Pages

Friday, October 26, 2012

ကျောက်ဖြူဆူပူအကြမ်းဖက်မှုဖြစ်စဉ်အား ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်

ကျောက်ဖြူဆူပူအကြမ်းဖက်မှုဖြစ်စဉ်အား ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်

ရခိုင်ပြည်နယ်ကျောက်ဖြူမြို့နယ်တွင်ဆူပူအကြမ်းဖက်မှု၊မီးရှို့မှုများဖြစ်ပေါ်ခဲ့ေ ကြာင်း ပြန်ကြားရေးဝန်ကြီး
ဌာန က သတင်းထုတ်ပြန်သည်။ အောက်တိုဘာ ၂၃ ရက် ည ၈ နာရီခန့်မှ စတင်ပြီး ကျောက်ဖြူမြို့နယ်  ရပ်ကွက်နှစ် ခု အတွင်း လူစုလူဝေးများက နေအိမ်များအား   မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ကာလူမျိုးစုအချင်း
ချင်းပဋိပက္ခ စတင်ဖြစ်ပွားခဲ့သည်။
ထိုပဋိပက္ခဖြစ်စဉ်အား ဝိုင်းဝန်းထိန်းသိမ်းနိုင်ခဲ့သဖြင့် နောက်တစ်နေ့ (အောက်တိုဘာ ၂၄ ရက်) နံနက် ၁ နာရီခန့်တွင် လူစုကွဲသွားကြောင်း သိရသည်။ မီးရှို့မှုဖြစ်စဉ်ကြောင့် အိမ်ခြေ ၆၉ လုံး မီးလောင် ဆုံး ရှုံး ခဲ့ပြီး လူ ၂၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၂၄ ရက် နံနက် ၈ နာရီတွင် ကျောက်ဖြူမြို့နယ်ရှိ အဆိုပါရပ်ကွက်နှစ်ခုတွင် ဆူပူအကြမ်းဖက်မီးရှို့မှုများ ထပ်မံဖြစ်ပွားခဲ့ရာ ညနေ ၃ နာရီခွဲခန့်အထိ အိမ်ခြေ ၇၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး လူတစ်ဦးသေဆုံးကာ ၈ ဦး ဒဏ်ရာရရှိခဲသည်။ 
 
ထိုဖြစ်စဉ်များ ဖြစ်ပွားရာ နေရာများသို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ဒေသတွင်း တာဝန်ရှိသူများက သွားရောက်ပြီး ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေး လုပ်ငန်းများ၊ တရားဥပဒေစိုးမိုးရေး၊ ပြန်လည် တည်ငြိမ်ရေးနှင့်ပဋိပက္ခထပ်မံမဖြစ်ပွားစေရေးတို့အတွက် အရေးယူဆောင်ရွက်နေကြောင်း ပြန်ကြားရေး
ဝန်ကြီးနဌာနက သတင်း ထုတ်ပြန်သည်။

Ref: ပြန်ကြားရေးဝန်ကြီးဌာန

ပြန်ကြားရေးဝန်ကြီးဌာန၏ မူရင်းသတင်းအား ဖတ်ရှုရန်

0 comments:

Post a Comment