Pages

Thursday, November 14, 2013

Living Color Media မန္တလေးရုံးခွဲ ဖောက်ထွင်းခံရမှု နှစ်လကျော် ကြာသည်အထိ တရားခံ မဖော်ထုတ်နိုင်သေး

RangonNewsDaily:: November . 14 .2013
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ၂၄x၂၅ လမ်း၊ ၆၃x၆၄ လမ်းကြား၊ မြသီတာလမ်းသွယ်ရှိ The Voice နေ့စဉ်ထုတ် သတင်းစာတိုက် (Living Color Media) တွင် စက်တင်ဘာလ ၅ ရက်နေ့တွင် ဖောက်ထွင်း ခံခဲ့ရမှုနှင့် ပတ်သက်၍ ခိုးမှုကျူးလွန်လေ့ ရှိသူ မသင်္ကာသူများကို

စုံစမ်းစစ်ဆေးလျက် ရှိပြီး နှစ်လကျော် ကြာသည်အထိ တရားခံကို မဖော်ထုတ်နိုင်သေးကြောင်း အောင်မြေသာစံမြို့နယ် အမှတ် (၁) ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးနှင့် အဆိုပါ မန္တလေးရုံး တာဝန်ခံများထံမှ သိရသည်။

“မသင်္ကာတဲ့သူတွေတော့ မတွေ့သေးဘူး။ ခိုးမှုနဲ့ ဖမ်းမိတဲ့သူ သုံးဦးကိုတော့ ဒီအမှုနှင့် ဆက်စပ်မလားဆိုပြီး စစ်ဆေးပါတယ်။ စစ်ဆေးရသလောက်တော့ ဆက်စပ်မှု မရှိဘူးလို့ သိရပါတယ်” ဟု အဆိုပါ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မန္တလေးရှိ အဆိုပါ သတင်းစာတိုက်ရှိ ငွေများကို စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၆ နာရီ အချိန်ခန့်က ခိုးယူ ဖောက်ထွင်းခံရပြီး အနီးပတ်ဝန်းရှိ CCTV ကင်မရာမှတစ်ဆင့် စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ရာ ယနေ့အချိန်ထိ ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း ၎င်းကဆိုသည်။


“အချိန်ထိတော့ စခန်းက ဘာမှမပြောဘူး။ စုံစမ်းနေတုန်းပဲ ရှိသေးတယ်။ ကျွန်တော်တို့ရုံးမှာ မသင်္ကာတဲ့ ကောင်လေးတစ်ယောက် သူအရင် အလုပ်လုပ်ဖူးတဲ့ ကုမ္ပဏီကို သွားစုံစမ်းတော့ မန်နေဂျာက ပြောတယ်။ သူကအရင်တုန်းက လက်စလက်န ရှိတယ်တဲ့။ 


အဲဒီပြောစကားကို အသံဖိုင် ဖမ်းပြီး ရဲကိုသွားပြတော့ ရဲက ဘာမှမဆိုင်သလို နေနေတယ်” ဟု မန္တလေးရုံး ဖြန့်ချိရေး တာဝန်ခံ ကိုဂျက်တူးတူးက ပြောကြားသည်။

ရုံးခန်းပိတ်ချိန် ညပိုင်းတွင် အပြင်သို့ သတင်းစာ ဖြန့်ချိရေးအတွက် နေ့စဉ် သွားရောက်လေ့ ရှိပြီး အဆိုပါ စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၆ နာရီခန့်က သတင်းစာတိုက်သို့ ဖြန့်ချိရေး ဝန်ထမ်းများ ပြန်လည် ရောက်ရှိချိန်တွင် ခြံတံခါးကို ခတ်ထားသော သော့မှာ မတွေ့ရဘဲ ပွင့်နေသည်ကို တွေ့ကြောင်း၊ ရုံးခန်းတံခါးသော့ကို ဖွင့်ပြီး အတွင်းသို့ ကြည့်ရှုရာ ကွန်ပျူတာ တင်ထားသော စားပွဲအံဆွဲတံခါး ပျက်နေကာ အတွင်းတွင် ထည့်ထားသော ငွေကျပ် ၉၆၇,၄၃၀ ကျပ် ပျောက်ဆုံး သွားခဲ့ကြောင်း ၎င်းထံမှ သိရသည်။

အဆိုပါ ဖောက်ထွင်းမှုနှင့်ပတ်သက်၍ ကိုဂျက်တူးတူးက အောင်မြေသာစံ မြို့နယ်ရှိ အမှတ် (၁) ရဲခစန်းတွင် တရားလိုပြု တိုင်တန်းခဲ့ကာ နယ်မြေရဲစခန်းက (ပ)၁၇၁/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း ၎င်းကဆိုသည်။

မန္တလေးမြို့အခြေစိုက် ထုတ်ဝေလျက် ရှိသည့် မြနန္ဒာ ဂျာနယ်တိုက် တွင်လည်း ယခုနှစ် မေလက ငွေကျပ် ၁၀ သိန်းနှင့် ကွန်ပျူတာ၊ Laptop များ ညအချိန် ဖောက်ထွင်းခံခဲ့ရပြီး ယင်းကို အမှုဖွင့်ထားသော်လည်း ယခုအချိန်ထိ မဖော်ထုတ်နိုင်သေးကြောင်း အဆိုပါ ဂျယ်နယ်မှ အယ်ဒီတာမင်းဒင်က ပြောကြားသည်။


“ခုချိန်ထိ မဖော်ထုတ်နိုင်သေးတာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ဆောင်ရွက်မှု အားနည်းနေတယ်ဆိုတာ ပြတာပါပဲ။ ဒီလို ညပိုင်းတွေမှာ ဖောက်ထွင်းမှု ဖြစ်နေတာ ရဲတွေ လှည့်ကင်းကို ပိုဆောင်ရွက်သင့်တယ်။ ပြစ်မှု ကျူးလွန်ချင်ရင်တောင် လှည့်ကင်း မြင်တာနဲ့ ကျူးလွန်မှာ မဟုတ်ဘူး” ဟု ၎င်းကဆိုသည်။

The Voice Weekly , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment