Pages

Friday, October 26, 2012

ဗုဒ္ဓ မြတ်စွာဟောကြားခဲ့သော (၃၈) ဖြာမင်္ဂလာတရားတော်


ဗုဒ္ဓ မြတ်စွာဟောကြားခဲ့သော (၃၈) ဖြာမင်္ဂလာတရားတော်လေးဖြစ်ပါတယ်။
။ လူဆိုးလူမိုက်ကိုမမှီဝဲရ၊ မပေါင်းသင်းရခြင်း
၂။ ပညာရှိလူလိမ္မာကိုပေါင်းသင်းရခြင်း
၃။ ပူဇော်ထိုက်သူကိုပူဇော်ရခြင်း
၎။ သင့်လျှော်သောအရပ်၌နေရခြင်း
၅။ ရှေးကပြုခဲ့ဖူးသော ကောင်းမှုအထူးရှိခြင်း
၆။ မိမိ၏ ကိုယ်စိတ်နှစ်ပါးကို စောင့်ထိန်းခြင်း

၇။ လောကီလောကုတ် အကြားအမြင်များရခြင်း
၈။ စက်မှုလက်မှုအတတ်ပညာတို့ကိုတတ်ရခြင်း
၉။ လူမှုရေးကျင့်ဝတ်များသင်ကြားရခြင်း
၁၀။ အပြောအဆို ချိုသာယဉ်ကျေးခြင်း
၁၁။ မိဘနှစ်ပါးကို လုပ်ကျွေးရခြင်း
၁၂။ သားမယားတို့ကို တရားအညီလုပ်ကျွေးခြင်း
၁၃။ အနှောက်အယှက် ကင်းသောအလုပ် အကိုင်လုပ်ကိုင်ခြင်း
၁၄။ စွန့်ကြဲပေးကမ်းလှူဒါန်း ခြင်း
၁၅။ သုစရိုက်တရားကိုကျင့်ခြင်း
၁၆။ ဆွေမျိုးတို့အား ထောက်ပံကူညီရခြင်း
၁၇။ အပြစ်ကင်းသောအမှုကိုပြုရခြင်း
၁၈။ မကောင်းမှုမဖြစ်အောင်စိတ်ဖြင့်ရှောင်ရှားရခြင်း
၁၉။ မကောင်းမှုမဖြစ်အောင်ကိုယ်နှုတ်ဖြင့်ရှောင်ရှားရခြင်း
၂၀။ မူးရစ်သေစာမသောက်စားရခြင်း
၂၁။ ကုသိုလ်တရားတို့၌မမေ့လျော့ရခြင်
၂၂။ ရိုသေထိုက်သူကိုရိုသေခြင်း
၂၃။ မိမိကိုယ်ကိုနှိမ့်ချခြင်း
၂၄။ ရောင့်ရဲလွယ်ခြင်း(လောဘအပို အလိုမလိုက်ခြင်း)
၂၅။ သူတစ်ပါး၏ကျေးဇူးကိုသိတတ်ခြင်း
၂၆။ သင့်လျော်သောအခါတရားနာခြင်း
၂၇။ သည်းခံခြင်း
၂၈။ ဆုံးမရလွယ်ခြင်း
၂၉။ ရဟန်းသံဃာတို့အားဖူးမျှော်ရခြင်
၃၀။ သင့်လျော်သောအခါတရားဆွေးနွေးရခြင်း
၃၁။ ခြိုးခြံချွေတာခြင်း
၃၂။ မြတ်သောအကျင့်ကိုကျင့်ခြင်း
၃၃။ သစ္စာလေးပါးကိုသိခြင်း
၃၄။ နိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်း
၃၅။ လောကဓံတရားနှင့်တွေကြုံရသော်လည်း စိတ်တုန်လှုပ်မှုမရှိခြင်း
၃၆။ မစိုးရိမ်ရခြင်း
၃၇။ ကိလေသာ မြူကင်းခြင်း
၃၈။ ဘေးကင်းခြင်း
 ဗုဒ္ဓ မြတ်စွာဘုရားရဲ့ တရားဒေသနားများနဲ့ ဘ၀ကိုကျင့်ကြံနေနိုင်ကြပါစေဗျာ..........
ကိုလတ်(ပန်ဘဲတန်း)

0 comments:

Post a Comment