Pages

Thursday, November 14, 2013

ဘားအံ ဆွေးနွေးပွဲရလဒ်ကို ပြန်သုံးသပ်ပြီးမှသာ တိုင်းရင်းသား ဘုံသဘောတူညီချက် လက်မှတ်ထိုးမည်ဟု RCSS/SSA ဆို

Photo: ဘားအံ ဆွေးနွေးပွဲရလဒ်ကို ပြန်သုံးသပ်ပြီးမှသာ တိုင်းရင်းသား ဘုံသဘောတူညီချက် လက်မှတ်ထိုးမည်ဟု RCSS/SSA ဆို
Thursday, November 14, 2013

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် အစိုးရနှင့် လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင်များ ဒုတိယအကြိမ် တွေ့ဆုံမည့် ဘားအံ ဆွေးနွေးပွဲမှ ရလဒ်များကို ပြန်လည် သုံးသပ်ပြီးမှသာ တိုင်းရင်းသား ဘုံသဘောတူညီချက်များကို လက်မှတ်ထိုးမည် ဖြစ်ကြောင်း ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA ထုတ်ပြန် ကြေညာသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ဘုံသဘောတူညီချက် ၁၁ ချက်ကို နိုဝင်ဘာလ ပထမပတ်အတွင်း KIO ဌာနချုပ် လိုက်ဇာတွင် တိုင်းရင်းသား ၁၇ ဖွဲ့က လက်မှတ်ရေးထိုး ခဲ့သော်လည်း RCSS/SSA အဖွဲ့သည် ဗဟိုကော်မတီသို့ တင်ပြရန် လိုအပ်သောကြောင့် လက်မှတ် ရေးထိုးခြင်း မရှိခဲ့ပေ။

အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး RCSS/SSA ဒုတိယဗိုလ်မှူးကြီး စိုင်းမိဏ်းက “ဘားအံ ဆွေးနွေးပွဲ ရလဒ်ကို သုံးသပ်ပြီးမှ လက်မှတ်ထိုးမယ်ဆိုတဲ့ သဘောက အစိုးရက ဘယ်လိုထပ်ပြီး တင်ပြဆွေးနွေးမလဲ စောင့်ကြည့်ချင်လို့ပါ” ဟု ပြောကြားသည်။

လိုင်ဇာ ဘုံသဘောတူညီချက်ကို လက်မှတ်ထိုးရန်အတွက် RCSS/SSA ငြင်းဆိုရန် အချက်အလက် မရှိသော်လည်း ရှမ်းပြည် ညီညွတ်ရေး ကော်မတီ၏ သဘောထား လိုအပ်နေသောကြောင့် လက်မှတ် မထိုးခြင်း ဖြစ်ကြောင်း အဆိုပါ ကော်မတီဝင် SNLD ပါတီ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြားသည်။
“ကျွန်တော်တို့က လက်မှတ်ထိုးမယ်ဆိုရင် ကြိုဆိုကြောင်း အကြောင်းပြန်ထားတယ်။ အခြားအဖွဲ့တွေကတော့ မသိဘူး” ဟု ၎င်းကဆိုသည်။

အဆိုပါ ရှမ်းပြည် ညီညွတ်ရေး ကော်မတီကို ရှမ်းပြည်နယ်အတွင်း ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသား တန်းတူ အခွင့်အရေးအတွက် စက်တင်ဘာလအတွင်း ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စွီ RCSS/SSA၊ ရှမ်းပြည် တိုးတက်ရေးပါတီ SSPP/SSA နှင့် နိုင်ငံရေး ပါတီများ ဖြစ်သော ရှမ်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် SNLD၊ ရှမ်းတိုင်းရင်းသားများ တိုးတက်ရေးပါတီ SNDP တို့ ပါဝင် ဖွဲ့စည်းထားသည်။

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုများ ရပ်စဲရေးအတွက် နှစ်ပေါင်း ၆၀ ကျော်အတွင်း ပထမဆုံး အကြိမ်အဖြစ် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ မြစ်ကြီးနားမြို့တွင် တွေ့ဆုံဆွေးနွေး ခဲ့သော်လည်း ပိုမိုတိကျသည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန်အတွက် ဒီဇင်ဘာလအတွင်း ဒုတိယအကြိမ် ဘားအံမြို့တွင် ထပ်မံတွေ့ဆုံမည် ဖြစ်ကြောင်း အစိုးရ ထုတ်ပြန်ချက်များအရ သိရသည်။

The Voice Weekly

RangonNewsDaily:: November . 14 .2013
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် အစိုးရနှင့် လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင်များ ဒုတိယအကြိမ် တွေ့ဆုံမည့် ဘားအံ ဆွေးနွေးပွဲမှ ရလဒ်များကို ပြန်လည် သုံးသပ်ပြီးမှသာ တိုင်းရင်းသား ဘုံသဘောတူညီချက်များကို လက်မှတ်ထိုးမည် ဖြစ်ကြောင်း ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA ထုတ်ပြန် ကြေညာသည်။ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ဘုံသဘောတူညီချက် ၁၁ ချက်ကို နိုဝင်ဘာလ ပထမပတ်အတွင်း KIO ဌာနချုပ် လိုက်ဇာတွင် တိုင်းရင်းသား ၁၇ ဖွဲ့က လက်မှတ်ရေးထိုး ခဲ့သော်လည်း RCSS/SSA အဖွဲ့သည် ဗဟိုကော်မတီသို့ တင်ပြရန် လိုအပ်သောကြောင့် လက်မှတ် ရေးထိုးခြင်း မရှိခဲ့ပေ။

အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး RCSS/SSA ဒုတိယဗိုလ်မှူးကြီး စိုင်းမိဏ်းက “ဘားအံ ဆွေးနွေးပွဲ ရလဒ်ကို သုံးသပ်ပြီးမှ လက်မှတ်ထိုးမယ်ဆိုတဲ့ သဘောက အစိုးရက ဘယ်လိုထပ်ပြီး တင်ပြဆွေးနွေးမလဲ စောင့်ကြည့်ချင်လို့ပါ” ဟု ပြောကြားသည်။

လိုင်ဇာ ဘုံသဘောတူညီချက်ကို လက်မှတ်ထိုးရန်အတွက် RCSS/SSA ငြင်းဆိုရန် အချက်အလက် မရှိသော်လည်း ရှမ်းပြည် ညီညွတ်ရေး ကော်မတီ၏ သဘောထား လိုအပ်နေသောကြောင့် လက်မှတ် မထိုးခြင်း ဖြစ်ကြောင်း အဆိုပါ ကော်မတီဝင် SNLD ပါတီ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြားသည်။
“ကျွန်တော်တို့က လက်မှတ်ထိုးမယ်ဆိုရင် ကြိုဆိုကြောင်း အကြောင်းပြန်ထားတယ်။ အခြားအဖွဲ့တွေကတော့ မသိဘူး” ဟု ၎င်းကဆိုသည်။

အဆိုပါ ရှမ်းပြည် ညီညွတ်ရေး ကော်မတီကို ရှမ်းပြည်နယ်အတွင်း ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသား တန်းတူ အခွင့်အရေးအတွက် စက်တင်ဘာလအတွင်း ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စွီ RCSS/SSA၊ ရှမ်းပြည် တိုးတက်ရေးပါတီ SSPP/SSA နှင့် နိုင်ငံရေး ပါတီများ ဖြစ်သော ရှမ်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် SNLD၊ ရှမ်းတိုင်းရင်းသားများ တိုးတက်ရေးပါတီ SNDP တို့ ပါဝင် ဖွဲ့စည်းထားသည်။

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုများ ရပ်စဲရေးအတွက် နှစ်ပေါင်း ၆၀ ကျော်အတွင်း ပထမဆုံး အကြိမ်အဖြစ် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ မြစ်ကြီးနားမြို့တွင် တွေ့ဆုံဆွေးနွေး ခဲ့သော်လည်း ပိုမိုတိကျသည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန်အတွက် ဒီဇင်ဘာလအတွင်း ဒုတိယအကြိမ် ဘားအံမြို့တွင် ထပ်မံတွေ့ဆုံမည် ဖြစ်ကြောင်း အစိုးရ ထုတ်ပြန်ချက်များအရ သိရသည်။

The Voice Weekly , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment