Pages

Friday, October 26, 2012

ရခိုင်ပြဿနာ အခြေခံကိုဖြေရှင်းဖို့ ကင်တားနားတိုက်တွန်း

  ရခိုင်ပြည်နယ်တွင်း ရခိုင်ဗုဒ္ဓဘာသာဝင်များရဲ့ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့  ဘင်္ဂလီဒုက္ခသည်များ

မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာဝင်တွေနဲ့မူဆလင်လူအုပ်စုတွေကြားအကြမ်းဖက်မှုတွေဆက်လက်ဖြစ်ပွားနေတာနဲ့
ပတ်သက်ပြီးတော့စိုးရိမ်မိကြောင်းကုလသမဂ္ဂအထူးကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။ ဒီအကြောင်း VOA သတင်းထောက် မားဂရက်ဗားရှေး ကုလသမဂ္ဂကနေ သတင်းပေးပို့ထားတာကို မအေးသန္တာကျော်က တင်ပြပေးထားပါတယ်။
ကာလကြာရှည်ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ကိစ္စတွေ ကို ဖြေရှင်းဖို့ ကိစ္စ ဟာ မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲ
ရေးဖြစ်စဉ် မှာ အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်နေပါတယ်လို့လူ့ အခွင့်အရေးအထူးကိုယ်စားလှယ်သောမတ်
စ် အိုဟေးကင်တာနားက သတင်းထောက်တွေ ကို ပြောကြား သွားတာပါ။ရခိုင်ပြည်နယ်မှာ လူတွေ အတော်
များများသေဆုံးပြီး အိမ်ခြေတထောင်ကျော် မီးရှို့ခံခဲ့ရတာကို ကြည့်မယ်ဆိုရင် အခြေခံအကြောင်းရင်းတွေ
ကို ဖြေရှင်းဖို့ လိုအပ်နေတယ်ဆိုတာ ပြသလိုက်တာပဲဖြစ်တယ်လို့ဆိုပါတယ်။

“ဗုဒ္ဓဘာသာနဲ့ မူဆလင်တွေကြား ဖြစ်ပွားနေတဲ့ တင်းမာမှုတွေနဲ့ ပဋိပက္ခတွေအတွက် အရိုးစွဲနေတဲ့ ဘာသာ
ရေး၊ လူမျိုးရေးခွဲခြားမှုတွေ မုန်းတီးမှုတွေ အပါအဝင် အခြေခံအကြောင်းအရင်းတွေကို အစိုးရက ကိုင်တွယ်
ဖြေရှင်းရမယ်လို့ ကျနော်ယုံကြည်ပါတယ်။ ဒီနေရာမှာ ရိုဟင်ဂျာတွေကို ခွဲခြားဆက်ဆံတာကို ပြုပြင်ပြီးသူတို့
ရဲ့ လူ့အခွင့်အရေးကို လေးစားဖို့ အစိုးရကို ကျနော်တိုက်တွန်းပါတယ်။ ဒီထဲမှာ၁၉၈၂ နိုင်ငံသားဥပဒေကို ပြန်
ပြင်ဖို့ကိစ္စလည်း ပါဝင်ပါတယ်။”

နိုင်ငံသားဖြစ်ဖို့အတွက် လိုအပ်တဲ့အရည်အချင်းတွေ၊ အသေးစိတ်ပါဝင်တဲ့ အဲ့ဒီ့ဥပဒေမှာ ရိုဟင်ဂျာ မူဆလင်
တွေကို ခွဲခြားချိုးနှိမ်ထားတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဆိုနေကြတာပါ။ သူတို့ဟာ မြန်မာနိုင်ငံမှာ မျိုး
ဆက်နဲ့ချီပြီး နေထိုင်လာခဲ့ပေမယ့် နိုင်ငံသားဖြစ်ခွင့်မရရှိဘဲ၊ ဗုဒ္ဓဘာသာအများစုက သူတို့ကို ဘင်္ဂလားဒေ့ရှ်
က ဥပဒေမဲ့ ဝင်ရောက်လာသူတွေလို့ မှတ်ယူထားကြပါတယ်။

လူဦးရေ ၈သိန်းလောက်ရှိတဲ့ ရိုဟင်ဂျာတွေဟာ ခရီးသွားလာခွင့်၊ပညာရေး၊အလုပ်အကိုင်ရရှိရေးတို့မှာဟန့်
တားခံနေရတယ်လို့လည်း မစ္စတာ ကင်တာနားက ဆိုပါတယ်။ လက်ထပ်ထိမ်းမြားဖို့ကိစ္စကိုတောင်မှ ခွင့်ပြု
ချက်တောင်းခံနေရတယ်လို့ ပြောပါတယ်။ ဒါပေမယ့် အစိုးရထဲမှာ ဒီပြဿနာကို ဖြေရှင်းဆောင်ရွက်လိုသူ
တွေရှိနေတယ်လို့ အခုလိုမျိုးပြောကြားသွားပါတယ်။

“မြန်မာပြည်ကို ပြီးခဲ့တဲ့ သြဂုတ်စ်လက ကျနော်ရောက်ခဲ့ပါတယ်။ အာဏာပိုင်တချို့ဟာ ဒီကိစ္စကိုအဖြေရှာဖို့ အဆင်သင့်ဖြစ်နေတာ၊ခိုင်ပြည်နယ်ကလူ့အဖွဲ့တွေကိုအထောက်အပံ့တွေ ရောက်စေဖို့ရိုးသားစွာအားထုတ်
နေတာကို တွေ့ခဲ့ရပါတယ်။အခုအခါမှာသူတို့ဟာစစ်မှန်တဲ့အဖြေကိုရှာဖွေဖြေရှင်းဖို့ မှန်ကန်တဲ့ဆုံးဖြတ်ချက်
မချမှတ်ရသေးတာကို တွေ့နေရပါတယ်။”

အခုဒုက္ခသည်စခန်းမှာ နေနေကြရတဲ့အခြေအနေကိုလည်း မစ္စတာကင်တာနားက စိုးရိမ်မကင်းကြောင်းနဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေကို သွားရောက်ခွင့်ပေးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။




VOA

0 comments:

Post a Comment