Pages

Friday, October 26, 2012

မီဒီယာသမားများသို့  မေတ္တာရပ်ခံခြင်း( သွေးချောင်းစီးစေမည့် အရေးအသားမျိုးကို ရေးသား ထုတ်လွှင့်ခြင်းရပ်တန့် ပါ)




၁- ယခုအချိန်တွင် ရခိုင်ပြည်ဖြစ်စဉ်နှင့် ပတ်သက်၍ ကျွန်တော်က ပြည်ေ ထာင် စုမြန်မာနိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် အား တရားဥပဒေ စိုး မိုးေ ရးကိုေ ရှးရှူပြီး ဥပဒေနှင့်အညီ တိကျစွာ အမြန်ဆုံးဆောင်ရွက်ပေး ပါရန် သမ္မတဦးသိန်းစိန်ထံသို့  အိတ်ဖွင့်ပေးစာ တစောင်ကို ပေးပို့ ခဲ့ ပါ သည် ။
ထို့အတူရခိုင်အမျိုးသမီးအစည်းအရုံးမှလည်း ငြိမ်ဝပ်ပိပြားစေရေးကိုဦးတည်ပြီး ငြိမ်းချမ်းစေရေးအတွက် မေတ္တာရပ် ခံစာ တစောင် ထုတ်ပြန်ခဲ့ ပါသည်။

၂ -  ပြည်ထောင်စုမြန်မာနိုင်ငံ သမ္မတရုံးမှလည်း ကြေညာချက်ထုတ်ပြန်ပြီးနောက်ကွယ်က ကြိုးကိုင်သူများနှင့် လှုံ့ ဆော်ဖန်တီးသူ လူများ -အဖွဲအစည်းများကို ဥပဒေအရထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်းအ သိပေးကြေညာ ချက်ထုတ်ပြန်ထားပါပြီ ။

၃- သို့ ဖြစ်ပါ၍ ရခိုင်ပြည်နယ် ဖြစ်စဉ်များနှင့် ပါတ်သက်ပြီးပဋိပက္ခများကို ဆက်လက်ဖြစ်ပွါးစေအောင် အသံများဖြင့် လွှင့်ထုတ်နေသောမြန်မာပိုင်းအသံလွှင့်ဋ္ဌာနများ ၊ ဂျာနယ်-စာစောင်- ၀ပ်ဆိုက်များမှရေး သားနေကြသော ဗုဒ္ဒဘာသာ တိုင်းရင်းသားလူမျိုးများအား လူမျိုးနှစ်မျိုးအကြား ပို၍သွေးချောင်း စီး ပြသနာများအောင် တို့ မီးရို့မီး မပြုလုပ်ကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည် ။
 အဘယ့်ကြောင့်ဆိုသော်-RFA- မှ စက်လှေနှင့်ထွက်ပြေးသူ ကျောက်ဖြူမှ မွတ်ဆလင်လူမျိုးကသူကိုယ်တိုင် မွတ်ဆလင်လူမျိုးအနှေင့် အကြိမ်ကြိမ်ပြောနေသည်ကိုသတင်းထောက်မှ အင်တာဗျူးနေသည့်တိုင် လူမျိုးရေးပဋိ ပက္ခကိုဆက်လက်ဖြစ်ပွါးစေအောင် သွေးချောင်းစီးစေမည့် အရေးအသားမျိုး ကို ရေးသား ထုတ်လွှင့်နေ သည်ကို တွေ့ မြင်နေရပါသည် ။

၎- ယခုအချိန်မှာ ပြဿာနာများကို ဆက်လက်မဖြစ်ပွါးအောင် ထိမ်းသိမ်းပြီးသွေးချောင်းစီးခြင်း ၊ နေအိမ်များ မီးရို့ ခြင်းကို မပြုလုပ်ကြပါရန်မေတ္တာရပ်ခံနေကြရာ ယခုလို အရေးအသားများ ၊ အသံလွှင့်နေခြင်းများ အား နောင်ကိုမပြုလုပ်ကြပါရန် အထူးမေတ္တာရပ်ခံ သတိပေးလိုက်ပါသည် ။
ခိုင်အောင်ကျော်
နယူးယောက်
အမေရိကပြည်ထောင်စု



မှတ်ချက် ၊ Rangonnewsdaily မှ ရခိုင်ပြည်နယ်သတင်းများတွင် ရခိုင်ဗုဒဘာသာဝင်များရဲ့ သတင်းများသာရရှိသေးပြီး၊ ဘင်္ဂလီများ ဘက်မှ သတင်းများ ရရှိခြင်းမရှိသေးပါ။
အတည်မပြုနိုင်သေးသောသတင်းများအရ ဘင်္ဂလီ ရိုဟင်ဂျာများ ဘက်မှ ၁သောင်းကျော် သေဆုံး
(သို့မဟုတ်) ပျောက်ဆုံးနေကြောင်း သတင်းရပ်ကွက်များ မှတဆင့် သိရှိရပါသည်။
အင်တာနက် သတင်းဆိုဒ်တော်တော်များများတွင် တဖက်သက် သတင်းများကို သာရေးသား နေတာ တွေ့ရပါတယ်။ Rangonnewsdaily အနေဖြင့် နှစ်ဘက်ရရှိသော သတင်းများကို အလျှင်သင့်သလိုတင်ပေးသွားပါမည်။
 
မီဒီယာများ ဘက်လိုက်ရေးသားခြင်းများ ကင်းဝေးနိုင်ကြပါစေ။

0 comments:

Post a Comment