုဆောင်ဖြစ်ပြီး ကလေးနှစ်ဦး၏ ဖခင်လည်းဖြစ်သော ကီဗင်ကရင်းမ်သည် ထိုအချိန်က အလုပ်ကိစ္စဖြင့် နယူးယော့ခ်တွင် မရှိချေ။

(အခင်းဖြစ်ပွားရာ နယူးယော့ခ်မြို့ရှိ တိုက်ခန်း)
၎င်းသည် လေဆိပ်တွင် စောင့်ကြိုနေသော ရဲများနှင့် တွေ့ဆုံပြီး သတင်းဆိုးကို ကြားသိခဲ့ရသည်။ ရဲတပ်ဖွဲ့
သည် ကီဗင်ကို အစောင့်အရှောက်ဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ အိမ်နီးချင်း တစ်ဦးဖြစ်သူ ရီမာစတား
က သူမသည် ညနေပိုင်းတွင် ထိုတိုက်ခန်းဘက်မှ အော်ဟစ်သံများ ကြားမိခဲ့သေးကြောင်း ဆိုသည်။

 "ပြန်စဉ်းစားကြည့်တော့ လည်ပင်းကို လှီးဖြတ်လိုက်လို့ ထွက်လာတဲ့ အော်သံမျိုးလို့ ထင်ရတယ်။ တကယ်
 ကြောက်စရာကောင်းတယ်"ဟု ရီမာက ပြောကြားခဲ့သည်။ ကလေးများ၏ မိခင်ဖြစ်သူ မာရီနာ ကရင်းမ်မှာ
 မှောင်မည်းနေသည့် တိုက်ခန်းထဲ ဝင်လာချိန်တွင် အသက်(၅၀)အရွယ်ကလေးထိန်းနှင့်အတူ အိမ်ပြင် ထွက်
နသည်ဟု ထင်မှတ်ခဲ့ကြောင်း ရဲကော်မရှင်နာ ရေမွန်ကယ်လီက ဆိုသည်။

ကလေးငယ်များမှာ (၁)နှစ်သားလေး လီယိုနှင့် အသက်(၆)နှစ် သမီးလေး လူစီယာတို့ ဖြစ်ကြသည်။ ရဲတပ်ဖွဲ့
က ကလေးများ အကြိမ်မည်မျှ ဓားထိုးခံထားရသည်ကို ပြောဆိုခြင်း မရှိချေ။ သို့သော်လည်း ကလေးထိန်းမှာ
မူ လည်မြိုတွင် ဓားထိုးရာ ရှိနေပြီး သူမအနီးတွင်မီးဖိုချောင်သုံးဓားတစ်ချောင်း ရှိနေကြောင်းနှင့် ရေချိုးကန်
ထဲတွင် ရေမရှိကြောင်း ပြောဆိုသွားသည်။

Source: Yahoo

0 comments:

Post a Comment