Pages

Friday, October 26, 2012

ဥပဒေစိုးမိုးရေး ထိန်းသိမ်းနိုင်စွမ်း အမြဲနောက်ကျဟု ကိုမင်းကိုနိုင် ပြော


ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပြဿနာများသည် ပုံသဏ္ဍာန် ပေါင်းစုံဖြင့် ဖြစ်လာနေပြီးနောက်ထပ် ပြ
သနာပေါင်းစုံလည်း ထပ်မံဖြစ်ပွားနိုင်၍ တရား ဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းစွာ ဖြေရှင်းရေးသည် အရေးကြီး
လိုအပ်နေသေးကြောင်း ၈၈ မျိုးဆက် ကျောင်းသားများက ပြောကြားလိုက်သည်။


ကြာသပတေးနေ့ နံနက် ၁၁ နာရီက ၎င်းတို့ရုံးချုပ်၌ ပြုလုပ်သော ရှင်းလင်းပွဲတွင် သတင်းထောက်များနှင့်
တွေ့ဆုံရာတွင် ကိုမင်းကိုနိုင် က ပြောကြားလိုက်ခြင်း ဖြစ်သည်။

“တရားဥပဒေ စိုးမိုးရေးနှင့် ပြဿနာတွေကို ထိန်းသိမ်းနိုင်စွမ်းက အမြဲ နောက်ကျနေတော့ တချို့နေရာတွေ
မှာ မဖြစ်သင့်တာတွေ ဖြစ်ခဲ့ရတယ်။ ခုဆို ရခိုင်ပြည်နယ်မှာ ဖြစ်တဲ့ ပြဿာနာက တရားဥပဒေစိုးမိုးရေး ပိုလို
အပ်နေ တယ်။ တာဝန်ရှိသူတွေရဲ့ ထိန်းသိမ်းနိုင်စွမ်းလည်း အရမ်းလိုအပ်နေတယ်ဆိုတာ ဖော်ပြနေပါ
တယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် အောက်တိုဘာလ ၂၁ ရက်နေ့မှ ပြန်လည်စတင်ကာ ထကြွလာသော ဆူပူအကြမ်းဖက်မှု
များ အပေါ်၈၈ မျိုးဆက် ကျောင်းသားများက အောက်တိုဘာလ၂၅ ရက် နေ့စွဲခြင့် မေတ္တာရပ်ခံပန်ကြားချက် တစောင် ထုတ်ပြန်ရာတွင် ရခိုင်ပြည်နယ်အရေးသည် တနိုင်ငံလုံးအရေးဖြစ်သည်ဟု ခံယူထားကြောင်း ဦး
စွာဖော်ပြပါရှိသည်။

၎င်းတို့အနေဖြင့် ပဋိပက္ခများဖြေရှင်းရာတွင် လူ့အခွင့်အရေး၊ အမျိုးသားရေး၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ရှုထောင့် များကိုအခြေခံလျက် “ရခိုင်ပြည်နယ်တွင် ယခုလတ်တလော ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများ လုံးဝရပ်ဆိုင်းသွားရေးအတွက် ရဟန်းရှင်လူ၊ မိဘပြည်သူ၊ ကျောင်းသားကျောင်းသူများနှင့်သက်ဆိုင်ရာတာ
ဝန်ရှိသူများ အားလုံး ဝိုင်းဝန်းကူညီ ထိန်းသိမ်းပေးကြပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်” ဟု ဖော်ပြပါရှိ
သည်။


ရန်ကုန် (မဇ္ဈိမ)

0 comments:

Post a Comment